Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
zhang jiankang
5.7
Mystery of Error ( 2024 )
ဒီတစ်ခါမှာလည်း နန်းတွင်းကားတွေကို ကြိုက်နှစ်သက်ဆဲပရိသတ်ကြီးအတွက် နန်းတွင်းဇာတ်ကားကောင်းလေးတစ်ကားကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ လက်ရှိတိုင်းပြည်မှာ အုပ်ချုပ်နေတဲ့မင်းကြီးဖြစ်သူ ကျိုးစူးဝမ်ကို သူ့ရဲ့ဦးရီးတော်ဖြစ်တဲ့ ကျိုးတိက ပုန်ကန်ဖို့လုပ်ခဲ့ပြီးတော့ နန်းမြို့တော်ကိုဝိုင်းကာ အတင်းအညံ့ခံခိုင်းခဲ့ပါတယ် ။ဒီလိုတွေဖြစ်မှာကိုကြိုသိခဲ့တဲ့ အရင်မင်းကြီးက သူ့သားတော်ကို ဒီလိုအခက်အခဲတွေကလွတ်အောင် အစီအစဉ်အချို့ချမှတ်ပေးခဲ့ပါတယ် ။ သူ့ရဲ့လူယုံတော်ဝမ်ယင်းကို မျက်နှာပြောင်းလဲခြင်းအတတ်နဲ့ ဝမ်းယင်းရဲ့တပည့် ဟူယန်နဲ့သားတော်ကျိုးစူးဝမ်တို့ရဲ့မျက်နှာကိုလဲလှယ်စေခဲ့ပါတယ် ။သားတာ်ကို ဦးရီးတော်ကျိုးတိဆီက လက်လံသတ်ဖြတ်မခံရအောင် ဟူယန်ရဲ့မျက်နှာနဲ့ ဆက်လက်အသက်ရှင်စေခဲ့ပါတယ် ။ ဒါပေမဲ့ ဘုရင်ဖြစ်သွားတဲ့ ဟူယန်အစစ်ကလည်း ကျူးစူးဝမ်ဆိုတဲ့ သရုပ်နဲ့အတူ ပုန်ကန်ဖို့ကြိုးစားလာချိန်မှာတော့ ကျိုးစူးဝမ်အစစ်တစ်ယောက် ဟူယန်ဆီကနေ လုပ်ကြံခံရပါတော့တယ် ။အဲဒီလုပ်ကြံမှုကြောင့် သေမလိုဖြစ်သွားတဲ့ ကျိုးစူးဝမ်ကို ဓားပြမလေး ကျန်းရှန်းကယ်တင်ကာ ရွာမှာဖမ်းထားလိုက်ပါတော့တယ် ။ ဇာတ်လမ်းထဲမှာတော့ ကျိုးစူးဝမ်အစစ်တစ်ယောက် သူ့မျက်နှာနဲ့ သူ့နာမည်ဖျက်၊ လုပ်စားနေတဲ့ ဟူယန်ကိုဘယ်လိုချေမှုန်းမလဲ ? ယူယန်မျက်နှာနဲ့သူ့ကို ဘယ်သူကယုံကြည့်ပါ့မလဲ ? ဘုရင်နေရာမှာထိုင်နေတဲ့ ကျိုးတိကိုရော ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုလိုက်ပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 26 ...
movie
Mystery of Error ( 2024 )
5.6
National Secret Agent ( 2023 )
ဒီတစ်ခါCMကနေ တင်ဆက်ပေးလိုက်တာကတော့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင်တွေလျှို့ဝှက်ဖွဲ့စည်းထားတဲ့ သူလျှိုမလေးတွေအဖွဲ့အစည်းအကြောင်းပဲဖြစ်ပါတယ်။ဒီလျှို့ဝှက်သူလျှိုမလေးတွေကို အထူးလေ့ကျင့်ပေးထားပြီး နေရာအနှံ့လွှတ်ထားပါတယ်။ အပေါ်ယံမှာတော့ ဘုရင်မင်းကြီးကိုယ်စား တိုင်းပြည်ရဲ့မတရားမှုတွေကို စောင့်ကြည့်ပေးသလိုနဲ့ တကယ်တော့ ပုန်ကန်ဖို့ကြံစည်နေတဲ့ သူတွေကိုဖော်ထုတ်ရတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ဘုရင်ရဲ့ညီတော်ဟာပုန်ကန်ဖို့ကြံစည်နေတဲ့လျှို့ဝှက်စာကို သူလျှိုမလေးလော်ပင်းရသွားပြီးနောက် ဘုရင်မင်းကြီးဆီကိုလျှောက်တင်ဖို့လက်ဆင့်ကမ်းတဲ့အချိန်မှာ သစ္စာဖောက်သူလျှိုနဲ့ကြုံတွေ့လိုက်ရပါတယ်။ သစ္စာဖောက်သူလျှိုရဲ့နှုတ်ပိတ်တဲ့ရန်ကနေသီသီလေးလွတ်ပြီး တောင်ပေါ်ကအိမ်လေးတစ်အိမ်ကိုရောက်သွားခဲ့ပါတယ်။သူ့ကိုကယ်လိုက်တဲ့သူကလဲ သူလျှိုဟောင်းတစ်ယောက်ဖြစ်နေတော့ တိုင်းပြည်အတွက်အရေးအရမ်းကြီးတဲ့ဒီလျှို့ဝှက်ကို ဘုရင်ကြီးလက်အပ်နိုင်ဖို့ ကူညီပေးပါတယ်။ အဲဒီအချိန်မှာပဲသစ္စာဖောက်တွေရောက်လာပြီး တိုက်ခိုက်ကြတော့ သူလျှိုဟောင်းကအသက်ပေးလိုက်ရပါတယ်။ သူမသေခင်မှာ သူ့သားကို လော်ပင်းကိုမြို့တော်ကိုဘေးကင်းအောင် လိုက်ပို့ပေးဖို့မှာရင်း အသက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့သူလျှိုမလေးလော်ပင်းနဲ့ တောတွင်းသားလေးတို့ရဲ့စွန့်စားခန်းစတင်ပါတော့တယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
National Secret Agent ( 2023 )
5.2
The Unexpected Man ( 2021 )
ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့... ချန်ကျန်းဟာအရမ်းတော်တဲ့သချာ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူဟာ ဘဏ်မှာစာရင်းသွင်းဖို့သွားရင်း ဘဏ်ဓားပြတိုက်မှုတစ်ခုကို ကြုံခဲ့ရပါတယ်အဲ့ဒီနောက်မှာ ရဲတွေကို လုယက်သူတွေကိုဖမ်းဖို့ မျက်မြင်သက်သေတစ်ယောက်အနေနဲ့ သူ့ရဲ့သချာ်စွမ်းရည်ကိုအသုံးချကာ ကြီးမားစွာအကူအညီပေးခဲ့ပြီး ကိန်းဂဏန်းဝိဇ္ဇာလို့ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာ အကြမ်းဖက်သမားတစ်ယောက်က ကိန်းဂဏန်းဝိဇ္ဇာချန်ကျန်းကိုရည်ရွယ်ပြီး မြို့ထဲမှာ ဗုံးတွေဆင်ကာ ပညာစမ်းပါတော့တယ်အကြမ်းဖက်သမားလက်ထဲကနေ အပြစ်မဲ့သူတွေကို ချန်ကျန်းတစ်ယောက်ရဲအရာရှိတွေနဲ့ပူးပေါင်းပြီး သူ့ပညာတွေကို ဘယ်လိုအသုံးချဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ် Quality : WEB-DL 1080pFormat: mp4Genres : Drama , Suspense , CrimeRelease Date : 27.9.21During : 1h 37 minSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie
The Unexpected Man ( 2021 )