Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Terrence Malick
7.6
The Thin Red Line (1998)
The Thin Red Line (1998)IMDb Rating (7.6) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်.....ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်... ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ....ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်... ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ...
movie
The Thin Red Line (1998)
1998
4K HEVC
6.7
The New World (2005)
The New World (2005)Pocahontas နဲ့ Captain John Smith တို့ရဲ့ ဇာတ်လမ်းလေး တင်ဆက်ပေးပါရစေ။အင်္ဂလိပ်ကိုလိုနီအဖွဲ့တွေဟာ နယ်ချဲ့ရင်းနဲ့ အမေရိကတိုက်ကိုရောက်ရှိလာပါတယ်။ အမေရိကတိုက်ရဲ့ ယခုဗာဂျီးနီးယားလို့ခေါ်ဆိုတဲ့နေရာမှာ အမေရိကန်လူမျိုးစစ်စစ်တွေဖြစ်တဲ့ အင်ဒီးယန်းလူမျိုးစုတွေ နေထိုင်ပါတယ်။အင်ဒီးယန်းတွေနဲ့ အင်္ဂလိပ်နယ်ချဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာ Captain Smith အသတ်ခံရမယ့်အရေးကို အင်ဒီးယန်းလူမျိုးစုမင်းသမီး Pocahontasက ကယ်ဆယ်လိုက်ပါတယ်။ မင်းသမီး Pocahontasဟာ ဖခင်ရဲ့ အရေးအပေးခံရဆုံး သမီးတော်လည်းဖြစ် ထူးလည်းထူးခြားတာကြောင့် သမီးတော်သဘောကိုလိုက်ကာ Captain Smith ကို မသတ်ဘဲလွှတ်ထားလိုက်ပါတယ်။ဒီလိုနဲ့ Pocahontas နဲ့ Captain Smith ဟာ တွယ်ငြိသွားကြပါရော။ ရန်သူနှစ်ဖက်ကြား ပဋိပက္ခတွေနဲ့ သူတို့ချစ်သူနှစ်ယောက်ဟာ ဘယ်လိုနှစ်ပါးသွားကြမလဲ? ဘယ်လိုအလှည့်အပြောင်းတွေကြုံကြဦးမလဲ? ဆိုတာ ...ဇာတ်လမ်းသွားက အေးအေးနဲ့မို့ အစပိုင်းပျင်းဖို့ကောင်းနိုင်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ အရသာရှိရှိထိုင်ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။)File Size ...
movie
The New World (2005)
2005
5.6
Knight of Cups (2015)
Knight of Cups (2015) =================Terrence Malickကို ကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ ဘယ်လိုရုပ်ရှင်ဆိုတာရှင်းပြစရာ မလိုပေမဲ့၊ ဒီရုပ်ရှင်ဟာ Fragmentation ဆန်ဆန် ဒိုင်ယာလော့တွေကို နာရေးတစ်ပြောပြီး ဘာမှမပြနေတာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ Christian Bale , Cate Blanchett, Natalie Portman, Ben Kingsley, Antonio Banderasတို့လို တန်းမြင့် သရုပ် ဆောင်တွေကို သုံးထားပါတယ်။Terrence Malickဟာ Tree of Lifeနဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပွဲတော် ဖြစ်တဲ့ ကိန်းမှာ Palme d'Orရခဲ့သလို The Thin Redline, A hidden Life, Days oF Heaven လို မာစတာပိစ်ကားတွေလည်း ရိုက်ခဲ့ပါတယ်။Knight of Cupsမှာတော့ အခန်း၈ခန်းကို နောက်ဆုံးခန်းကလွဲ တားရော့ကတ် (၇)ခုနာမည်သုံး ပုံဖော်သွားခဲ့ပြီး baleကိုတော့ Knight of cupsအနေနဲ့ ပုံဖော် ထားပါတယ်။ ဘေးလ်တစ်ယောက် စိတ်ဓာတ်ကျပြီး ...
movie
Knight of Cups (2015)
2015
6.8
The Tree of Life (2011)
The Tree of Life (2011)=================IMDb Rating - 6.8/10#Unicodeပြောရမယ်ဆိုရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်နဲ့ကြားမှာ တံတိုင်းကြီးတစ်ခုခြားထားတယ်။အဲ့ဒီတံတိုင်းက ခရစ်ယာန်ဘာသာရေးပါပဲ။ ဒီရုပ်ရှင်ရဲ့ အဓိက Conceptက ဘာသာရေးဆိုတော့ ဒါကို ဖယ်ပြီး ခံစားဖို့အတော်ခက်တယ်။ ကောင်းလားမေးရင်လည်း ဒီရုပ်ရှင်ဟာ အတော်တန်းမြင့်တဲ့အထဲထည့်လို့ရတဲ့ အထိကောင်းတယ်။ အတော်အနုပညာဆန်တယ်။ အပေါ်မှာပြောထားတဲ့ ဘာသာရေးတွေ ဘာသာစကားတွေကို ဖယ်ကြည့်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ နှလုံးသားကိုယ်စီရှိကြတဲ့ တူညီတဲ့လူသားတွေပါပဲ။ ဒီတော့ ဒီထဲက အဓိက Conceptမဟုတ်တဲ့ မိသားစုဆက်ဆံရေးထဲက အတော်လှတဲ့ ချစ်ခြင်း ပဋိပက္ခတွေကို ပြသွားတဲ့ ပုံတွေကို အပြည့်အ၀ခံစားလို့ရတယ်။ အဓိက Conceptမဟုတ်တာနဲ့တောင် ဒီရုပ်ရှင်ဟာ အတော်လေးစွဲမက်ဖို့ကောင်းတယ်။ စကားပြောသံတွေက မသဲမကွဲတွေ စကားပြောနေရင်းတောင် တစ်ချိန်လုံးနီးပါး ကြားနေရတဲ့ဂန္တ၀င်ဂီတတွက စကားပြောသံထက်ပို စူးရှနေတယ်။ ဒါကလည်းအတော်ဆွဲဆောင်မှု ရှိတယ်ပြောရမယ်။ စကြ၀ဠာကနေ သားလောင်းအထိ လှပတဲ့ (ခရစ်ယာန်စကားနဲ့ဆို ဖန်ဆင်းမှု)တွေကို ထည့်သုံးသွားတာကလည်း သက်ဆိုင်သူတွေအတွက် တကယ်ခံစားရစေမယ့်အရာပါပဲ။Tree of Lifeဆိုတဲ့နာမည်လှလှလေးနဲ့လိုက်ဖက်အောင်ကို ဒီရုပ်ရှင်ထဲက အရာအားလုံးကလှပတယ်။Castတွေကလည်း Aတန်း၀င် Actorတွေ ဘရက်ပစ် ရှောင်ပင်းန်။ ဘာရည်ရွယ်ချက်နဲ့လဲတော့ မသိပေမယ့် အသက်ခြောက်ဆယ်ရှိပြီဖြစ်တဲ့ ရှောင်ပင်းန်ကို ငါးဆယ့်ခြောက် ဘရက်ပစ်ရဲ့ သားလုပ်ပစ်ထားတာကတော့ တစ်မျိူးပါပဲ။ ရှောင်ပင်းန်အခန်းတွေမှာတော့ ဘာမှထူးထူးခြားခြား သိပ်မရှိပေမယ့် ဘရက်ပစ်ကတော့ တကယ့်ဘ၀မှာ ကလေးတွေအများကြီးရဲ့ အဖေဖြစ်နေတာရော ဇာတ်ကောင်လိုက်ဖက်မှုကြောင့်ရော ဖခင်အစစ်တစ်ယောက်လိုခံစားရစေတယ်။ သူမဟုတ်ဘဲ တခြားလူသာဆို ဒီလောက် လှမယ်မထင်မိဘူး။ ဇာတ်လမ်းအကျဉ်းပြောဖို့ မလိုလောက်အောင် ဇာတ်လမ်းက အရမ်းရိုးရှင်းတယ်။ ဒီဇာတ်လမ်းရိုးရိုးလေးကို မပျင်းရအောင် ရိုက်ပြသွားတဲ့ ...
movie
The Tree of Life (2011)
2011
7.5
A Hidden Life (2019)
ဒါကတော့ IMDb Rating 7.6နဲ့ tomatoesမှာ 80%အထိရထားပြီးဆုတွေအောင်မြင်မှုတွေရထားတဲ့ Historical dramaကားလေးပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာ အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခုကိုပျက်စီးခဲ့ရတဲ့ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားကအေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်းချစ်စရာသမီးလေးသုံးယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ဒုတိယကမ္ဘာစစ်စတော့ ဖရန့်ကိုစစ်လေ့ကျင့်ရေးခေါ်ခဲ့ပေမယ့်ဩစတေးလျမှာယာသမားတွေလိုတာကြောင့် သူ့ကိုအိမ်ပြန်လွှတ်ခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုစစ်တိုက်ဖို့အခေါ်ခံရတဲ့အချိန်မှာတော့ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေမှန်ကန်တယ်လို့မထင်၊စစ်ပွဲကလည်းမတရားဘူးလို့ယူဆတဲ့ဖရန့်တစ်ယောက်ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးတဲ့။ဒီလိုနဲ့သူ့ကိုအကျဉ်းထောင်ထဲပို့လိုက်ပြီး စီရင်ချက်ချဖို့စောင့်ဆိုင်းနေရပါတယ်။ဒီကားမှာ ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက်ထောင်တွင်းသူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီးစိတ်ထဲမှာကျဉ်းကြပ်လာသလိုခံစားရမှာပါ။သာယာပျော်ရွှင်နေတဲ့မိသားစုလေးဆီမှာကိုယ်မှန်တယ်ထင်တဲ့အရာကိုခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့်သူ(မ)ပင်ပန်းဆင်းရဲစွာအလုပ်လုပ်ရပြီးပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့်ယောက်ျားအပေါ်ငြူစူခြင်းမရှိပဲအဆုံးထိပါရမီဖြည့်ပေးခဲ့တဲ့မိန်းမတစ်ယောက်ကိုလည်း အံ့ဩစရာမြင်ရမှာပါ။ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးရင်းA hidden lifeဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိပဲပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာမတွေးရဲအောင်ပါပဲ။ဒီလိုကားမျိုးတွေကိုလူကြိုက်များမှာမဟုတ်မှန်းသိပေမယ့်ဒရမ်မာကားကောင်းတွေကို ရင်နဲ့ခံစားကြည့်ရှုသူတွေအတွက်တော့ဇာတ်ကားကောင်းတစ်ကားဆိုတာ အသေအချာပါပဲ။ File Size : ( 2 GB ...
movie
A Hidden Life (2019)