Channel Myanmar

Yuxi Li

Tale of the Mural (2023) 6.0
Tale of the Mural (2023) Tale of the Mural (2023) =====================ဒီတရုတ်ကားကတော့ ကြည့်ကောင်းပါတယ်။ ဘုရားစူး တကယ်ကြည့်ကောင်းပါတယ်။ အဓိကကတော့ မင်းသမီးတွေလှသလို ဖမ်းစားတဲ့အခန်းတွေလည်း ပါသကိုး။ ဇာတ်ကတော့  နာမည်ကျော်  Chinese Ghost Storyလို အမျိုးအစားမျိုးပဲ။ မမြင်အပ်ဘဝတွေနဲ့ လူသားတွေ ချစ်ကြိုးသွယ်တဲ့ အကြောင်းပေါ့။ ဒါပေမဲ့ သူကနည်းနည်းလေးတော့ ဇာတ်အိမ်က ကွန့်ထားတယ်။ဇာမဏီနတ်ဘုရားမနဲ့ စာကလေးမိစ္ဆာမ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရင်း အပယ်ဘုံတံခါးကို စာကလေးမိစ္ဆာမက ဖွင့်လိုက်တဲ့နောက် ဇာမဏီနတ်ဘုရားမက သူ့ကိုယ်သူပါ နံရံဆေးရေးပန်းချီကားထဲ ချိပ်ပိတ်ခံပြီး မိစ္ဆာတွေကို တားဖို့စတေးခဲ့တယ်။  ဒီလိုနဲ့ အပြင်လောကမှာ သူ့စွမ်းအားတွေ ကိန်းဝပ်နေတဲ့ အတောင်တစ်ချောင်းကို ကျကျန်ခဲ့ပြီး သူ့ကိုယ်သူ  ပန်းချီကားထဲ ချိပ်ပိတ်မိသွားခဲ့တယ်။ ဒီလိုနဲ့ အနှစ်နှစ်ဆယ်ကျော်ကြာတဲ့အထိ ဒီပန်းချီကားထဲကနေ ဘယ်သူမှမထွက်နိုင်ခဲ့ဘူး။ဒါပေမဲ့ ဒီကာလတွေမှာ မိစ္ဆာမဟာ လူသားယောက်ျားတွေကို တစ္ဆေမတွေကိုသုံးပြီး ဖျားယောင်းပြီး အသက်ဓာတ်စုပ်ရင်း ဒီပန်းချီကားထဲကနေ ထွက်ဖို့အားဖြည့်နေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ...
movie

Tale of the Mural (2023)