Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Tony Bancroft
7.7
Mulan (1998)
Mulan 1998 IMDb: 7.7/10ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီးဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သောသက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများကစစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသားတစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်…ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကိုမြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန်အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် ...
movie
Mulan (1998)
1998
5.8
Animal Crackers (2017)
Animal Crackers (2017)==================IMDb Rating - 5.8/10#Unicodeဒီတစ်ခါဇာတ်ကားလေးရဲ့နာမည်လေးကတော့ဆန်းပါတယ် Animal Crackers (တိရစ္ဆာန်ပုံမုန့်ကြွပ်လေးများ)ပါပဲ။ နာမည်လေးကဆန်းသလိုဇာတ်ကြောင်းလေးကလည်းဆန်းပါတယ်။ ညီအစ်ကိုနှစ်ယောက်ပိုင်တဲ့ဆပ်ကပ်ကိုမိန်းမချောလေးတစ်ယောက်ရောက်လာပါတယ်။ ကောင်မလေးကလောဘကြီးတဲ့အစ်ကိုကို မရွေးပဲသဘောကောင်းတဲ့ ညီလေးကိုရွေးချယ်တဲ့အခါ ညီအစ်ကိုအချင်းချင်းမသင့်မြတ်တော့ပဲအစ်ကိုဖြစ်သူဟာဆပ်ကပ်ကနေထွက်သွားပါတော့တယ်။ ညီဖြစ်သူနဲ့ မိန်းကလေးတာလီယာရဲ့မင်္ဂလာပွဲမှာတာလီယာရဲ့အဒေါ်ကလက်ဖွဲ့တစ်ခုပေးခဲ့ပါတယ်။ တိရစ္ဆာန်ပုံမုန့်လေးတွေပါတဲ့မှော်သေတ္တာလေးပါ။ အဲဒီမှော်သေတ္တာလေးအစွမ်းကြောင့်ထိုစုံတွဲရဲ့ဆပ်ကပ်က အရမ်းကျော်ကြားလာပါတယ်။ဒါပေမယ့် အကိုဖြစ်သူဟာ မကျေနပ်ချက်တွေနဲ့ ဆပ်ကပ်ထဲ ခိုးဝင်ပြီး မွှေနောက်ရာကနေ ကိစ္စပေါင်းများစွာနဲ့ ဇာတ်လမ်းလေးဟာ မရိုးနိုင်အောင် ပြီးဆုံးတဲ့အထိကို ကြည့်လို့ကောင်းနေတော့ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ပဲဖြစ်ပါတယ်။) #Zawgyiဒီတစ္ခါဇာတ္ကားေလးရဲ႕နာမည္ေလးကေတာ့ဆန္းပါတယ္ Animal Crackers (တိရစာၦန္ပုံမုန႔္ႂကြပ္ေလးမ်ား)ပါပဲ။ နာမည္ေလးကဆန္းသလိုဇာတ္ေၾကာင္းေလးကလည္းဆန္းပါတယ္။ ညီအစ္ကိုႏွစ္ေယာက္ပိုင္တဲ့ဆပ္ကပ္ကိုမိန္းမေခ်ာေလးတစ္ေယာက္ေရာက္လာပါတယ္။ ေကာင္မေလးကေလာဘႀကီးတဲ့အစ္ကိုကို မေ႐ြးပဲသေဘာေကာင္းတဲ့ ညီေလးကိုေ႐ြးခ်ယ္တဲ့အခါ ညီအစ္ကိုအခ်င္းခ်င္းမသင့္ျမတ္ေတာ့ပဲအစ္ကိုျဖစ္သူဟာဆပ္ကပ္ကေနထြက္သြားပါေတာ့တယ္။ ညီျဖစ္သူနဲ႔ မိန္းကေလးတာလီယာရဲ႕မဂၤလာပြဲမွာတာလီယာရဲ႕အေဒၚကလက္ဖြဲ႕တစ္ခုေပးခဲ့ပါတယ္။ တိရစာၦန္ပုံမုန႔္ေလးေတြပါတဲ့ေမွာ္ေသတၱာေလးပါ။ အဲဒီေမွာ္ေသတၱာေလးအစြမ္းေၾကာင့္ထိုစုံတြဲရဲ႕ဆပ္ကပ္က အရမ္းေက်ာ္ၾကားလာပါတယ္။ဒါေပမယ့္ အကိုျဖစ္သူဟာ မေက်နပ္ခ်က္ေတြနဲ႔ ဆပ္ကပ္ထဲ ခိုးဝင္ၿပီး ေမႊေနာက္ရာကေန ကိစၥေပါင္းမ်ားစြာနဲ႔ ဇာတ္လမ္းေလးဟာ မ႐ိုးႏိုင္ေအာင္ ၿပီးဆုံးတဲ့အထိကို ၾကည့္လို႔ေကာင္းေနေတာ့ပါတယ္။(ဒီဇာတ္လမ္းရဲ႕ အၫႊန္းနဲ႔ဘာသာျပန္ေရးသားေပးသူကေတာ့ ...
movie
Animal Crackers (2017)