Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Stanley Tong
6.2
The Myth (2005)
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။File ...
movie
The Myth (2005)
2005
5.2
Kung Fu Yoga (2017)
ဒီတစ်ခါတော့ ဟာသအက်ရှင်မင်းသားကြီး ဂျက်ကီချန်းရယ် တရုတ်နဲ့အိန္ဒိယကသရုပ်ဆောင်တွေများစွာရယ် ပူးပေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ဂျက်ကီချန်းက တရုတ်နိုင်ငံရဲ့ အရမ်းတော်တဲ့ ရှေးဟောင်းရုပ်ကြွင်းပညာရှင်တစ်ဦးပါ။ တစ်နေ့မှာတော့ သူနဲ့ သူ့တပည့်တွေဆီကို အိန္ဒိယက ပါမောက္ခတစ်ဦးရောက်လာခဲ့ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က ပျောက်ဆုံးသွားတဲ့ ရတနာတွေရဲ့ သဲလွန်စကိုတွေ့ရပြီဆိုပြီး ဂျက်ကီချန်းဆီကိုအကူအညီလာတောင်းတာပါ။အဲဒီကနေ ဂျက်ကီချန်းတို့ကလဲ ကူညီဖို့လိုက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မသိခဲ့တာက ထိုရတနာတွေကိုလိုက်ရှာနေတာက သူတို့တင်မဟုတ်ပဲ နောက်တစ်ဖွဲ့ရှိနေခဲ့တယ်ဆိုတာပါပဲ။ အဲဒီမှာ ထိုအဖွဲ့နဲ့ ဘယ်လိုတွေဆုံပြီး ပြဿနာတွေဖြစ်ကြမလဲဆိုတာကို စွန့်စားခန်းတွေ ဟာသတွေ အက်ရှင်တွေရောနှောထားပြီး ဇာတ်ကားနာမည်အတိုင်း ကွန်ဖူးနဲ့ ယောဂကိုလဲ အသားပေးပြီးရိုက်ကူးထားပါတယ်။ဒီဇာတ်ကားက 2017ကထွက်ခဲ့တာဆိုပေမဲ့ ကြည့်ပြီးသားသူတွေရှိသလို မကြည့်ရသေးတဲ့သူတွေလဲရှိတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ရပါတယ်။ File size…(2.4 GB)/(1.7 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre... Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie
Kung Fu Yoga (2017)
2017
6.7
Rumble in the Bronx (1995)
၁၉၉၅ ခုနစ်မှာရိုက်ကူးခဲ့တဲ့ မင်းသားကြီး Jackie Chan ရဲ့ဇာတ်လမ်းအဟောင်းလေးပါ ထုံးစံအတိုင်းပဲ ဟာသ အက်ရှင် စတန့်ပေါင်းများစွာနဲ့Jackie Chan ပရိတ်သတ်တွေအကြိုက်တွေ့ကြမှာကျိန်းသေပါတယ် ဒေါ်လာ ၇သန်းခွဲအကုန်အကျခံရိုက်ကူးခဲ့ပြီး သန်း ၃၂၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ နာမည်ကျော်ဇာတ်ကားကောင်းတခုလဲဖြစ်ပါတယ်ဟောင်ကောင်ကကွန်ဖူးချန်ပီယံကောင်လေးတယောက်ဟာအမေရိကန် နယူးယောက်မှာအခြေချနေတဲ့ဦးလေးဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုအလည်လာရင်း နယူးယောက် ရဲ့ ဘရွန့်စ်ရပ်ကွက်ထဲက လမ်းသူရဲများနဲ့ပြသနာဖြစ်မိရာကနေ ပိုကြီးတဲ့ ပြဿနာတောထဲရောက်သွားရာက သူဘယ်လို ရင်ဆိုင်မလဲဆိုတာ ကို စတန့်တွေ အထိုးအကြိတ် အက်ရှင်တွေ နဲ့ သွက်သွက်လက်လက် ရှုစားရမှာဖြစ်ပါတယ် File size…(1.65 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ye Wai Lynn Htut
movie
Rumble in the Bronx (1995)
1995
6.6
Police Story 4: First Strike
ဒီကားလေးမှာတော့ ဂျက်ကီချန်းတစ်ယောက်ဟာ စီအိုင်အေနဲ့အလုပ်တွဲလုပ်ရပြီး နျူးကလီးယား လက်နက်မှောင်ခိုရောင်းချမှုနဲ့ ပါဝင်ပတ်သက်နေနိုင်တဲ့ အမျိုးသမီးဖြစ်တဲ့ နာတာရှာကို ဟောင်ကောင်ကနေ ယူကရိန်းကိုသွားတဲ့ခရီးစဉ်မှာ လိုက်ပါစောင့်ကြည့်ဖို့ ရိုးရှင်းတဲ့တာဝန်ပေးလိုက်ပါတယ်။ယူကရိန်းရောက်ပြီး ဂျက်ကီရဲ့တာဝန်ပြီးသွားပေမယ့် ယူကရိန်းစစ်တပ်က နာတာရှာကိုဖမ်းသွားရာကနေ ဂျက်ကီတစ်ယောက် သူမကို လိုက်ကယ်ရင်းနဲ့ နာတာရှာဟာ အမည်မသိ အာရှအမေရိကန်အမျိုးသားတစ်ယောက်နဲ့ အလုပ်တွဲလုပ်နေကြောင်း သိလိုက်ရပါတယ်။ဒီလိုနဲ့ ဂျက်ကီတစ်ယောက် စီအိုင်အေ ရှရုားတို့ပါဝင်ပတ်သက်နေတဲ့အမှုကို မဆီမဆိုင်ရောပါသွားရာကနေ အမည်မသိအာရှအမေရိကန်က ဘယ်သူလဲ နျူးကလီးယားလက်နက်ကို မသမာသူလက်ထဲမရောက်အောင်၊ နိုင်ငံရေးလှည့်ကွက်ကြားက မသမာသူက ဘယ်သူလဲဆိုတာ သိအောင်ဖော်ထုတ်ဖို့ အမှုကို ကြိုးစားဖြေရှင်းမယ့် အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ လက်မနှေးဘဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(2.9 GB)/(1.25 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie
Police Story 4: First Strike
1996
6.9
Police Story 3: Super Cop (1992)
Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။ဒီဇာတ်ကားမှာတော့.... တရုတ်ပြည်မကြီးက လူဆိုးဂိုဏ်းကို ဖြိုခွင်းဖို့ ဟောင်ကောင်ရဲတွေက ထိုးထည့်လိုက်လို့ ဂျက်ကီချန်းတစ်ယောက် အူကြောင်ကြောင်နဲ့ တရုတ်ပြည်ရောက်လာရာက စပါတယ်။ မင်းသမီးကတော့ မီရှဲယိုပါ။ ရှေ့ကဇာတ်ကားတွေနဲ့ချိတ်ဆက်ထားတာကြောင့်လဲ တချို့နေရာတွေမှာ အတော်လေးရယ်ရပါတယ်။ File size…(1.96 GB)/(1.15 GB GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield
movie
Police Story 3: Super Cop (1992)
1992
4.5
Vanguard (2020)
Vanguard (2020)=============မင်းသားကြီးဂျက်ကီချန်းရဲ့ နောက်ဆုံးထွက် ရုပ်ရှင်လာပါပြီ။ အရင်တုန်းကလိုပဲ အက်ရှင်ဟာသအမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ကျင်းကော်လီဆိုတဲ့ သူဌေးကြီးတစ်ယောက်ဟာအိုမာဆိုတဲ့ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ရဲ့ အဖေကို သစ္စာဖောက်မိလို့ အိုမာရဲ့ ကြေးစားတွေကလိုက်ဖမ်းတာကို ခံနေရပါတယ်။ ဂျက်ကီချန်းကတော့ ကြေးစားသက်တော်စောင့် အဖွဲ့ရဲ့ စီအီးအိုဖြစ်နေပြီး ကျင်းကော်လီနဲ့ သူ့သမီးကို ကာကွယ်ဖို့ သူ့တပည့်တွေနဲ့အတူ အိုမာရဲ့ အဖွဲ့တွေကို ရင်ဆိုင်ရတာပဲ ဖြစ်ပါတယ်။ အရင်ရိုက်နေကျကားတွေလိုပဲ အာဖရိက ဒူဘိုင်း လန်ဒန် စသည်ဖြင့်နေရာစုံမှာ စွန့်စားခန်းတွေ ဖွင့်ကြတာကိုပဲ ကြည့်ရမှာပါ။ ဂျက်ကီချန်း ဖန်တွေ ကြည့်နိုင်ပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) File size…(2.4 GB) and (1.3 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by LittleNeo
movie
Vanguard (2020)
2020
HEVC 1080p 5.1