Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Luc Besson
8.5
Léon: The Professional (1994)
Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, DramaThe Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို ...
movie
Léon: The Professional (1994)
1994
6.6
Anna (2019)
Anna (2019)IMDb Rating (6.6)မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ဇာတ်လမ်းကတော့....အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။ File size…(6.1 GB)/(1.9 GB )/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:58:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Neve
movie
Anna (2019)
4K HEVC
7.3
La Femme Nikita (1990)
La Femme Nikita (1990)~ IMDb - 7.3/10, RT - 89%, Meta - 56% ~ဒီတစ်ခါကတော့ အက်ရှင်ကားကောင်းကောင်းတွေကြည့်ချင်နေတဲ့ ညီအစ်ကိုတို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆုပေါင်းများစွာပိုင်ဆိုင်ထားတဲ့အပြင် Critics Rating တွေလည်း ကောင်း၊ Series ပါပြန်ရိုက်ရလောက်အောင် အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ...
movie
La Femme Nikita (1990)
1990
6.4
Lucy ( 2014 )
Lucy ( 2014 ) အညွှန်း********************* လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားကလူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်းအသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကိုသယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီးဗိုက်ကို အကန်ခံလိုက်ရတဲ့အခါမှာတော့......................နာမည်ကျော် ညှို့အားပြင်း မင်းသမီးချော Scarlett Johanssonခေါင်းဆောင်ပါဝင်ပြီး ကိုရီးယား မင်းသားကြီး Choi Min Sik ကJohansson နဲ့ အပြိုင် လူဆိုးကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။ပရော်ဖက်ဆာ နော်မန်အဖြစ် Morgan Freeman က Logic တွေတော်ကီပွားရုံ သရုပ်ဆောင်ထားပြီး Amr Waked က ...
movie
Lucy ( 2014 )
2014
4K HEVC
6.4
The Messenger: The Story of Joan of Arc (1999)
The Messenger: The Story of Joan of Arc (1999)ဒီကားလေးဟာ ပြင်သစ်တော်လှန်ရေးကားလို့ပြောလို့ရသလို ဘာသာရေးအစွန်းရောက်သူတွေ အစွန်းရောက်မှုတွေကို ပြသတဲ့ကားလို့လဲ ပြောလို့ရပါလိမ့်မယ်။နန်းတွင်းကား၊ ရှေးခေတ်စစ်ကားတို့ရဲ့ ထုံးစံအတိုင်း တိုက်ပွဲတွေကို ကြည့်ရမှာဖြစ်သလို ပိုပြီးထူးဆန်းတာက ဒါဟာ သမိုင်းဝင်ဖြစ်ရပ်ကို အခြေပြုပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မင်းသမီးဂျန်းဟာ ဘုရားသခင်ရဲ့ တမန်တော်လို့ဆိုပြီး ပြင်သစ်အတွက် အင်္ဂလန်ကနေ လွတ်လပ်ရေး တိုက်ပွဲတွေ အနိုင်ဆောင်ကျဉ်းပေးခဲ့သူဖြစ်ပါတယ်။ သူဟာ တကယ်ပဲ ဘုရားသခင်ရဲ့ တမန်တော်လား၊ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်လို့ပဲလား၊ ဒါမှမဟုတ် ကံကောင်းလို့ပဲ တိုက်ပွဲတွေနိုင်ခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှ အသေအချာမသိခဲ့ကြပါဘူး။ ဒါပေမယ့်လည်း တိုက်ပွဲတွေကြားထဲ သစ္စာဖောက်မှုတွေ၊ ဘာသာရေးအစွန်းရောက်မှုတွေ လွှမ်းမိုးလာတဲ့အချိန်မှာတော့ ဘုရားသခင်ရဲ့ တမန်တော်၊ သူတော်စင်ဂျန်းဟာလည်း လူတွေရဲ့ ဓါးစာခံဖြစ်သွားရရှာပါတယ်။မင်းသမီး Milla Jovovich ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားဟာ စိတ်လှုပ်ရှားစရာအပြည့်နဲ့ အပီအပြင်ခံစားလို့ရမယ့်ကားလေးဖြစ်တာမို့ အားပေးကြည့်ရှုလိုက်ကြပါဦး...(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ...
movie
The Messenger: The Story of Joan of Arc (1999)
1999
6.3
The Family (2013)
The Family (2013)_____IMDb - 6.3/10 နယူးယောက်မှ လူဆိုးဂိုဏ်းဝင် ဂျော်ဗန်နီ မန်ဇိုနီ ဟာ FBIအေးဂျင့် ရောဘတ် စတန်ဖီနဲ့ အပေးအယူလုပ်ပြီး သူ့ရဲ့ မာဖီးယားအဖွဲ့ကို သစ္စာဖောက်ခဲ့ပါတယ်... သူ့ရဲ့ သတင်းပေးမှုကြောင့် မာဖီးယားအဖွဲ့ အတော်လေးဖွဲ့စည်းပုံပျက်သွားတယ်... ဂျော်ဗန်နီဟာ သက်သေကာကွယ်ရေးအစီအစဉ်မှာပါဝင်ခဲ့ပြီး ဖရက် ဘလိတ် အဖြစ် မှတ်ပုံတင်အသစ်ရခဲ့ပါတယ်... ဂျော်ဗန်နီနဲ့ သူ့ဇနီး မက်ဂီ သူတို့ရဲ့ဆယ်ကျော်သက်ကလေးတွေဖြစ်ကြတဲ့ ဘဲလ်လာနဲ့ ဝါရန်တို့ဟာ နော်မန်က Cholong sur Avredကို စတန်ဖီနှင့် အေးဂျင့်၂ယောက်တို့ရဲ့ အကာအကွယ်နဲ့ပြောင်းရွေ့ခဲ့ပါတယ်... မာဖီယားတွေအတွက်တော့ သူတို့မိသားစုဟာ ကမ္ဘာမကျေပါပဲ... ဒီအချိန်မှာ မာဖီယားဂိုဏ်းက လူသတ်သမားကို ဒေါ်လာသန်း၂၀ပေးပြီး သူတို့မိသားစုကို သတ်ခိုင်းပါတယ်... မာဖီးယားဂိုဏ်းဟာ မန်ဇိုနီ မိသားစုကို မထင်မှတ်ဘဲ ရှာတွေ့သွားပြီးတဲ့နောက်မှာတော့..... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် Hnin Amy Khineကရေးသားပေးပါတယ်... File Size : (903 MB) Quality : Blu-Ray 720p Format…mp4 Duration…01:51:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard ...
movie
The Family (2013)
2013
6.5
Valerian and the City of a Thousand Planets (2017)
Valerian and the City of a Thousand Planets (2017) IMDb - 6.5/10_____Rotten - 48% 2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့ ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 ...
movie
Valerian and the City of a Thousand Planets (2017)
2017
7.1
The Lady (2011)
The Lady (2011) ********************************(သံမဏိလိပ်ပြာ)IMDB (7.1)Google users 81% ဇာတ်လမ်းအကျဉ်း ——————– ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဂဠုန်ဦးစော ကလုပ်ကြံ သတ်ဖြတ်တဲ့ နေရာကနေစပြီးတော့ အခြေတည်ထားပါတယ်။ ထိုစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ ၂နှစ်အရွယ် သမီးလေးအဖြစ်သာရှိနေပါသေးတယ်။အသက်အရွယ်ရလာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အင်္ဂလန်မှာပဲ အခြေကျပြီးတော့ Michael Aris (Oxford ကဆရာ) နဲ့ အိမ်ထောင်ကျပါတယ်။ သား၂ယောက်ထွန်းကားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒေါ်စု အမေ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပါတယ်။ဒေါ်စု ပြန်လာတဲ့အခိုက် မှာ ၁၉၈၈ အရေးအခင်းနဲ့ကြုံရပြီးတော့…..မြန်မာ့ဒီမိုကရေစီလမ်းကြောင်းအတွက် သူမရဲ့ဘဝတစ်ခုလုံးကိုရင်းနှီးမြှပ်နှံထားပုံတွေကို သမိုင်းပေါ်အခြေခံလို့ ကြည့်ရှုရမယ့် Biographical Film ဖြစ်ပါတယ်။Review CrdFile Size : (GB) and (1.3 GB) Quality : Blu-Ray 1080p Format…mp4 Duration… 2h 12min Genre : Biography, Drama, History Subtitle : Myanmar ...
movie
The Lady (2011)
2011