Channel Myanmar

Sujoy Ghosh

Jaane Jaan (2023) 7.7
Jaane Jaan (2023) Jaane Jaan (2023) ==================== IMDb-6.0/10 ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါ Netflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mystery ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့ ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ် သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကို သင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော..နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့ အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီး ဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲ ဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ Alex ...
movie

Jaane Jaan (2023)

2023
4K HEVC
Lust Stories 2 (2023) 7.2
Lust Stories 2 (2023) Lust Stories 2 (2023) IMDb-6.2/10(Rating 18+ဖြစ်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါ)2018ခုနစ်ကထွက်ရှိခဲ့တဲ့ Emmyဆန်ခါတင် Lust Stories(2018)ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကို Netflix မှထုတ်လွှင့်ခဲ့ပါပြီ။ပရိတ်သတ်အသဲစွဲ မင်းသမီး‌တွေဖြစ်ကြတဲ့ တောင်ပိုင်းမင်းသမီးကြီး တမန်နားဘာတီယာနဲ့ DDLJထဲက ဟင်ဒီမင်းသမီးကြီးကားဂျိုးနဲ့ ပြစ်ချက်မရှိအောင်လှပါလေသော မရူနားလ်ထာကုရ်တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။။အရင်ကားလိုပဲ 18+အဆင့်သတ်မှတ်ထားပေမယ့် လိင်စိတ်အသားပေးထားတာမျိုးမဟုတ်ဘဲ လိင်မှုဆိုင်ရာပညာပေးသဘောအနေနဲ့ အဓိကရိုက်ကူးထားပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့လက်တွဲဖော်အမျိုးသားများမသိတဲ့အချက်တွေ သူတို့ကိုယ်တိုင်တောင် မသိတဲ့စိတ်နေစိတ်ထားတွေကို အကောင်းဆုံးပုံဖော်ရိုက်ကူးထားပါတယ်။ ဒီကားမှာလည်း ဒါရိုက်တာလေးဦးကနေမတူညီတဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ အမျိုးသမီးတွေကိုအဓိကနေရာကနေ တင်ဆက်ထားပါတယ်။အိမ်ထောင်ရေးမှာ လိင်စိတ်ကအဓိကကျတာမျိုးဟုတ်မနေပေမယ့် loveနဲ့ sexနှစ်မျိုးလုံးယှဉ်တွဲမှသာ အိမ်ထောင်ရေးတခုတည်မြဲနိုင်ကြောင်းကို ဇာတ်လမ်းတိုလေးပုဒ်နဲ့ တပုဒ်ချင်းရသတွေပေါ်လွင်အောင် အကောင်းဆုံးတင်ဆက်ထားတာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ Voldemort,Moon,Zwe,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.9GB / 736MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Voldemort~ Moon ~ Zwe ~ ThaikSan
movie

Lust Stories 2 (2023)

2023
Badla (2019) 7.9
Badla (2019) Badla (2019)__________IMDB - 7.9/10 ========================= Badla -2019 ဆိုတဲ့ ရုပ်ရှင်ကားဟာဘောလိဝုဒ်ပရိသတ်တွေကြား တော်တော်လေး လူသိများတယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။"မအိုသေး" ဆိုတဲ့ အလောင်းစည်သူမင်းကြီးရဲ့ ပြောစကားလိုအသက်ကြီးနေပြီဖြစ်ပေမဲ့ဒီနေ့ထိ မြင်တွေ့နေရတုန်း အမီတာဘချန်းနဲ့Mulk-2018 ရဲ့ မင်းသမီး Tapsee Pannu တို့ နှစ်ယောက်ကို အဓိက မြင်တွေ့ရမှာပါ။--------------------------------------------------------"ဇာတ်လမ်းအကျဉ်း"တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ဒါကို နိုင်နာက သူမသတ်ဘူးလို့ ငြင်းဆိုနေတယ်။ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။နိုင်နာရဲ့ ထွက်ဆိုချက်အရ"သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ဒါပေမဲ့...ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပို့ခဲ့ပါတယ်။ဒါဟာ ...
movie

Badla (2019)

2019
Kahaani (2012) 8.1
Kahaani (2012) Kahaani (2012)IMDb Rating (8.1)၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Kahaani ဆိုတဲ့ အိန္ဒိယဇာတ်လမ်းလေးကတော့ သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပေမဲ့ မင်းသားဟီးရိုးလုပ်လေ့ရှိတဲ့ တခြား အိန္ဒိယဇာတ်လမ်းတွေနဲ့ ကွာပါတယ်။ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က မင်းသမီးပါ၊ မင်းသမီးဇာတ်ပေါ့။ ပိုထူးခြားတာက အဲဒီအဓိကဇာတ်ကောင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါပဲ။Kahaani ဇာတ်လမ်းကို ရုံတင်ပြသချိန်က ရက် ၅၀ အတွင်းမှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်း ၀င်ငွေရရှိခဲ့ပါတယ်။ ပြီးတော့ အကောင်းဆုံးမင်းသမီးဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေအပါအ၀င် အိန္ဒိယပြည်တွင်းကပေးတဲ့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်။ဇာတ်လမ်းထဲမှာတော့ ခင်ပွန်းသည်ပျောက်ဆုံးမှုကြောင့် လန်ဒန်ကနေ အိန္ဒိယနိုင်ငံ ကောကတ်တာမြို့အထိ ရောက်လာတဲ့ မတ်မတ်ဗိုက်တစ်ယောက် ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ၊ဘယ်သူကရန်သူ ဘယ်သူက မိတ်ဆွေဖြစ်လာမလဲ၊လူပေါင်းများစွာကို သေစေခဲ့တဲ့ အဆိပ်ငွေ့တိုက်ခိုက်မှုကြီးနဲ့ ဘယ်လိုဆက်နွယ်ပတ်သက်နေသလဲဆိုတာတွေကိုစိတ်ဝင်စားဖွယ်ရာ ကြည့်ရူရမှာပါ။အဲဒီထက်စိတ်ဝင်စားစရာကောင်းတာက မတ်မတ်ဗိုက်မှာရော ဘယ်လိုလှည့်ကွက်လေးတွေရှိနေမလဲဆိုတဲ့အချက်ပါ။အဲဒါကိုသိရဖို့တော့ ကိုယ့်ဘာသာကိုယ်ပဲ ရင်တထိတ်ထိတ်ကြည့်ရှုလိုက်ပါနော်အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း ဒရမ်မာလေးနည်းနည်းပါပေမဲ့ အရမ်းကြီးဒရမ်မာချိုးတာမျိုး မရှိပါဘူး။သည်းထိတ်ရင်ဖို ...
movie

Kahaani (2012)

2012