Channel Myanmar

Qin Pengfei

Treasure Hunting : The Palace of the North Hell (2024) 5.9
Treasure Hunting : The Palace of the North Hell (2024) ဒဏ္ဍာရီမှာ ခွင်းငှက်တစ်ကောင်က သေဆုံးခဲ့ပြီး အရိုးကျန်နေခဲ့တယ်တဲ့။ ထန်လူမျိုးတွေက အဲဒီသေသွားတဲ့နေရာကို နေရာကောင်းအဖြစ် သတ်မှတ်ခဲ့ပြီး နဂါးကြောအဖြစ် သင်္ချိုင်းတစ်ခု ဆောက်ခဲ့ပြီး ပေမင်ခွင်းနန်းဆောင်လို့ ခေါ်ခဲ့ပါတယ်။အဲဒီနန်းဆောင်ထဲမှာ ရတနာအများအပြားရှိနေပြီး လူတိုင်းက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လိုချင်နေကြတာပေါ့။ ဂျပန်လူမျိုးတွေရဲ့ လက်ထဲကနေ ရတနာတွေကို ကာကွယ်ဖို့အတွက် ကျင်းစုတပ်က ခေါင်းဆောင်လုဟွမ်ရှန်း၊ ဖားချိုးဂိုဏ်းက ဂိုဏ်းချုပ်ကုရှန်းနဲ့ ဗိုလ်လေး ဝူစီးဝိန်တို့က ခွင်းနန်းဆောင်ကို ရှာဖွေဖို့ ခရီးစဉ်ကို စတင်ခဲ့ပါတယ်။သူတို့ခရီးစဉ်တစ်လျှောက်မှာ ဘယ်လို အခက်အခဲ အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ...... ဂျပန်တွေကရော ဘယ်လိုနှောင့်ယှက်မလဲ...... ပေမင်ခွင်းနန်းဆောင်ထဲမှာရော ဘယ်လို ထူးဆန်းတဲ့ အစောင့်အရှောက်တွေက သူတို့ကို စောင့်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.14 GB / 666 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv  Genres : Adventure , Action , Mystery Runtime : 1h 27 min Subtitle : ...
movie

Treasure Hunting : The Palace of the North Hell (2024)

Black Storm ( 2024 ) 6.2
Black Storm ( 2024 ) အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက် ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီး လေကျယ်အနေနဲ့ ပြန်လာပါပြီနော်...ဇာတ်လမ်းအကျဉ်းလေးကတော့... ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူး သေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာ တိုင်ကြားမှုတွေများနေခဲ့တာပေါ့...ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.. သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလို ခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့... တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး.. လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့ သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့...တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမက အုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်... တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ ... ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်... ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့... ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်..ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား... တခြား ဘာပတ်သက်မှုတွေရှိသေးလဲ... လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ... ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်... Filesize : 6.15 GB / 1.55 GB / 801 MB Quality : WEB-DL 4K HEVC , ...
movie

Black Storm ( 2024 )

4K HEVC
Fight Against Evil Ⅱ (2023) 5.9
Fight Against Evil Ⅱ (2023) 2021 ခုနှစ်က ထွက်ခဲ့တဲ့ Fight Against Evil ဇာတ်လမ်းရဲ့ အဆက်လေးပဲဖြစ်ပါတယ် ပထမကားကို ကြည့်ချင်တယ်ဆိုရင် ဒီလင့်လေးကိုနိပ့်ပီး ကြည့်နိုင်ပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ရဲဝန်ထမ်းလုပ်နေတဲ့ လီဟုန်ချီးတစ်‌ယောက်ဟာ KTV တစ်ခုမှာအလုပ်လုပ်နေတဲ့ကောင်မလေးတွေအပေါ် လိင်အမြတ်ထုတ်တာတွေ တရားမဝင် မူးယစ်ဆေးဝါးရောင်းတာတွေလုပ်ပြီး ငွေမည်းတွေနဲ့ကြီးပွားနေတဲ့ လူမိုက်တွေကို ခြေရာခံမိခဲ့ပါတယ်လူမိုက်တွေရဲ့ အနိုင်ကျင့်မှုကြောင့် တစ်ချို့မိန်းကလေးတွေ sucideလုပ်တဲ့အထိဖြစ်လာခဲ့ပါတယ် လူမိုက်တွေထဲမှာ သူချစ်ရတဲ့ညီလေးတစ်ယောက်လည်းပါနေတာကြောင့် ညီလေးကို ကယ်တင်နိုင်ဖို့ သူဘယ်လိုတွေစုံစမ်းပြီးထုတ်ဖော်မလဲ စုံစမ်းရင်းနဲ့ ဘယ်လိုမထင်မှတ်ထားတာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုလို့ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyawt ပဲ ဖြစ်ပါတယ်။ Filesize : 1.1 GB / 667 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Fight Against Evil Ⅱ (2023)

2023
Curbing Violence ( 2024 ) 5.9
Curbing Violence ( 2024 ) ကိုယ့်ရဲ့အစ်မလိုချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်ဟာ မထင်မှတ်ပဲကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့ သိလိုက်ရတဲ့အခါ အရွယ်အိုအဖေကြီးနဲ့ သားတစ်ယောက်အတွက် ကြိုးစားရှင်သန်နေတဲ့သူငယ်ချင်းဟာဒီလိုသတ်သေသွားဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ချိုးယိကျောင်းဟာလက်မခံနိုင်ဖြစ်နေခဲ့တယ်။မှုခင်းရဲမေတစ်ယောက်ဖြစ်တဲ့ ချိုးယိကျောင်းဟာ အသေးစိတ်လိုက်စုံစမ်းတဲ့အခါ သူငယ်ချင်းဖြစ်သူဟာ ဘိုးတော်ဆရာကြီး တစ်ယောက်ရဲ့ဟောချက်ကြောင့် အဓိပ္ပါယ်မဲ့မတရားသေသွားရကြောင်းသိလိုက်ရတယ်။တရားခံက အင်အားကြီးတဲ့သူဌေးတစ်ယောက်ဖြစ်တဲ့အတွက် အတားအဆီးအပိတ်အပင်တွေကြားကနေပြီးတော့ ရအောင်သက်သေယူပြီး ဥပဒေနဲ့စီရင်လိုက်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း Female Lead ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Curbing Violence ( 2024 )

As God ( 2020 ) 5.7
As God ( 2020 ) ဒီတစ်ခေါက်မှာ သိုင်းချစ်သူတွေ စဉ်းစားနေကြဖြစ်တဲ့သိုင်းပညာရှင်နဲ့ သေနတ် ဘယ်သူနိုင်မလဲဆိုတာကိုအဖြေထုတ်လို့ကောင်းမယ် အက်ရှင်ကားကောင်းလေးကို မိတ်ဆက်ပေးလိုက်မယ်။ဒီဇာတ်လမ်းကတော့ တရုတ်တော်လှန်ရေးခေတ်အချိန်လောက်ကိုအခြေခံထားတဲ့ ဇာတ်ကားဖြစ်ပြီးအနောက်တိုင်းက လက်နက်တွေဝင်လာပြီး ကိုယ်ခံပညာကိုအယုံအကြည်ပျောက်ကာစအချိန်၊ မူးယစ်ဆေးမှန်းမသိ စိတ်ညှို့ခံရသလိုယစ်မူးပြီး အယူလွဲပြီး နတ်ကိုးကွယ်မှုတွေဖြစ်နေတဲ့အချိန်မှာပေါ့။ဒီ နတ်ကိုးကွယ်မှု အစွန်းရောက်နေတဲ့ မြို့လေးကို ကာကွယ်ဖို့ ကြိုးစားနေတဲ့သူတွေ ဘယ်လိုကြိုးစားတယ်ဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ။ကြိုးစားတဲ့နေရာမှာ လှည့်ကွက်တွေ မြှုပ်ကွက်တွေ ပါသေးတယ်နော်။အက်ရှင်ချစ်သူဆို ကျော်မသွားသင့်တဲ့ ဇာတ်ကားကောင်းလေးပါလို့။Translated & Review By Chu ChuEncoded By LK
movie

As God ( 2020 )