Channel Myanmar

Zhou Jiuqin

Crazy Tsunami ( 2021 ) 5.7
Crazy Tsunami ( 2021 ) ဒီနေ့တော့ Crazy tsunami ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဒီဇာတ်ကားလေးကို အမြည်းပြောပြရမယ်ဆိုရင်.. ဆင်ခြေဖုံးရပ်ကွက်ကို ပရောဂျက်ကြီးနဲ့ မြို့ပြအဖြစ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရှိတယ်.. ဒီလူကို ဆန့်ကျင်နေတာကတော့ အဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ နေတဲ့သူတွေပေါ့...အဲ့ဒေသလေးက ပင်လယ်နဲ့နီးလို့ ပင်လယ်ပျော်မြို့အနေနဲ့ အမှတ်သင်္ကေတ မိကျောင်းတောင် ထားဦးမှာဆိုပြီး ကျန်းဖုန်းဆိုတဲ့လူကို မိကျောင်းသယ်လာခိုင်းတယ်.. သူလည်း သယ်လာတာပေါ့..ဒါပေမယ့် ၁၀ နှစ်ကျော် ခင်မင်လာတဲ့ သူငယ်ချင်း အိမ်နီးချင်းတွေက ကန့်ကွက်ကြတယ် အဲ့ကိစ္စကို... ဒီကန့်ကွက်တဲ့ထဲ အိမ်ကပျောက်သွားတဲ့ သူ့သမီးလေးလည်း ပါနေတာပေါ့.. သူတို့အငြင်းပွားနေချိန်မှာပဲ ဆူနာမီလှိုင်းလုံးကြီးက အမှတ်မထင် နှုတ်ဆက်လိုက်ပါတယ်.. တစ်ချိန်တည်းမှာပဲ ကျန်းဖုန်းသယ်လာတဲ့ မိကျောင်းကြီးလည်း လွတ်သွားတာပေါ့... မိကျောင်းကြီးနဲ့ ဆူနာမီရေကြီးနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေး ဘာဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်နော်... Filesize : 1.11 GB / 668 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Action , Drama Runtime : 1h 18 min Subtitle : Myanmar ...
movie

Crazy Tsunami ( 2021 )

Zhao ZiLong ( 2023 ) 5.9
Zhao ZiLong ( 2023 ) ဒီတစ်ခေါက်မှာတော့ အားလုံးရင်းနှီးကျွမ်းဝင်မှုရှိတဲ့ စစ်သူရဲကောင်း ကျောက်ကျစ်လုံရဲ့ဇာတ်လမ်းအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီတစ်ခါမှာတော့ ကကျောက်ကျစ်လုံရဲ့ငယ်ဘဝအကြောင်းလေးကိုရိုက်ကူးထားတာဖြစ်ပါတယ် အချင်းချင်းသတ်ဖြတ်နေကြတဲ့ ပြည်သူတွေခက်ခဲ နိုင်ငံတော်ရှုပ်ထွေးနေတဲ့အချိန်ကာလမှာ ကျောက်ကျစ်လုံနဲ့ သူ့သူငယ်ချင်းရှဟုန်လန်တို့က ဒီအရှုပ်အယှက်ထဲကို မထင်မှတ်ဘဲဝင်ပါမိခဲ့တယ်အစကအရမ်းကိုချစ်ခင်ကြတဲ့သူငယ်ချင်းနှစ်ယောက်က သူတို့နေတဲ့တစ်ရွာလုံးသတ်ဖြတ်ခြင်းကိုခံခဲ့ရပြီးတဲ့နောက်မှာ မတူညီတဲ့မလမ်းကိုရွေးချယ်ခဲ့ပါတယ် ရှဟုန်လန်ကတေ့ ရန်ငြိုးကနေ မလွတ်ရုန်းနိုင်ဘဲ လောဘစိတ်တက်ပြီးတော့ အာဏာကိုမက်ခဲ့တယ်ကျောက်ကျစ်လုံကတော့ နိုင်ငံတော်နဲ့ပြည်သူကိုကိုကယ်တင်ချင်စိတ်ပြင်းပြတဲ့အတွက် ရန်ငြိုးစိတ်ကနေလွတ်ရုန်းနိုင်ခဲ့ပြီး အကျိုးဆောင်မှုတွေအများကြီးကိုထမ်းဆောင်ခဲ့တယ် မတူညီတဲ့လမ်းကိုလျှောက်ခဲ့တဲ့ကျောက်ကျစ်လုံနဲ့ရှဟုန်လန်တို့ ဘယ်လိုထင်မြင်မှုတွေနဲ့ ဘယ်လိုတိုက်ခိုက်မှုတွေရှိမလဲ? နောက်ဆုံး ရှဟုန်လန်ကအမှန်တရားရပြီးတော့ တစ်ယောက်ကို တစ်ယောက်ခွင့်လွှတ်ပြီးတော့ နိုင်ငံအကျိုးကိုအတူတူထမ်းဆောင်နိုင်မလားဆိုတာတွေကို ကျောက်ကျစ်လုံရဲ့ရဲစွမ်းသတ္တရှိမှုတွေကိုမြင်ယောင်နိုင်မဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လို့ အားလုံးကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်~~~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Hnin Wutt Hmone Encoded by LK
movie

Zhao ZiLong ( 2023 )