Channel Myanmar

Milan Luthria

The Dirty Picture (2011) 6.6
The Dirty Picture (2011) The Dirty Picture (2011) Genre- Biography, Comedy, Drama, Romanceဒီရုပ်ရှင်လေးကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့ အိန္ဒိယမင်းသမီးတစ်ယောက်ရဲ့ အကြောင်းကို အခြေခံပြီး ဇာတ်လမ်းပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်ကာလ Tamil နဲ့ Telugu ရုပ်ရှင်ရုံတွေမှာ ပုရိသတွေကို ညို့ငင်အားကောင်းကောင်းနဲ့ ရမ္မက်သွေးဆူလွယ်အောင် ဖျော်ဖြေနိုင်စွမ်းရှိလို့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Silk Smitha ကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ ၁၉၉၆ ခုနှစ်မှာ ၃၅ နှစ်အရွယ်နဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာပါ ရဲတွေကတော့ အရက်သေစာသောက်စားထားလို့ ဖြစ်တယ်ဆိုပြီး ပြောကြပေမဲ့ အလောင်းကနေရှာတွေ့ထားတဲ့ မှတ်စုကိုလည်း အဓိပ္ပာယ်မဖော်နိုင်သေးပဲ ယခုထက်ထိတိုင် ဆန်းကြယ်တဲ့ ပဟေဠိတစ်ပုဒ်အနေနဲ့ ကျန်ရှိနေပါတော့တယ်။ဒီဇာတ်ကားလေးထဲမှာတော့ Reshma ဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်ကတည်းက မြို့ကြီးပြကြီးကို သွားရောက်ချင်နေတဲ့ ကျေးတောသူလေးတစ်ယောက်ပေါ့။ မိခင်ဖြစ်သူက ယောက်ျားလေးဆန်ဆန် ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း ဆန့်ကျင်ဖက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူတစ်ယောက်ပါ။ရုပ်ရှင်သရုပ်ဆောင် ဝါသနာပါသူမို့ လူရွေးပွဲ ...
movie

The Dirty Picture (2011)

2011
Tadap (2021) 6.0
Tadap (2021) Tadap (2021) --------------------- ဒီကားလေးကတော့ RX100 (2018) တုန်းကဇာတ်ကားကိုအခြေခံပြီးရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားချိုချိုလေးပဲဖြစ်ပါတယ်မဆူရီမြို့မှာ လူတိုင်းက ဒယ်ဒီလို့ခေါ်ကြတဲ့ လူတစ်ယောက် အီရှာနာကိုငယ်ငယ်လေးကတည်းက မွေးစားခဲ့ပါတယ်။ ဒယ်ဒီဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ ဒမိုဒါ နောတ့်တီရယ်နဲ့အလွန်တရာမှ ရင်းနှီးကြတဲ့မိတ်ဆွေတွေပါ။အီရှာနာ တစ်ယောက်ကတော့ အဖေဖြစ်သူဒယ်ဒီနဲ့ နောတ့်တီရယ်ကို အဖက်ဖက်မှကူညီအားဖြည့်ပေးနေသူပေါ့။ တစ်နေ့မှာ လန်ဒန်မှ ပညာတော်သင်ပြန်လာတဲ့ဒမိုဒါ ရဲ့ သမီးဖြစ်သူ ရမီဆာ က အီရှာနာကို သဘောကျပြီး ဖွင့်ပြောခဲ့ရာမှကြည်နူးစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာပါတယ်။ အချစ်စစ်မှန်ရင်လမ်းကြမ်းစမြဲပါပဲ။ သူတို့ကြား ဘယ်လိုအတားအဆီးတွေ ဝင်ရောက်လာမှာလဲ။ဒမိုဒါရဲ့ပြိုင်ဘက်ပါတီဝင်ကရော ဘယ်လိုကောက်ကျစ်ယုတ်မာမလဲ။မင်းသမီး မင်းသားချောချောလေးနဲ့အတူ စောင်ကိုက်ပြီး ကြည့်ရှုရမဲ့အချစ်ခန်းချိုချိုအီအီလေးတွေပါတာကြောင့် မသေခင်ကြည့်ရှုသွားသင့်တဲ့ရိုမန့်တစ်ဇာတ်ကားကောင်းလေးလို့ညွှန်းလိုက်ပါရစေ............  File size…2.3Gb / 1.2Gb / 400MB  Quality…1080p AAC 2.0CH / 720p / 360p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Haruko &  Yunni 
movie

Tadap (2021)

Once Upon a Time in Mumbaai(2010) 7.4
Once Upon a Time in Mumbaai(2010) Once Upon a Time in Mumbaai(2010) ဘောလီဝုဒ်ဖန်တွေအတွက် ဒုစရိုက် အက်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်အဓိကသရုပ်ဆောင်တွေအနေနဲ့ Ajay Devgn, Emraan Hashmi, Kangana Ranaut နဲ့ Randeep Hooda တို့ပဲဖြစ်ပါတယ်နိုင်ငံတကာရုပ်ရှင် အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 7.5/ 10, Times of India 4/5 နဲ့ Google Users 93% တို့ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ .....မွန်ဘိုင်းမြို့ပေါ်မှာ သြဇာအာဏာကြီးမားလွန်းတဲ့ ဆူလ်တန်းမစ်ရ်ဇာဆိုတဲ့ မှောင်ခိုသမားကြီး တစ်ယောက်ရှိလေတယ်သူက မှောင်ခိုသမား ဂိုဏ်းစတားဆိုပေမယ့် လူဆင်းရဲအများစုကို ကူညီတတ်ပြီး သနားကြင်နာတတ်တဲ့ စိတ်နှလုံးသားလည်းရှိပါတယ်အစိုးရခွင့်မပြုတဲ့ အရာအားလုံးကို မှောင်ခိုလုပ်ပြီး အားလုံးက ဖိတ်ဖိတ်တုန်အောင် ကြောက်ရသူကြီးပေါ့ အဲ့ဒိတော့ သူ့ကို အားကျသူတွေလည်း များပါတယ်အဲ့ဒိထဲမှာမှ ရှုူအိုက်ဗ်ဆိုတဲ့ ချာတိတ်ကတော့ အဆိုဆုံးပါပဲ သူ့ရည်ရွယ်ချက်ကတော့ ဆူလ်တန်းမစ်ရ်ဇာလိုဖြစ်ချင်တာပါပဲဒီလိုရည်ရွယ်ချက်ကြီးသူနဲ့ ဆူလ်တန်းမစ်ရ်ဇာတို့ ဆုံကြတဲ့အပြင်ရဲတွေကလည်း အပူတပြင်း လိုက်ကြတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဆက်လက်ရှု့စားလိုက်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်...File Size :(2.45GB) (1.04 GB) and (380 MB) Quality :Blu-Ray ...
movie

Once Upon a Time in Mumbaai(2010)

Baadshaho (2017) 5.6
Baadshaho (2017) 1975-1977 နှစ်တွေမှာ အိန္ဒိယနိုင်ငံဟာ အရေးခင်းကာလဖြစ်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပြီး တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်လောက်က ဆန္ဒတွေပြ သပိတ်တွေ မှောက်ပြီး ထောင်ထဲတွေ ရောက်နေပါတယ်။အစိုးရဆိုတာ နာမည်သာ ရှိပြီး ပြည်သူလူထုကို ကြည့်ရှုစောင့်ရှောက်နိုင်တာကလည်း ဆိုင်ရာ ဆိုင်ရာ အကြီးအကဲတွေ ဘုရင်မျိုးရိုးဟောင်းတွေပဲ တာဝန်ယူစောင့်ရှောက်ပေးနေတာပါ။ရာဂျစ်တန် မြို့ကိုလည်း ဘုရင်ကြီး ဆုံးပါးသွားပေမယ့် အသက်အရွယ်နဲ့ မလိုက်အောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ မင်းသမီး ဂီတန်ဂျလီက ကူညီပေးနေပါတယ်။ဘုရင်စနစ်က ဖြတ်သိမ်းလိုက်ပြီ့ဘုရင့်အခွန်ထမ်း စနစ်လည်း မရှိတောပေမယ့် မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဘဏ္ဍာတွေနဲ့ပဲ ပြည်သူတွေကို ထောက်ပံ့နေပါတယ်ပြသနာရဲ့ အစပဲ ပြောရမလား ပါတီတစ်ခုမှာ အစိုးရအာဏာကို လွဲအပ်ထားတဲ့ ဆန်ဂျီးဒ်ဆိုတဲ့ အာဏာပိုင်က အမျိုးသမီးတစ်ဦးတည်း ဖြစ်တဲ့ ဂီတန်ဂျလီကို ထိကပါးယိကပါးလုပ်မယ်ကြံပေမယ့် ဘုရင့်သွေးဖြစ်တဲ့ ဂီတန်ဂျလီကို ထိလို့တောင် မရခဲ့ပါဘူ့း့ပါတီပွဲက လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတဲ့ ...
movie

Baadshaho (2017)

2017