Channel Myanmar

Michael J. Leone

Gifted (2017) 7.6
Gifted (2017) ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ ...
movie

Gifted (2017)

2017