Channel Myanmar

Mark Waters

The Spiderwick Chronicles (2008) 6.5
The Spiderwick Chronicles (2008) The Spiderwick Chronicles (2008) ======================== IMDb Rating - 6.5/10ငယ်ငယ်တုန်းက Play section 2 မှာ ဆော့ခဲ့ရတဲ့ ဂိမ်းလေးတစ်ခုကို မှတ်မိကြဦးမလားတော့ မသိဘူး။ ဂိမ်းခွေထွက်အပြီး ဇာတ်လမ်းခွေ ထွက်လာတော့ မြန်မာစာတန်းထိုးမပါဘဲ အသည်းအသန် ရှာဝယ် ကြည့်ခဲ့ရတာ။ လုံးစေ့ပတ်စေ့ နားမလည်ခဲ့ပေမဲ့ သိပ်ကြည့်လို့ကောင်း ခဲ့တာကိုး။ မှော်ဇာတ်ကားလေးတစ်ခုပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက် တွေနဲ့ Box Office မှာလည်း အမြတ်ကြီးကြီးရခဲ့‌ပါသေးတယ်။ သရုပ် ဆောင်တစ်ယောက်တည်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး စရိုက် ကွဲပြားလွန်းလို့ တခမ်းတနား ချီးကျူးကြသေးတယ်။ မင်းသမီးလေး ကလည်း အဲဒီအချိန်က ရက်ရက်စက်စက်လှတာကိုး။ ဇာတ်ကား ပို စတာလေးကို DVD ခွေကခွာပြီး အခန်းနံရံမှာ ကပ်ထားမိတဲ့အထိ။ မင်းသားချော Freddie Highmore ရယ်၊ မင်းသမီးလေး Sarah Bolger တို့ အပြိုင်ကြဲခဲ့ကြတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက်ကနေ နယူးအင်္ဂလန်ကို ပြောင်းလာတဲ့မိသားစုက မိသားစုအမွေ အိမ်ကြီးတစ်ခုမှာ နေကြ ပါတယ်။ သမီးတစ်ယောက်နဲ့ သူ့အောက်က အမွှာသားလေးနှစ် ယောက်တို့ ဘုဘောက်ကျရင်း သားတစ်ယောက်က ...
movie

The Spiderwick Chronicles (2008)

2008
Just Like Heaven (2005) 6.7
Just Like Heaven (2005) Just Like Heaven (2005)==================ဒီတခါမိတ်ဆက်ပေးမှာကတော့ ပရိတ်သတ်သဲသဲလှုပ်သရုပ်ဆောင်တွေဖြစ်ကြတဲ့Reese Witherspoon နဲ့ Mark Ruffalo တို့ငယ်ရွယ်စဥ်ကပါ၀င်ထားတဲ့Romance/fantasy ကားလေးပါ တနေ့တနေ့အလုပ်မှအလုပ်ဖြစ်နေတဲ့ဆရာ၀န်မလေးအဲလစ်ဇဘတ်ဟာတနေ့မှာ ကားအက်ဆီးဒင့်တခုဖြစ်ခဲ့ပါတယ်။သုံးလကြာပြီးတဲ့နောက် သူ့ရဲ့မိန်းမဖြစ်သူဆုံးပါးသွားတာကို‌မ‌မေ့နိုင်သေးတဲ့ဒေးဗစ်အက်ဘော့တ‌ယောက်ဟာဆန်ဖရန်စစ်စ္စကိုက အဲလစ်ဇဘတ်ရဲ့တိုက်ခန်းဟောင်းကိုအိမ်ပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ဒေးဗစ်တွေ့လိုက်ရတာကတော့ဒါသူမရဲ့တိုက်ခန်းဆိုပြီးရန်လိုနေတဲ့ အဲလစ်ဇဘက်ရဲ့ဝိညာဉ်ပါပဲ။ဒေးဗစ်တယောက်ထဲပဲအဲလစ်ဇဘက်ကိုတွေ့နေရတာက‌ရောဘာကြောင့်လဲ?။အဲလစ်ဇဘက်ကရောဆုံးသွားတာလား?။မတည့်အတူ‌နေ သူတို့နှစ်ယောက်ရဲ့ကြားကခံစားချက်တွေကဘယ်လိုပြောင်းလဲလာကြမလဲ။သူတို့နှစ်ယောက်ရဲ့‌အခုလိုထူးဆန်းတဲ့ရေစက်ကဘယ်လိုကြောင့်လဲ။ သူတို့နှစ်ဦးအဆုံးမှာဆုံစည်းသွားနိုင်ကြမလားဆိုတာကိုjust like heaven ဆိုတဲ့စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်ကားလေးမှာရှုစားပေးကြပါဦးခင်ဗျာ.... File size…1.66GB / 662MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 35m Genre ..... Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Just Like Heaven (2005)

He’s All That (2021) 4.2
He’s All That (2021) He's all that (2021)ကဲ ပေါ့ပေါ့ပါးပါးနဲ့ teen romantic comedy ကြည့်ချင်သူတွေအတွက် he's all that လာပါပြီဒီကားဟာ 1999 ခုနှစ်တုန်းက She's All That ဆိုတဲ့ ဇာတ်လမ်းကို Gender swap လုပ်ပြီး update ပြန်မြှင့်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ပတ်ဂျက်ဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ရုပ်လေးကလည်း ချော၊ ဆိုရှယ်မီဒီယာမှာလည်း နာမည်ကြီးစပွန်ဆာတွေလည်းရ၊ ရည်းစားကလည်းရှိနဲ့အခု ဖတ်နေသူနဲ့တော့ ဆီနဲ့ရေပဲဗျာဒါပေမဲ့ တစ်နေ့မှာ တက်သစ်စအဆိုတော်ဖြစ်တဲ့သူ့ဘဲကို ရိုက်ကွင်းမှာ surprise လုပ်ဖို့ သွားကာမှချစ်သော ကိုကိုက back-up dancer မနဲ့ နောက်မီးလင်းနေတာကို မြင်ပြီးရိုက်ကွင်းမှာတင် ပတ်ဂျက်တစ်ယောက် "ခင်မို့မို့အေး" လုပ်ပါတော့တယ်သူမသိလိုက်တာက သူ ပွဲကြမ်းသမျှက သူ့အကောင့်မှာ live လွှင့်နေတယ်ဆိုတာပါပဲဘဲနဲ့ပြတ်ရတဲ့အထဲ တစ်ပူပေါ် တစ်ပူမက နှစ်ပူဆင့်ပြီးနာမည်လည်းပျက် အလုပ်ကလည်း စပွန်ဆာ ရပ်မယ် ပြောလာတော့ပတ်ဂျက်တစ်ယောက် သူ့နာမည် ...
movie

He’s All That (2021)

2021
Magic Camp 2020 6.3
Magic Camp 2020 Magic Camp ဆိုတဲ့ ဇာတ်​လမ်​း​လေးက​တော့ အံသြစရာ ရင်​ခုန်​စရာ​ကောင်​းလှတဲ့ မျက်​လှည်​့​လေး​တွေနဲ့ မျက်​လှည်​့ပညာရှင်​ လူငယ်​​တွေကြားက ဟာသအလွဲ​လေး​တွေကို ကြည်​့ရှုရမယ်​့ ဇာတ်​လမ်​း​လေးပဲဖြစ်​ပါတယ်​။ မျက်​လှည်​့ပညာရှင်​ဖြစ်​ချင်​ကြတဲ့ က​လေး​တွေအတွက်​ ဖွင်​့လှစ်​​ပေးထားတဲ့ ​နွေရာသီ စခန်​းချသင်​တန်​း​လေးတစ်​ခု..... အဲ့ဒီ့ ​နွေရာသီမျက်​လှည်​့သင်​တန်​း​ကျောင်​းကို ရာက်​လာကြတဲ့ သင်​တန်​းသား​လေး​တွေက​တော့.... ဖခင်​ဖြစ်​သူဆုံးပါးသွားပြီး​နောက်​ ဖခင်သင်​​ပေးခဲ့တဲ့ မျက်​လှည်​့ပညာကိုလူမသိ​အောင်​​လေ့ကျင်​့ရင်​း ဖခင်​ကိုတမ်​းတ​နေတဲ့ သီအို မိဘ​တွေရဲ့ဂရုစိုက်​မှုမခံရဘဲ အ​ဝေးပို့ခံရတဲ့အတွက်​ စိတ်​မပါဘဲစခန်​းကို​ရောက်​လာတဲ့ ဂျနဲလ်​ ဓာတ်​မတည်​့တဲ့အရာ​တွေများစွာ​ကြောင်​့ ကျန်​းမာ​ရေးမ​ကောင်​း​ပေမဲ့ သချင်္ာသိပ်​​တော်​တဲ့ ​နေသန်​ နာမည်​ကြီးမျက်​လှည်​့ပညာရှင်​ဖြစ်​တဲ့ဖခင်​ရဲ့​မျှော်​လင်​့ချက်​ကို မလွန်​ဆန်​နိုင်​တဲ့အတွက်​ ဝါသနာမပါတဲ့မျက်​လှည်​့သင်​တန်​းကို​ရောက်​လာရတဲ့ ဂျဒ်​ တို့ပဲဖြစ်​ပါတယ်​။ သူတို့​လေး​တွေကို သင်​ကြား​ပေးဖို့ မျက်​လှည်​့ပညာမှာထူးချွန်​​ပေမယ်​့ စင်​မြင်​့ထက်​ပြသဖို့စွန်​့လွှတ်​ခဲ့တဲ့ အန်​ဒီနဲ့ အန်​ဒီ့ကို သစ္စာ​ဖောက်​ခဲ့တဲ့ ထိ်ပ်​တန်​းမျက်​လှည်​့ပညာရှင်​့ ခရစ်​တီးနားတို့ကို တာဝန်​အ​ပေးခံရတဲ့အခါမှာ​တော့ သူတို့ရဲ့ Magic camp ​လေး ဘယ်​လို အသက်​ဝင်​လှုပ်​ရှားသွားမလဲ ? က​လေး​တွေရဲ့ ​ပေါက်​ကရအပြုအမူ​တွေကို အန်​ဒီနဲ့ ခရစ်​တီးနားတို့ ...
movie

Magic Camp 2020