Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stephen Chow
6.8
Journey to the West: Conquering the Demons (2013)
Journey to the West Conquering the Demons (2013)IMDb Rating (6.7) / Rotten Tomatoes (94%)ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်... မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး... သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ....လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ....ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့ ဒီရုပ်ရှင်က Rating မြင့်မားတဲ့ ...
movie
Journey to the West: Conquering the Demons (2013)
2013
7.3
The God of Cookery (1996)
The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie
The God of Cookery (1996)
1996
7.7
Kung Fu Hustle (2004)
2004 ခုနှစ်ကထွက်ရှိခဲ့တဲ့ စတီဖင်ချောင်ပါဝင်တဲ့ Kung Fu Hustle ဆိုတဲ့ ဇာတ်ကားလေးကို အသစ်တစ်ဖန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဂိုဏ်းစတားတွေ နာမည်ကြီးတဲ့ခေတ်တစ်ခုမှာ လူမိုက်ဂိုဏ်းတွေထဲက ပုဆိန်ဂိုဏ်းသားတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်လေးတစ်ယောက်ဟာ တကယ့်သိုင်းဆရာကြီးတွေ ဇာတ်မြှုပ်နေတဲ့ ရပ်ကွက်တစ်ခုမှာ ပြဿနာသွားရှာမိရာကနေ ဇာတ်လမ်းစတော့တာပါပဲ စတီဖင်ချောင်ရဲ့ ထုံးစံအတိုင်း ဟာသတွေနှောရင်း အပီအပြင်ဆော်ကြနှက်ကြတဲ့ သိုင်းကားတွေကို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ ပြန်ကြည့်တိုင်း မရိုးနိုင်တဲ့ ဇာတ်ကားတွေထဲက တစ်ခုပါပဲ ဒီဇာတ်ကားကို စတီဖင်ချောင်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားခဲ့ပြီးတော့ ဒီကားနဲ့ပတ်သက်လို့ သိပြီးသားတွေထဲက လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်တချို့ကိုတင်ပြရရင် ၁ - ဇာတ်ကားထဲက ဝက်ယာတောလို့ခေါ်တဲ့ ရပ်ကွက်ဟာ စတီဖင်ချောင် ကြီးပြင်းခဲ့တဲ့ ဟောင်ကောင်က တိုက်ခန်းအိမ်ယာတစ်ခုကို ပုံစံယူတည်ဆောက်ထားတာပါ ၂- ပုဆိန်ဂိုဏ်းခေါင်းဆောင်ကို တခြားလူမိုက်တွေနဲ့ မတူအောင်လုပ်ဖို့ စတီဖင်ချောင် စဉ်းစားခဲ့တဲ့နေရာမှာ သရုပ်ဆောင်သူဟာ အကသမားဖြစ်နေတဲ့အတွက် ဇာတ်ကားထဲမှာ ဂိုဏ်းသားတွေ ကတဲ့အခန်းတွေပါလာတာဖြစ်ပါတယ် ၃- လူသတ်သမားနှစ်ယောက်ကို ငှားတဲ့အခန်းမှာ မူလဇာတ်လမ်းအရ ရေအောက်ငမန်းသိုင်းကွက်တွေ လုပ်ဖို့ ရှိခဲ့ပေမယ့် CGI သမားတွေ မတတ်နိုင်တာကြောင့် စောင်းနဲ့ပဲ တိုက်ခိုက်တာကို ပြောင်းလဲခဲ့တာပါ ၄- ...
movie
Kung Fu Hustle (2004)
6.5
CJ 7 (2008)
Cj7 (2008) 🤖 Imdb_6.5အထိရရှိထားပြီး ချောင် ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ၊သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးကားတစ်ကားပဲဖြစ်ပါတယ်။ 2008 ခုနှစ် Janauary 31 ရက်နေ့ မှာ ဟောင်ကောင်၌ ထွက်ရှိခဲ့ပြီး စိတ်ကူးယဉ်ဆန်တဲ့ ပညာပေး၊ရသပေး ဇာတ်ကားလေးပါ။ဇာတ်ညွှန်းရေးသူက ချောင် အပါအဝင် ၆ ယောက်နီးပါးရှိပါတယ်။ အမေရိကန် အခြေစိုက် Columbia Pictures မှ ထုတ်လုပ်ဖြန့်ဝေခဲ့ ပြီး ဇာတ်ကားဘက်ဂျက် USD $20 မီလံယံ ခန့် ကုန်ကျသော်လည်း Box Office မှာ USD $47 မီလံယံ (၂ဆကျော်) နီးပါး ပြန်ရခဲ့ပါတယ်။ ××××××××× Plot,, Single Father ဖြစ်တဲ့ Chow ဟာ တစ်ဦးတည်းသော သူ့ရဲ့သားလေး (ရှောင် တီ) ကို ပညာ တတ် ဖြစ်စေချင်လို့ သူဌေးသားတွေတက်တဲ့ International Private School မှာ ထားပါတယ်။ ချောင် ရဲ့ ...
movie
CJ 7 (2008)
2008
7.3
Shaolin Soccer (2001)
Shaolin Soccer (2001)IMDB Rating(7.3) / Rotten Tomatoes (90%)++++++++++++++++++++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ...ဟာသကားတွေပေါပါတယ်...ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်...စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ...စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး...လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး...လွဲတော့လဲ ပျော်ပျော်ကြီး...ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား...ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ချစ်ကြ မုန်းကြ လွမ်းကြ ဆွေးကြ တိုက်ကြ ခိုက်ကြ။ဒါပေမယ့် ပြန်တွေးကြည့်တော့လဲ ...
movie
Shaolin Soccer (2001)
6.2
The Mermaid ( 2016 )
ကျွန်တော်အကြိုက်ဆုံး တရုတ်မင်းသားကြီး စတီဖင်ချောင်ဒါရိုက်တာအဖြစ်ရိုက်ကူးဖန်တီးထားတဲ့ဇာတ်ကားပါ။ထူးခြားတာက ဒီဇာတ်ကားကို Rotten Tomatoes မှာ (100%) Rate ပေးထားတာပါ။IMDb မှာတော့ Rating (6.2/10) ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့ ရည်ရွယ်ချက်လေးကကောင်းမွန်ပါတယ်။” ဒီကမ္ဘာမှာ သန့်စင်တဲ့ရေ နဲ့လေကောင်းလေသန့်တွေရှားပါးလာပြီဒါကြောင့် မင်းဘယ်လောက်ပိုက်ဆံရှာနိုင်ပါစေ အဓိပ္ပါယ်မဲ့နေဦးမှာပဲ “လို့ဆိုထားပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သတ်တဲ့ Message တွေပေးထားပါတယ်။ပင်လယ်ရေအောက်က ရေသူမလေးတစ်ယောက်ပင်လယ်အော်ကို သဘာဝအတိုင်းဆက်လက်ထိန်းသိမ်းချင်တဲ့စိတ်နဲ့အဲ့နေရာကိုဝယ်ယူခဲ့တဲ့လူသားတစ်ဦးကို တားဆီးဖို့ကြိုးစားခဲ့တဲ့အခါကနေစပြီး ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာရပါတယ်စတီဖင်ချောင်ဟာ သူရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေလိုပဲ ဒီဇာတ်ကားကိုလဲ ဟာသလေးတွေစွတ်ပြီးပေါ့ပေါ့ပါးပါးတင်ဆက်ထားပါတယ်….အဓိကအချက်ဖြစ်တဲ့ဇာတ်လမ်းရဲ့ကြီးကျယ်တဲ့အနှစ်သာရကိုတဆင့်ချင်းစီဟာသလေးတွေစွတ်ပြီးခေါင်းထဲရောက်လာအောင်ဖန်တီးထားပါတယ်။ကုန်ကျစရိတ် US$60.72 million ပဲရှိခဲ့ပေမယ့် ဝင်ငွေ US$553.8millionပြန်လည်ရရှိခဲ့တဲ့အထိအောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ။ Translated By Su Yadanar OoEncoded By LK
movie
The Mermaid ( 2016 )
2016
6.3
The New King of Comedy ( 2019 )
ဒီဇာတ်ကားလေးကတော့ မင်းသားကြီး စတီဗင်ချောင်က ထုတ်လုပ်သူနဲ့ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး IMDb 6.3 ရထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးမှာ..သရုပ်ဆောင်အရမ်းဝါသနာပါပြီးအောင်မြင်တဲ့မင်းသမီးလေးဖြစ်ချင်တဲ့ကောင်မလေး ရှုမုံ့တစ်ယောက်ဟာနှစ်တွေအကြာကြီးတိုင်အောင် ကြုံရာသရုပ်ဆောင်အဖြစ်လုပ်ခဲ့ရတာတောင်အောင်မြင်ဖို့ထားပါဦး..ငြင်းပယ်ခြင်းနဲ့အထင်သေးခြင်းတွေကိုသူ့မှာဆက်တိုက်ခံစားခဲ့ရတယ်..ဒါပေမယ့်သူမက ဘယ်တော့မှလက်လျော့ဖို့မကြိုးစားပဲ အမြဲတစေ တက်ကြွနေခဲ့တယ်..ဒီလိုနဲ့တရက်မှာရူမုံ့ဟာနာမည်ကျမင်းသား Marco နဲ့ရိုက်ကွင်းတခုမှာတွေ့ဆုံခဲ့ရာကနေသူတို့၂ဦးရဲ့ကံကြမ္မာဘယ်လိုပြောင်းလဲသွားမလဲ..အနုပညာလမ်းကြောင်းရဲ့ခက်ခဲပုံတွေ..လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလို အနှစ်အရသာရှိရှိနဲ့ခံစားကြည့်ရှုရမှာဖြစ်ပါတယ်...မင်းသားကြီးစတီဗင်ချောင်ရဲ့လက်ရာဆိုတဲ့အတိုင်း..ရသမြောက်တယ်လို့ခံစားမိပါတယ်Comedy လေးတွေလည်းပါတော့ ပိုပြီးပေါ့ပေါ့ပါးပါးလည်းဖြစ်ပါတယ်ဆက်လက်ခံစားကြည့်ရှုပါ Quality : WEB-DL 720pSubtitle : Myanmar Sub ( Hardcoded )Translated & Review By Phyo ZawEncoded By PHOENIX
movie
The New King of Comedy ( 2019 )
2019
7.1
Forbidden City Cop (1996)
IMDb Rating (7.1) ထိ ရရှိထားတဲ့ စတီဖင်ချောင် ဟာသဇာတ်ကားပါ။ဇာတ်ကြောင်းကတော့..လင်လင်ဖတ်ဟာ ဘုရင့်ကိုယ်ရံတော်ဂိုဏ်းက တီထွင်ပါရဂူဖြစ်ပေမယ့်ထိပ်တန်းသိုင်းပညာရှင်တွေကြားထဲမှာ သူ့ကို ဂေါက်သီးတစ်ယောက်လို့ပဲထင်ခံရသူပါ။ဂေါက်သီးတို့ထုံးစံအတိုင်း ဘုရင့်ရှေ့မယ် တလွဲတွေလုပ်ပြမိတာကြောင့်ဘုရင်ရဲ့ အမျက်တော်ရှပြီး နေပြည်တော်ကနေ မောင်းထုတ်ခံရပါတယ်။လင်လင်ဖတ်ဟာ ပေါ့သေးသေးဂေါက်သီးမဟုတ်တဲ့ တီထွင်ပါရဂူတစ်ယောက်ဖြစ်နေပေမယ့်ဘုရင်တို့ထုံးစံအတိုင်း ပညာရှိကို အထင်မကြီးတာကြောင့် မင်းနေပြည်တော်ကနေ လစ်သွားပြီး OG ဆရာဝန်သွားလုပ်နေပါတယ်။အခါတစ်ပါးမှာတော့ ဂန်နိုင်ငံက မျက်နှာမရှိ/မျက်နှာများ သိုင်းပညာအုပ်စုက ရှင်ဘုရင်ကို လုပ်ကြံဖို့ ကြံစည်ပါတယ်။ဒါကို ဘုရင့်ကပ်ပါးလျက်ဖားတွေက လူမိုက်တို့ထုံးစံအတိုင်း မဆင်မခြင် မြှောက်ထိုးပင့်ကော်လုပ်တာကိုရှင်ဘုရင်ဟာလဲ ဘုရင်တို့ထုံးစံအတိုင်း လူမိုက်စကားနားယောင်ပြီး ဂန်နိုင်ငံကလှည့်ကွက်ထဲ တန်းတန်းကြီးဝင်သွားပါတော့တယ်။ဒါကို လင်လင်ဖတ်တစ်ယောက် သူ့ရဲ့ တီထွင်ဥာဏ်စွမ်းတွေနဲ့ ဂေါက်သီးတို့ထုံးစံအတိုင်း သွားကယ်မလားဆိုတာကတော့....။ File Size…(900MB) and (290MB)Quality…BluRay 720p Format…mp4 Duration…01:31:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Pyae Xeinn Sett
movie
Forbidden City Cop (1996)
1996