Channel Myanmar

Thamizh

Election (2024) 6.6
Election (2024) Election (2024) =============ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ Election ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ Thamizh က ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်အနေနဲ့ Vijay Kumar အပြင် Preethi Asrani, Richa Joshi, George Maryan, Pavel Navageethan, Dileepan နဲ့ Rajeev Anand စတဲ့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။ IMDb rating အနေနဲ့ကတော့ 6.6 အထိ ရရှိထားပါတယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် နိုင်ငံရေးသမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ဆုပ်လည်း စူး စားလည်း ရူးအခြေအနေတွေကိုပါ မီးမောင်းထိုးဖော်ပြထားတာမလို့ Political thriller ကားကောင်းကောင်းလေးမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေကိုတော့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နာဒါရာဆန်ဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ နောက်တော့ သူ့အဖေဂုဏ်ယူရအောင်ဆိုပြီး ရပ်ကွက်ကောင်စီဥက္ကဌနေရာအတွက် ဝင်ပြိုင်ပါတော့တယ်။ ဒီလိုမျိုး ရွေးကောက်ပွဲတွေနဲ့အတူ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလောကထဲကို နာဒါရာဆန်တစ်ယောက် ခြေချလိုက်တဲ့အခါမှာတော့ ...
movie

Election (2024)

2024
Seththumaan (2021) 6.4
Seththumaan (2021) ဘောလိ၀ုဒ် ပရိသတ်များအတွက် မြင်ဖူးကြည့်ဖူးနေကြ ဇာတ်အိမ်လေးမဟုတ်ဘဲ တမူထူးခြားနေတဲ့ ဇာတ်အိမ်ကို ဖွဲ့စည်းတင်ဆက်ရိုက်ကူးထားတဲ့ Sethuthumaan မြန်မာလို " ဝက် " လို့ အမည်ရတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ ။အိန္ဒိယနိုင်ငံ ရွာလေးတစ်ရွာကို အခြေပြုရိုက်ကူးထားပြီး ခြင်းတောင်းလေးတွေကို ရက်လုပ်ရောင်းချပြီး ရိုးသားကြင်နာတတ်တဲ့အဘိုးအို ပူချီပါး ..... သူတို့ရွာရဲ့ ဟိန္ဒူအမျိုးဇာတ် ခွဲခြားမှုကြောင့် ဖြစ်ပွားခဲ့အဓိကရုဏ်းမှာ မိဘနှစ်ပါးလုံးဆုံးပါးပြီး လောကကြီးအလယ်မှာ တစ်ဦးတည်း အဘိုး ပူချီနဲ့ ကျန်ရစ်ခဲ့ရှာတဲ့ မြေးလေး ကူမရီဆန် .....အဘိုး ပူချီကတော့ မြေးလေးကို ကျောင်းကောင်းကောင်းမှာထား ပညာတွေသင်ပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းစေချင်ခဲ့တဲ့ အိပ်မက်အကြီးကြီးကို လွယ်ထားရတဲ့ မြေးချစ်အဘိုးပေါ့ .... အဘိုးပူချီရဲ့ မြေရှင် ဒေါသအိုး ဗယ်လရမ်က အဘိုးပူချီ့ကို ဒေသခံအစားကြူးတဲ့သူတွေ ကြိုက်ကြတဲ့အသားဖြစ်ပြီး အမျိုးဇာတ်ထိန်းသိမ်းသူတွေ ရှုံ့ချတဲ့ အသားဖြစ်တဲ့ " ဝက်သား "ကို စားချင်လို့ ဝက်ရှာခိုင်းတဲ့အခါ ပူချီတို့ မြေးအဘိုးနှစ်ယောက် အလုပ်ရှုပ်ကြပါတော့တယ်။ဒါပေမယ့်လည်း ဝက်ကိုပေါ်ပြီးချိန်မှာတော့ ဒေါသအိုးမြေရှင် ဗယ်လရမ်လိုပဲ ဝက်သားကြိုက်သူ ရွာသားတို့စုစည်းလာပါတော့တယ် .... အဲဒီထဲမှာမှ ဝက်သားလေးနဲ့ ...
movie

Seththumaan (2021)

2022