Channel Myanmar

Paul Weitz

About a Boy (2002) 7.1
About a Boy (2002) About a Boy (2002)~ IMDb - 7.1/10, Rotten Tomatoes - 93% ~ဒီကားလေးက 2002 ခုနှစ်ထုတ် Comedy, Romance, Drama ကားကောင်းလေးဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးဖြစ်ပြီး တခြားဆု(၁၁)ဆုနဲ့ ဆန်ခါတင်ပေါင်း(၃၀)ကျော်၀င်ထားခဲ့တဲ့ကားကောင်းလေးပါ။ Cast အနေနဲ့ဆိုရင်လည်း မယ်လိုဒရာမာမင်းသားကြီးဖြစ်တဲ့ Hugh Grant က အဓိကပါ၀င်ထားပြီး X-Men နဲ့ The Great မင်းသားဖြစ်တဲ့ Nicholas Hoult ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပါတယ်။ဝေလ်က ပေါ့ပျက်ပျက်နေတတ်ပြီး အလုပ်မရှိ အတည်တကျမရှိတဲ့သူတစ်ယောက်ပါ။ တစ်ရက်တော့ ဆင်ဂယ်လ်မားတွေကိုကပ်ဖို့အကြံနဲ့ တစ်ကိုယ်တည်းမိဘတွေ့ဆုံပွဲကို၀င်ပါတယ်။ အဲဒီကနေ ဆူဇီဆိုတဲ့အမျိုးသမီးနဲ့ချိတ်မိပြီး ဆင်ဂယ်ပဲရန့်စ်ပျော်ပွဲစားထွက်ရာကနေ မားကတ်စ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး ပေါ့ပျက်ပျက်ဖြစ်နေတဲ့ ဝေလ်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့စတင်လာပါတော့တယ်။ဒီဇာတ်ကားလေးက ၁နာရီ၄၀မိနစ်ကျော်အချိန်တွင်းမှာ တစ်ခန်းမှပစ်ရက်စရာမရှိ ငြီးငွေ့စရာမရှိတဲ့ဇာတ်ကားလေးပါပဲ။ ရယ်မောစရာဇာတ်၀င်ခန်းတွေအပြင် ခံစားချက်တွေနွေးထွေးစေနိုင်တဲ့အခန်းတွေ မျက်ရည်လည်နိုင်စေတဲ့အခန်းတွေနဲ့ ကြည်နူးစရာဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

About a Boy (2002)

2002
Cirque du Freak: The Vampire’s Assistant (2009) 5.9
Cirque du Freak: The Vampire’s Assistant (2009) Cirque du Freak: The Vampire's Assistant (2009)========================================ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိ‌ထားတဲ့ ဗန်ပိုင်းယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင်တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်းလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားကမိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီးကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီးစတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ်အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစားသွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါနေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာတန်စေရမယ်လို့ အာမခံလိုက်ပါတယ်..)  File size…1.19GB / ...
movie

Cirque du Freak: The Vampire’s Assistant (2009)

2009
Little Fockers (2010) 5.5
Little Fockers (2010) Little Fockers (2010) ရုပ်ရှင်အညွှန်းသားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ် တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်း‌တွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူး အဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ် ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ...
movie

Little Fockers (2010)

Fatherhood(2021) 6.7
Fatherhood(2021) Fatherhood (2021)ကဲ ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် June 18 ပူပူနွေးနွေးလေးထွက်ရှိထားတဲ့ Fatherhood လို့အမည်ရတဲ့ Netflix movie လေးကို တင်ဆက်ပေးချင်ပါတယ်ရုပ်ရှင်ကလည်း ပူပူနွေးနွေး ထွက်ရှိထားတာ မကြာသေးသလို ဇာတ်အိမ်ကလည်း ဖခင်တစ်ဦးရဲ့မေတ္တာကိုဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသူတိုင်းကို နှလုံးပီတိ ဂွမ်းဆီထိစေမှာ အသေအချာပါပဲကဲ ဒါဆို ဇာတ်လမ်းအသွားအလာလေးကို အရင်စပြီး မိတ်ဆက်ပေးတာပေါ့အဓိက ဇာတ်လိုက်ဖြစ်တဲ့ မတ်လိုဂယ်လင်းကနေ စကြတာပေါ့မတ်ဟာ သူရဲ့ကိုယ်ဝန်ကို လွယ်ထားရတဲ့ ချစ်ဇနီးလေးလစ်ဇ်နဲ့အတူ တစ်အိုးတစ်အိမ်ထူထောင်ထားတဲ့အိမ်ထောင်ဦးစီးတစ်ယောက်ပေါ့ဒီလိုနဲ့ ကလေးမွေးပြီး ဖခင်တစ်ဦးရဲ့ဘဝကို ကျေနပ်နေတဲ့ မတ်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူးမတ်ရဲ့ကြင်သူလစ်ဇ်မှာ မတ်ရဲ့ဘဝထဲကို ချစ်စရာကောင်းတဲ့ သမီးလေး မတ်ဒီကို မွေးဖွားပေးခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့မတ်ကိုကျောခိုင်းပြီး တမလွန်ကို ကူးသွားခဲ့ပါတယ်ကလေးပုခက်တောင် ဖြောင့်အောင် မဆင်တတ်တဲ့မတ်တစ်ယောက် သူ့သမီးလေးကို ပြုစုပျိုးထောင်နိုင်ပါ့မလား......သူတစ်ယောက်ထဲနဲ့ မတ်ဒီလေးရဲ့ မိခင်အဖြစ်ရော ဖခင်အဖြစ်ပါ လိုလေသေးမရှိအောင် ...
movie

Fatherhood(2021)

2021
American Pie (1999) 7.0
American Pie (1999) American Pie (1999) IMDb - 7.0/10_____Rotten - 61%ကဲ.....ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ဇာတ်ကားကြိုက်နှစ်သူပရိတ်သတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားများလာပါတော့မယ်။ American Pie ဆိုတဲ့ နာမည်ကျော် ကျောင်းသားဟာသဇာတ်ကားတွေပဲဖြစ်ပါတယ်။ စုစုပေါင်း (၈) ကားရှိပါတယ်။ တစ်ကားနဲ့တစ်ကား မဆက်စပ်ဘဲ ကြည့်လို့ရတဲ့အတွက် ခြားခြားပြီးတော့ မြန်မာစာတန်းထိုးနဲ့ (၈) ကားလုံးတင်ပေးထားပါတယ်။ ဒီနေ့ကတော့ No(1) ဇာတ်ကားပေါ့။ ၁၉၉၉ ခုနှစ်က ထွက်ပါတယ်။ အားပေးမှုတော်တော်လေးရရှိခဲ့ပြီး IMDb Rating (7/10) ရရှိထားလို့ Comedy အမျိုးအစားဇာတ်ကားတွေထဲမှာ Rating မြင့်တဲ့ဇာတ်ကားတစ်ကားပါ။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး အနောက်တိုင်း ယဉ်ကျေးမှုနဲ့ ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=american+pie မှာ Download လုပ်လို့ရပါတယ်။   (မြန်မာစာတန်းထိုးကိုတော့ ကသာသားလေးမှ တင်ဆက်လိုက်တာပါ။)   File size...(946 MB) Quality...Blu-ray Rip 720p Format...mkv Duration....01:35:37 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie

American Pie (1999)

1999