Channel Myanmar

M Anand Raj

Chef Chidambara (2024) 7.8
Chef Chidambara (2024) Chef Chidambara (2024) ====================ဒီနေ့မှာတော့ ကျွန်တော်တို့ ဘောလိဝုဒ်ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating လည်း တော်တော်လေးကောင်းတဲ့ကားမို့ အားလပ်ချိန်မှာကြည့်ရှူဖို့အတွက် သင့်လျော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျား။ဇာတ်လမ်းအကျဉ်းချီဒူးဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဘိုးဘွားပိုင် ကမ်းခြေဘေးက ဟိုတယ်တစ်ခုကို ပေါင်ထားရပြီး ပြန်ရွေးနိုင်ဖို့အတွက် အတော်လေးရုန်းကန်ကြိုးစားနေရပါတယ်။သတ်မှတ်ထားတဲ့အချိန် ငွေမပေးနိုင်လို့ တစ်လလောက်အချိန်ထပ်ပေးဖို့ သွားပြောရင်း သူဌေးဖြစ်သူရဲ့ အမျိုးသမီးနဲ့ခေတ္တတွေ့ခဲ့ပြီး သူဌေးကိုပေးနိုင်ဖို့ ပိုက်ဆံရှာဖို့ ခေါင်းစားနေတုန်းမှာပဲ ခုနက သူဌေးကတော်ဖြစ်သူက လူအများသိလို့မရတဲ့ အရာတစ်ခုကို ကူညီပေးဖို့ပြောလာပါတယ်။ဖြစ်ပုံက သူဌေးကတော်ရဲ့ လက်ရှိအိမ်ထောင်မတိုင်ခင်မှာ တွဲခဲ့တဲ့ ဗစ်ကီဆိုတဲ့ ဘဲတစ်ဗွေက သူတို့အတူနေထားတဲ့ပုံတွေ ဗီဒီယိုတွေကို ရိုက်ထားပြီး သူ့ကိုလာပြီး ငွေညှစ်နေတာကို ချီဒူးကိုအဲ့ဒီဖိုင်တွေ သွားယူပြီး သူတောင်းတဲ့ပိုက်ဆံ ၁၀သိန်းကိုပေးခိုင်းဖို့လုပ်ပါတယ်။ ဒါပေမဲ့ အဲ့လိုလုပ်ဖို့ ချီဒူးတိုက်ခန်းဆီ ဗစ်ကီရောက်သွားတဲ့အချိန်မှာ မတော်တဆ အဲ့ဒီလူကသေသွားပါတယ်။ ဒါပေမဲ့ဇာတ်လမ်းက အဲ့ဒီမှစတာပါ။ ပုံတွေ ဗီဒီယိုတွေ ပါတဲ့ဖုန်းက ဗစ်ကီဝရံတာမှာ ဖုန်းထွက်ပြောတုန်း ကားတစ်စီးပေါ်ပြုတ်ကျပြီး ပါသွားတာပါ။ အဲ့ဒါကိုသူလည်းမသိလိုက်ပါဘူး။ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဆက်ဖြစ်မလဲ ဖုန်းကို ...
movie

Chef Chidambara (2024)

2024
Raaghu (2023) 9.5
Raaghu (2023) Raaghu 2023 IMDb - 9.6/10ဇာတ်လမ်းအကျဉ်းကိုဗစ်ကာလအတွင်း တစ်နိုင်ငံလုံးနီးပါး လော့ခ်ဒေါင်းချလိုက်တဲ့အချိန်မှာ တော်တော်များများဒုက္ခရောက်ကုန်ကြတယ်။ အလုပ်တွေလည်းနားလိုက်ရပြီး အိမ်မှာပဲပိတ်မိနေရတဲ့အချိန်ပေါ့။ ဒါပေမဲ့ ဆေးဝါးပို့ဆောင်ရေးသမားဖြစ်တဲ့ ရာဂူကတော့အဲဒီအချိန်မှာ ဆေးဝါး‌‌တွေပို့ရင်းအလုပ်များနေရတယ်။လူတကာပိတ်မိနေတဲ့ချိန်မှာ လွတ်လပ်စွာသွားလာနိုင်တဲ့ ပို့ဆောင်ရေးသမားကိုသတိထားမိသွားတဲ့ မသမာသူတွေက ဒါကိုအခွင့်ကောင်းယူပါတော့တယ်။ တစ်နေ့မှာ‌ ပါဆယ်တစ်ခုပို့ပေးဖို့ ရာဂူတစ်ယောက် ဖုန်းလက်ခံရရှိသွားတဲ့အချိန်မှာတော့ ပါဆယ်တစ်ထုပ်ကြောင့် မထင်မှတ်ဘဲသူ့အသက်ကိုပါ ခြိမ်းခြောက်လာတော့တယ်။ဇာတ်လမ်းအစမှာတင် ဇာတ်ကွက်ကိုခပ်သွက်သွက်ပဲစထားတာမို့ တစ်ကွက်မှမပျင်းရဘဲ ဇာတ်ကားဆုံးတဲ့အထိ ရင်တမမနဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Nyein ဖြစ်ပြီး ဘာသာပြန်တွေကတော့ Nyein~Aditi~Chiclon3နဲ့ Yunni တို့ပဲဖြစ်ပါတယ် File size…1.5GB / 600MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 31min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein~Aditi~Chiclon3 ~ Yunni 
movie

Raaghu (2023)

2023