Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pierre Morel
6.3
Taken 3 (2014)
Taken 3 (2014) Unrated Extended CutOld but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။Taken 3Taken trilogy ရဲ့ ၂၀၁၄ ခုနှစ်ထွက် နောက်ဆုံးကားဖြစ်ပါတယ်။ Liam Neeson နှင့် သူ၏စွန့်စားခန်းများ ...
movie
Taken 3 (2014)
4K HEVC
5.5
Freelance (2023)
Freelance (2023)ဂျွန်စီနာကြီးရဲ့အက်ရှင်ဟာသကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Taken ကိုရိုက်ခဲ့တဲ့သူဆိုတော့ ဇာတ်လမ်းနဲ့အက်ရှင်ပိုင်း အတော်ကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။~ ဇာတ်လမ်းအကျဉ်း ~မေဆင်ဟာ ရှေ့နေဖြစ်ဖို့ တစ်နှစ်အလိုမှာ ဥပဒေကျောင်းကနေထွက်ပြီး စွန့်စားချင်လို့ တပ်ထဲဝင်သွားပါတယ်။ ဒီလိုနဲ့ အထူးတပ်ဖွဲ့ဝင်ဖြစ် စစ်ဆင်ရေးတွေလုပ်ရင်းနဲ့ တစ်နေ့မှာ စစ်ဆင်ရေးတစ်ခုမအောင်မြင်ဘဲ ခါးဒဏ်ရာနဲ့ နားလိုက်ရပါတော့တယ်။ နားပြီးတော့ ရှေ့နေပြန်လုပ်ပေမဲ့ သာမန်လူဘဝနဲ့ အံမဝင်ရှာပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့ သူငယ်ချင်းဟောင်းက လုံခြုံရေးကန်ထရိုက်ကုမ္ပဏီမှာအလုပ်လုပ်ဖို့ ဖိတ်ခေါ်ရင်း ပထမဆုံးအလုပ်အဖြစ် သတင်းထောက်တစ်ယောက်ရဲ့ သက်တော်စောင့်တာဝန်ကိုပေးလိုက်ပါတယ်။ အဲဒီသတင်းထောက်က ပယ်ဒိုးနီးရားဆိုတဲ့ အာဏာရှင်နိုင်ငံထဲကိုဝင်ပြီး နာမည်ဆိုးနဲ့သမ္မတကို အင်တာဗြူးရမှာပါ။ အဲဒီနိုင်ငံထဲကိုရောက်ရောက်ချင်းပဲ သမ္မတကို လုပ်ကြံတာရယ် အာဏာသိမ်းတာတွေရယ်နဲ့ ရင်ဆိုင်ရပြီး သတင်းထောက်နဲ့နှစ်ယောက်သား အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ကြိုးစားရင်းဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 5.5GB, 2.45GB, 1.25GB Quality - 4K HEVC, ...
movie
Freelance (2023)
2023
4K HEVC
6.3
The Ambush (2021)
Original Title: Al Kameen Genre – Action, Drama, War IMDB – 6.3/10 စစ်ကားကောင်းကောင်း ကြိုက်တဲ့သူတွေအတွက်အာရေဗျစကားပြော ယဲမန်နိုင်ငံရေးထဲ UAE စစ်ကူတွေရဲ့ကင်းပတ်ရင်း ကြုံရတဲ့ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ကား ဖြစ်ပါတယ်။ တခြားနိုင်ငံကကားဆိုပြီးအထင်မသေးလိုက်ပါနဲ့ ဒါရိုက်တာကြီးက ပြင်သစ်နာမည်ကြီးParkour ကားဖြစ်တဲ့ B-13 တို့ Liam Neeson ရဲ့နာမည်ကြီးTaken တို့ John Travolta ရဲ့ From Paris with love တို့လိုAction အလန်းစားတွေကို ရိုက်ထားတဲ့ ပြင်သစ် ဒါရိုက်တာPierre Morel ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့၂၀၁၈ ခုနှစ်ဝန်းကျင်လောက်မှာ ယဲမန်နိုင်ငံ ပြည်တွင်းစစ်ဖြစ်တော့ သမ္မတကနေ မဟာမိတ်နိုင်ငံတွေ ကုလတွေကိုစစ်ကူတောင်းခဲ့ပါတယ်။ အဲဒီထဲမှာ UAE နိုင်ငံလည်း အပါအဝင်ပေါ့၊ သူတို့ကတော့ ပြည်သူလူထုတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးရင်း တစ်နေ့ တစ်နေ့ ကင်းပတ်တဲ့ တာဝန်ယူရပါတယ်။ ...
movie
The Ambush (2021)
4K HEVC
6.5
From Paris with Love (2010)
From Paris with Love (2010) ဒီဇာတ်ကားရဲ့နာမည် နဲ့ ပိုစတာကို ယှဉ်ကြည့်ပြီးRomance လား Drama လား Action လား ဇဝေဇဝါဖြစ်မိကြပါလိမ့်မယ်တကယ်တော့ ဒီဇာတ်ကားလေးဟာ Action ကြမ်းကြမ်းထဲDrama လေး နည်းနည်းကဲထားတဲ့အပြင် လှည့်ကွက်ကလေးတွေနဲ့ပါထပ်ပေါင်းထားတာကြောင့် ရသစုံလင်တဲ့ ဇာတ်ကားလို့ ဆိုရမှာပါဒီဇာတ်ကားကို ကြည့်ဖူးသူတွေ အများကြီးရှိပါလိမ့်မယ်မြန်မာစာတန်းထိုးလေးနဲ့ ပြန်ကြည့်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်Face Off မင်းသားကြီး ဂျွန်ထရာဗိုလ်တာ ရဲ့ ပြောင်မြောက်လှတဲ့သရုပ်ဆောင်ပညာကို ဒီကားမှာ ထပ်မံမြင်တွေ့ကြရမှာပါ IMDb 6.2 ရရှိထားပါတယ်ပြင်သစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးရဲ့ ကိုယ်ရေးအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ချက်စ် ကစားသမား ဂျိမ်းစ်ရိစ် ဟာအမှန်တကယ်တော့ အသေးစားလျို့ဝှက်တာဝန်များကို ထမ်းဆောင်နေတဲ့စီအိုင်အေ အေးဂျင့်တစ်ဦး ဖြစ်ပါတယ်တစ်နေ့မှာတော့ ဂျိမ်းစ်ရိစ်ရဲ့တည်ငြိမ်အေးဆေးလှတဲ့နေ့ရက်တွေထဲချာလီဝက်စ် ဆိုတဲ့ ကောင်းဘွိုင်ဆန်ဆန် စီအိုင်အေ အေးဂျင့်တစ်ဦးရောက်ရှိလာတဲ့အခါမှာတော့ တည်ငြိမ်နေတဲ့ရေကန်ထဲခဲပစ်ခံရသလို ဖြစ်လာပါတော့တယ်ဘာတာဝန်နဲ့မို့ ချာလီဝက်စ် ပဲရစ်အထိ ရောက်လာခဲ့တာလဲ............အထက်အရာရှိတွေက ဘာ့ကြာင့်များ အသွင်မတူတဲ့အေးဂျင့်နှစ်ဦးကို ...
movie
From Paris with Love (2010)
2010
6.5
Peppermint (2018)
movie
Peppermint (2018)
2018