Channel Myanmar

V.K. Prakash

Kaagaz 2 (2024) 7.4
Kaagaz 2 (2024) Kaagaz 2 (2024)IMDb - 7.6/102021 တုန်းက အိန္ဒိယအစိုးရနဲ့ 19 နှစ်တိတိ ယှဉ်ပြိုင်ခဲ့တဲ့ လူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Kaagaz 1ရဲ့အောင်မြင်မှုတွေအပြီးမှာတော့ Kaagaz 2 ထပ်မံထွက်ရှိလို့လာပါပြီ။ Life Struggleကိုပြသချင်တာချင်းတော့တူပေမဲ့ ဒီတစ်ခါမှာတော့ political satire မဟုတ်ဘဲ past traumaတွေနဲ့အိန္ဒိယစစ်သားလေးတစ်ယောက်ရဲ့ သူရဲကောင်းဘဝခရီးလေးပေါ့။ငယ်ငယ်ထဲက ဆရာမကဘာလုပ်ချင်လဲမေးရင် စစ်သားကြီးဖြစ်ချင်တယ်လို့ဖြေခဲ့တဲ့ အူဒေးတို့သူငယ်ချင်းနှစ်ယောက် အရွယ်ရောက်လာတော့ အိပ်မက်အတိုင်းပဲ စစ်ထဲဝင်လို့ စစ်သင်တန်းကျောင်းတက်ကြတာပေါ့။စစ်ယူနီဖောင်းကသာကြည့်ကောင်းပေမဲ့ တပ်စည်းကမ်းနဲ့ တပ်လေ့ကျင့်ရေးတွေက ပျော်စရာမဟုတ်တဲ့အတွက် အူဒေးတစ်ယောက် စိတ်ညစ်လာပါတော့တယ်။ တကယ်တော့ သူစစ်ထဲဝင်ချင်တာ မိသားစုဂုဏ်ကြောင့်တို့ အမိမြေကြီးကိုချစ်လို့တို့မဟုတ်ဘဲ Daddy Issues တွေနဲ့ကြီးပြင်းခဲ့တဲ့သူဆို‌တော့ သူသတ္တိရှိကြောင်းကိုပြချင်ခဲ့တဲ့အတွက်ပါ။ ဒီလိုနဲ့ပဲ ထွက်မယ်တကဲကဲလုပ်နေတဲ့အူဒေးကို သူငယ်ချင်းက ချစ်သူမွေးနေ့မှာ ခိုးထုတ်ပေးမယ်ဆိုပြီး ချွေးသိပ်လိုက်တာပေါ့။ချစ်သူတာနူနဲ့တွေ့ပြီးအပြန်မှာ လူတစ်စုက မိန်းကလေးကို ဣန္ဒြေပျက်အောင် စော်ကားနေတာမြင်တော့ သူရဲကောင်းဖြစ်ချင်နေတဲ့အူဒေးလည်း ထုံးစံအတိုင်း ဟီးရိုးဝင်လုပ်ပါတော့တယ်။ ဟီးရိုးဆိုရင် ချီးမြှောက်ခံရမယ်ထင်ပေမဲ့ လက်တွေ့မှာ အိန္ဒိယစစ်စည်းကမ်းနဲ့အပြစ်ပေးခံလိုက်ရတော့ ကျောင်းပြေးလေးလုပ်ချင်နေတဲ့အူဒေးတစ်ယောက် ရင်ထဲကအစိုင်အခဲတွေကြီးမားလာတဲ့အခါ....အူဒေးတစ်ယောက် ကျောင်းပြေးလေးပဲဖြစ်သွားမလား တပ်ထဲမဝင်ခင်က သူရဲဘောမကြောင်ဘဲ သူရဲကောင်းလုပ်မယ်ဆိုတဲ့ သူ့ရဲ့ကတိကိုပဲ ဖြည့်ဆည်းနိုင်သွားမလားဆိုတာ ဆက်လက်ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Kaagaz 2 (2024)

2024
Live (2023) 6.5
Live (2023) Live (2023)CM Bollywood ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.5/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၀၁၈ ရေဘေးမှာ အင်တိုက်အားတိုက်ကူညီခဲ့ပြီး သူရဲကောင်းမလေးလို့ပါခေါ်ဝေါ်ကြတဲ့ အဘက်ဘက်ကပြည့်စုံတဲ့ ဆရာဝန်မလေး အမ်မလာ..တနေကုန်လုံး အလုပ်နဲ့‌ပေါ့ပါးပေါ့ပါးပါးဖြတ်သန်းခဲ့ရင်းက ည ၁၁ နာရီဆိုတာနဲ့ သူပဲသိတဲ့ခြောက်လှန့်မှုနဲ့ ရင်ဆိုင်ရပါပြီ။ ဘာများလဲ... ရေတွက်မရတဲ့ Spam message တွေပါပဲ။ တနေကုန်ဘယ်ကရိုက်ထားမှန်းမသိတဲ့ သူ့ရဲ့မသင့်တော်ရာနေရာတွေကို မသင့်တော်တဲ့ရှုထောင့်နဲ့ရိုက်ထားတဲ့ပုံတွေ မသင့်တော်တဲ့စကားတွေနဲ့ သူ့ရဲ့ညတိုင်းဟာ ကုန်ဆုံးနေရပါတယ်။တစ်ဖက်မှာလည်း သူ့လက်ပေါ်မှာကြီးလာပြီး ဆရာဝန်ဖြစ်ဖို့ကြိုးစားနေတဲ့ကောင်မလေး ... ပြည့်တန်ဆာတိုက်ဖျက်နှိမ်နင်းရေးရေးစီမံချက်မှာ ဖမ်းဆီးရေးလုပ်နေတဲ့လူအုပ်ကြားရောပါပြီး အဖမ်းခံရရာက နောက်ကြောင်းပါအစဆွဲထုတ် လူထုအရှက်ခွဲမှုကြီးခံရပါတော့တယ်။ ဒါကိုသူငယ်ချင်းဖြစ်သူ သတင်းထောက်နဲ့ ပူးပေါင်းဖြေရှင်းရင်း မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ.... ဘာတွေဘယ်လိုရင်ဆိုင်ရမလဲ ..ပြဿနာတွေအားလုံးကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦးနော်။(အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, BpL, Voldemort,Yunni နဲ့ Thaik San တို့မှ ဘာသာပြန်တင်ဆက်ပေးတာပဲဖြစ်ပါတယ်။) File size…2.01GB / 873MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard ...
movie

Live (2023)

2023
Erida(2021) 7.4
Erida(2021)   ဇာတ်တော်ထဲက သူခိုးလင်တော်မိလို့ ချောက်ကမ်းပါးမှာသတ်ခံရတော့မလို ဖြစ်နေတုန်း ဥာဏ်ဆင်ပြီး သူ့ယောကျာ်းကို ချောက်ထဲတွန်းချလိုက်တဲ့ မိန်းမရဲ့ ပုံပြင်ကို ကြားဖူးကြလား မိန်းမတွေရဲ့ တင်္ခနုပ္ပတ္တိဉာဏ်ကို တစ်စက်မှလျှော့မတွက်သင့်ဘူးဆိုတာ ဒီဇာတ်ကားထဲက Erida က သက်သေပြပေးမှာပါ အကျဉ်းအကျပ်နဲ့ကြုံလာရင် ဘယ်လိုဉာဏ်နီဉာဏ်နက် ဉာဏ်ကလက်တွေသုံးပြီး မိန်းမတွေ​ဖြေရှင်းကြလဲဆိုတာ ကြည့်ရှုကြရမှာပါ.. ဇာတ်ကွက်သိနေရင် အရသာပျက်မှာစိုးလို့ ဆရာချစ်ဦးညိုရဲ့ စာသားနဲ့ပဲညွှန်းပါရစေ မိနိးမဆိုတာ တစ်ခါပစ်ရင်အဆိပ်လူး မြားငါးချောင်းနဲ့ပစ်နိုင်တဲ့ လေးသမားတွေပဲ အဆင်း.အသံ အနံ့ အထိအတွေ့ အရသာဆိုတဲ့ အဆိပ်လူးမြားငါးချောင်းပေါ့ ဒီဇာတ်ကားထဲမှာ အန်နူ ဆိုတဲ့ ငယ်ငယ်ချောချော မိန်းမလေးဟာ လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ အသက် 60အရွယ်အဖိုးကြီးကို အကြောင်းအမျိုးမျိုးကြောင့် အများအမြင်မှာ ယူခဲ့ရပါတဲ့အချိန်မှာ ငွေကြေးရှိရင် အရာရာပြည့်စုံမှုရှိနိုင်ပါ့မလား။ ဖြစ်လာတဲ့အခြေအနေတွေကို ပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းရင်းနဲ့ အပေါ်ကညွှန်းဆိုခဲ့တဲ့ မိန်းမမာယာ မြှားငါးချောင်းကို ဘယ်လိုအသုံးချ​​မြလဲဆိုတာ ဆက်လက်ရှု့စားကြရတာပေါ့ဗျာFile size…1.93GB / 1.18GB Quality....1080p True Web Dl DD+ / 720p  Format…Mp4 Duration….2h 4mins Subtitle….Myanmar Subtile (Hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie

Erida(2021)

2021