Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Makoto Shinkai
7.8
Suzume (2022)
(အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ အကြည်ဗားရှင်းဖြစ်တဲ့WED DL ထွက်ရှိလာပြီဖြစ်တာကြောင့် Qualityကို Updateပေးထားပါပြီ)IMDb 7.8/10 MyAnimeList 8.5/10နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်ကျော်anime filmsတွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incကနေပဲ ထုတ်လုပ်ပေးတာပါ။ ဝတ္ထုအနေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်ဝေခဲ့ပါသေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အကောင်းဆုံးဖြစ်နေမယ်ဆိုတာကို ပြောဖို့တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီးတွေထွက်ရင်း လူမရှိတဲ့နေရာတွေ၊ အဆောက်အဦးတွေကိုမြင်ခဲ့ရာကနေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီတွေအကြောင်းပါထည့်သွင်းခဲ့ပါသေးတယ်။ဇာတ်ဝင်တေးကိုလည်း Your nameနဲ့weathering with ...
movie
Suzume (2022)
2022
8.5
Your Name (2016)
Your Name (2016) =============================== (Kimono Na wa) ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့...အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ...
movie
Your Name (2016)
2016
7.5
The Garden of Words (2013)
The Garden of Words (2013)***************************** 言の葉の庭ဇာတ်ကားနာမည်လေးက မြန်မာလိုဆို "စကားလုံးတွေ ပွင့်ဖူးတဲ့ပန်းဥယျာဉ်" တဲ့ဇာတ်လမ်းလေးက "မမနဲ့မောင်လေး" ပုံစံရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားဘူး...အေးချမ်းတဲ့ မိုးရာသီနဲ့ ဇာတ်လမ်းဆင်ထားတယ်..ခုလို မိုးရွာနေတုန်းကာလနဲ့ဆိုတော့ ပိုပြီး ဖီးလ်လို့ ကောင်းတာပေါ့အာကီဇုကီ တာကာအို ဆိုတာက ဖိနပ်လုပ်သမားဖြစ်ချင်တဲ့ ၁၅ နှစ်အရွယ်ကောင်လေး..သူ့စိတ်ထဲ ဖိနပ်တွေဖန်တီးဖို့ပဲ ရှိတယ်..ဘယ်လိုဖန်တီးရမလဲဆိုတာပဲ စိတ်ကူးနေ တွေးနေတတ်တဲ့သူ..မိုးရွာတဲ့နေ့တွေဆို ကျောင်းပြေးပြီး သူ ထိုင်နေကြနေရာမှာ ဖိနပ်ဒီဇိုင်းတွေ ထိုင်ဆွဲနေကြ...တစ်နေ့ အဲ့ဒီနေရာမှာပဲ မမ တစ်ယောက်နဲ့ စတွေ့လေရဲ့.. မမ နာမည်က ယူကီနို ယူကာရီ တဲ့.. ၂၇ နှစ်အရွယ် အစ်မကြီးပေါ့...စတွေ့တုန်းကတော့ မသိလိုက်မသိဘာသာနေပေမဲ့ တွေ့ပါများတော့ ရင်းနှီးသွားကြတယ်...နှစ်ယောက်စလုံးက ကိုယ့်အပူနဲ့ကိုယ်ရှိနေကြတဲ့သူတွေ..ရင်းနှီးလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် ဖေးမဖို့ ကူညီပေးဖို့ စူးစမ်းဖို့ လုပ်လာကြတယ်(ကျွန်တော်တို့တွေဆိုရင်လည်း အွန်လိုင်းပေါ်က ခင်တွယ်မိတဲ့သူတွေအကြောင်း သိနိုင်သလောက် စူးစမ်းချင်ကြတယ်မဟုတ်လား)ဒီနေရာမှာ သူတို့ရဲ့ကဗျာတွေ ...
movie
The Garden of Words (2013)
2013
7.5
Weathering with You (2019)
Weathering With You (2019)****************************( 天気の子 )သဘာဝ ၏ ရင်သွေးငယ်"နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodakaဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ်ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား?ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်...အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ဆိုတော့ ဇတ်လမ်းကိုတော့ ...
movie
Weathering with You (2019)
7.1
The Place Promised in Our Early Days(2004)
The place promised in our early days (2004)IMDB Rating... 7.1 Rotten Tomatoes.... 80%စာရေးဆရာကြီးမင်းလူက ဘယ်စာအုပ်ထဲမှာလဲမသိဘူးရေးဖူးတယ်...တကယ်တော့ အချစ်ဆိုတာခွေးလျက်ခံရတဲ့ ထန်းလျှက်ခဲလိုပဲ ကြာလေ လုံးပါး ပါးရလေတဲ့... သူပြောတာလည်း ဟုတ်သလိုလိုပင်..သို့ပေမယ့် ကျွန်တော်တို့အားလုံး ရနံတွေနဲ့ကင်းလို့ရချင်ရမယ်... အရောင်တွေနဲ့ကင်းလို့ရချင်ရမယ်..အချစ်ဆိုတာကြီးကိုတော့ ကင်းကွာဖို့ ခဲယဉ်းလွန်းလှပါတယ်... ဒီအချစ်ကြီးကို အချိန်မရွေးဖန်ဆင်းဖို့ နှလုံးသားကြီးကကျွန်တော်တို့ရဲ့ ဘယ်ဘက်ရင်အုံကြီးထဲမှာရှိနေတာကိုး....ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အပြီး 1996ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်နဲ့ ကျောင်းသူလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ...ကျောင်းသား ကျောင်းသူဘဝ အစပိုင်းမှာရိုးစင်းစွာခင်ခဲ့ကြပေမယ့် နောက်ပိုင်းတော့ သူတို့နှလုံးတွေကသံစဉ်တွေပြောင်းကုန်တယ်..သို့ပေမယ့် သာမန်သူငယ်ချင်းတွေလိုပဲဖြတ်သန်းခဲ့ကြတယ်..သူတို့နေတဲ့ နေရာမှာ မျှော်စင်ကြီးတစ်ခုရှိတယ်... ငယ်ရွယ်တဲ့သူတွေအဖို့ သူတို့မှာအိပ်မက်တွေလည်းရှိကြတယ်..အဲ့ဒါကတော့ လေယာဉ်တည်ဆောက်ဖို့ပါပဲ.. ပြီးတော့ ထူးခြားတဲ့ မျှော်စင်ရဲ့ လျို့ဝှက်ချက်ကို သူတို့ဖော်ဖို့လုပ်နေတုန်းမှာပဲကောင်မလေးက ရုတ်တရက်ပျောက်သွားတယ်...ကောင်မလေး ဘာကြောင့်ပျောက်သွားတာလဲ ...သူတို့ပြန်လည် ဆုံတွေ့နိုင်ဦးမလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...အိပ်မက်ဆန် လှအလွန်းတဲ့ တိမ်ရှု့ခင်းတွေနဲ့ IMDb rating အနေနဲ့ 7.1 အထိရထားတဲ့ Drama ,Romace,Sci-fi Anime ...
movie
The Place Promised in Our Early Days(2004)
2004
7.3
Journey to Agartha (2011)
ဒီကားဟာ လတ်တလောလူကြိုက်များနေတဲ့ Kimi no Nawa ( YourName ) ရဲ့ ဒါရိုက်တာ Makoto Shinkai ရဲ့ ဇာတ်ကားဟောင်းလေးပါ.. 2011 ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး ဇကာတင်ဆု ၆ ခုနဲ့ 2012 Tokyo Anime Award ၁ ခု ရရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်... Shinkai ဟာ ကာတွန်းလောကမှာ တကယ်အရည်အချင်းရှိတဲ့ဒါရိုက်တာတစ်ယောက်အဖြစ် ထင်ရှားသလို.. သူ့ကားတွေကလဲ အရောင်အသွေးလှပညီညွတ်မှု... အသံပိုင်းဆိုင်ရာ ဆန်းသစ်မှု.. ဆန်းကြယ်တဲ့ဇာတ်လမ်းဇာတ်ကွက်တို့ကြောင့် ဆွဲဆောင်မှုအပြည့်ရှိတဲ့ကားတွေ ဖြစ်ပါတယ်... ဒီကားမှာတော့ Asuna နဲ့သူ့ဆရာဟာ သေဆုံးသွားပြီးဖြစ်တဲ့ ချစ်ရသူတွေကို မြေအောက်ကမ္ဘာထဲအထိ သွားရောက်ရှာဖွေတွေ့ဆုံတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်... ဇာတ်လမ်းရဲ့ အလှည့်အပြောင်းအပြင် ဇာတ်အိမ်တည်ထားပုံက သာမာန်မဟုတ်တာမို့ ဇာတ်လမ်းအကျဉ်းကိုတော့ မရေးတော့ပါဘူး... သေချာတာကတော့ အပြင်ကမ္ဘာနဲ့မတူတဲ့ နောက်ခံရှုခင်းတွေ... ကြည်ပြီးပြတ်သားတဲ့အရောင်တွေ... အလင်းအမှောင်တွေနဲ့ ထူးဆန်းပြီးဆွဲငင်မှုရှိတဲ့ ...
movie
2011
7.6
5 Centimeters Per Second (2007)**********************************(1080p Blueray Update) " ငါတို့တွေဟာ အကြိမ်ပေါင်းထောင်ချီအောင် စာတွေအပြန်လှန်ရေးပို့နေကြလဲနှလုံးသားတွေကတော့ တစ် စင်တီမီတာတောင် နီးစပ်မလာခဲ့ကြပါဘူး..." တိုနို-တာကကီ (5 Centimeters Per Second) ချယ်ရီပွင့်ဖတ်လေးတွေ အပင်ပေါ်ကနေမြေပြင်အထိ ကြွေကျတဲ့အရှိန်က တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်း ရှိတယ်တဲ့...မြေပြင်ကနေလွတ်တင်လိုက်တဲ့ အာကာသယာဥ်တစ်စီးကတော့ တစ်နာရီကို မိုင်ပေါင်း တစ်သောင်းရှစ်ထောင်နှုန်းနဲ့ ကမ္ဘာမြေက တဖြည်းဖြည်း ဝေးကွာသွားတယ်ဦးတည်ချက်ရှိတဲ့ လားရာတွေကဘယ်လောက်အချိန်တွေကြာပါစေ တစ်ချိန်ချိန်မှာ လိုရာခရီးကို ရောက်နိုင်ဦးမှာပဲမဟုတ်လား...ဒါပေမယ့်တစ်ချို့ ဦးတည်ချက်မရေရာပဲ မျှော်လင့်ချက်တစ်ခုတည်းနဲ့ လွတ်တင်မိခဲ့တဲ့ ယာဥ်တွေကတော့ ဘယ်အချိန်မှာ ဘယ်ကိုရောက်နိုင်မလဲ...Massage တွေ ထောင်ချီ အပြန်အလှန်ပို့နေခဲ့ပေမယ့် နှလုံးသားတွေ တစ်စင်တီမီတာလောက်တောင် နီးမလာတဲ့အခါ...အချိန်တွေအကြာကြီးစောင့်ဆိုင်းခဲ့ရပေမယ့် မျှော်လင့်တဲ့သူပြန်မလာတဲ့အခါ...အများကြီးကြိုးစားခဲ့ပေမယ့် ကြိုးစားမှုတွေ အရာမထင်ခဲ့တဲ့အခါတွေမှာရော...ငါတို့... လားရာမရှိတဲ့ မျှော်လင့်ချက်ယာဥ်တွေကိုလွတ်တင်နေမိသလိုပဲမဟုတ်ဘူးလား..တစ်ခါတစ်လေကျရင် လူတွေကကိုယ့်ရဲ့အဝေးကိုမျှော်နေရင်း ဘေးကကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေအရာတွေကို သတိမထားမိတတ်ကြဘူးလေတစ်ဖက်ကပြန်တွေးကြည့်ရင်တော့ ချယ်ရီပွင့်ဖတ်လေးတွေက မြေပြင်ကိုပဲ ဦးတည်ပြီးတော့သွားနေတာလားဒါမှမဟုတ် မိခင်အပင်အကိုင်းအခတ်တွေဆီကပဲ တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်းဝေးကွာခဲ့ကြတာပဲလားဘယ်သူသိနိုင်မလဲ....#5cm_per_second #Makoto_Shinkai Review : Han Htoo Zaw File Size – 674 MB Quality ...
movie
5 Centimeters Per Second (2007)
2007