Channel Myanmar

Patrick Brice

There’s Someone Inside Your House(2021) 7.0
There’s Someone Inside Your House(2021) There's Someone Inside Your House(2021) ရုပ်ရှင်အညွှန်းအသစ်ထွက် Netflix လူသတ်ကားလေး လာပါပြီဗျာဇာတ်ကားခေါင်းစဥ်ကို ဖတ်ပြီး ခင်ဗျား အိမ်ထဲကို လူတစ်ယောက်က ဝင်ပြီးတစ်ကားလုံး ခင်ဗျားကို သတ်ဖို့ကြိုးစားတဲ့ သည်းထိတ်ရင်ဖို horror ကားလို့ ထင်ရင်တော့ မှားမယ်ဗျကျွန်တော်လည်း အဲ့ဒီလို ထင်ခဲ့ပေမယ့် ဇာတ်ကားကိုက ခေါင်းစဥ်နဲ့ ဘာမှကိုမဆိုင်တာပါခေါင်းစဥ်ရဲ့အဓိပ္ပါယ်က ဇာတ်ကားကို ကြည့်ပြီးမှ ကိုယ့်ဘာကိုယ် တွေးယူရမယ့် ပုံစံမျိုးပါပဲဇာတ်လမ်းအကျဥ်း ကတော့ မက်ကာနီ ဆိုတဲ့ ဂျူနီယာ အထက်တန်းကျောင်းသူမလေးဟာအကြောင်းတစ်ခုကြောင့် ဟာဝိုင်အီ ကနေ အော့စဘွန်းဆိုတဲ့ မြို့လေးကို ပြောင်းလာပါတယ်အဲ့ဒီလို ပြောင်းလာရာကနေ သူတက်နေတဲ့ အထက်တန်းကျောင်းက ကျောင်းသားတွေရောမြို့ထဲကလူတွေရောဟာ ထူးဆန်းတဲ့ လူသတ်မှုတွေနဲ့ ကြုံတွေ့လာရပါတယ်အဲ့ဒီလူသတ်မှုတွေရဲ့ နောက်ကွယ်က လူက ဘယ်သူလဲ ဘာလို့သတ်ရတာလဲအဲ့ဒါတွေကိုရော ဖော်ထုတ်နိုင်သွားမလား ဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်Slasher Movie ဖြစ်တဲ့အတွက် ဓားတစ်ချောင်းနဲ့ လူကို ...
movie

There’s Someone Inside Your House(2021)

2021
HEVC 1080p
Corporate Animals (2019) 4.6
Corporate Animals (2019) Corporate animal လူစီဆိုတာက စားလို့ရတဲ့ဇွန်း၊ခက်ရင်းတွေကိုထုတ်လုပ်တဲ့ကုမ္မဏီပိုင်ရှင် ဘောစိမမတစ်ယောက်ပေါ့ဗျာ။ သူဦးဆောင်တဲ့ Team Building မှာ သူ့ရဲ့ညာလက်ရုံးလိုလိုအတွင်းရေးမှူးလိုလိုဖြစ်နေတဲ့ ဖရက်ဒီရယ် ပြီးတော့ ဂျက်ဇ်ဆိုတဲ့ဝန်ထမ်းအသစ်ရယ် ပြီးတော့ ကုမ္မဏီတစ်ခုလုံးကဝန်ထမ်းတွေရယ်ကို နယူးမက္ကစီကိုကတောင်ကြားတွေမှာ စွန့်စားခန်းလိုလိုခရီးထွက်ကြပါလေရောပေါ့။ဇတ်လမ်းက အဲ့ဒီမှာ စတာပါပဲ။ သူတို့လဲ တောင်ကြားထဲရောက်ရော ငလျင်လှုပ်ပြီးတော့ သူတို့အကုန်ပိတ်မိကြတာပေါ့။ ဆိုတော့ ပိတ်မိနေတဲ့တောင်ကြားထဲမှာနေထိုင်ရင်းနဲ့ ကယ်တင်မဲ့သူလာမယ့်အချိန်ကိုစောင့်ရင်း သူတို့ရဲ့တစ်ဦးချင်းကိုယ်စီရဲ့နေထိုင်မှုတွေ ပုံရိပ်တွေ ခံစားချက်တွေက ပွင့်ဟလာပါတော့တယ်။ ရီစရာတွေနဲ့ပြည့်နှက်နေတဲ့ဒီဇတ်ကားက တောင်ကြားထဲပိတ်မိနေတဲ့လူတစ်စုလို့တောင်မထင်ရလောက်အောင်ပါပဲ။ ဖရက်ဒီနေရာမှာ သရုပ်ဆောင်ထားတဲ့သူကိုတော့ အားလုံးပဲသိကြလိမ့်မယ်ထင်ပါတယ် Deadpool ဇာတ်ကားထဲမှာ တက္ကဆီဒရိုင်ဘာနေရာကသရုပ်ဆောင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ ဟာသဇာတ်ကားလို့ပြောရမှာလဲ တောင်ကြားထဲပိတ်မိနေတာဆိုတော့ ပြောရခက်တယ်လို့ပဲပြောရမှာပေါ့နော်။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးလို့ပဲညွှန်းချင်ပါတယ်ဗျ။
movie


2019