Channel Myanmar

Leste Chen

Home Sweet Home ( 2021 ) 6
Home Sweet Home ( 2021 ) Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့...ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်း ဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်က ကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး ...
movie

Home Sweet Home ( 2021 )

4K HEVC
Upcoming Summer ( 2021 ) 6.9
Upcoming Summer ( 2021 ) ဒီတစ်ခါတော့ The long Ballad ဇာတ်ကားနဲ့ ပရိတ်သတ်တွေအချစ်အားလုံးကိုသိမ်းပိုက်သွားတဲ့ မင်းသား Leo Wu ရဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာပါနော် ဒီဇာတ်ကားလေးကတော့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်အရွယ်သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့ ...ချန်ချန်ဟာ မိသားစုပြဿနာကြောင့် စာမေးပွဲမဖြေနိုင်လိုက်ဘဲတစ်နှစ်ပြန်နေဖို့ဖြစ်လာခဲ့ပါတယ် ကျန်းယွီရှင်း(Leo Wu) ကတော့စာမေးပွဲကိုတောင် လာမဖြေခဲ့လို့ နောက်တစ်နှစ်ပြန်နေရတဲ့အင်တာနက်ဆယ်လီတစ်ယောက်ပါ အရမ်းကိုထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံပုံလေးကတော့... ကျန်းယွီရှင်းဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲသူ တစ်ခါမှ မမြင်ဖူးတဲ့ ချန်ချန်က သူ့ကောင်မလေးလို့ ကျောင်းမှာ နာမည်ကြီးသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ ချန်ချန်ကို စသတိထားမိသွားပြီးမိသားစုပြဿနာ အချစ်ရေးပြဿနာတွေကို ရင်ဖွင့်ရင်း နှစ်ဦးသား အမှန်တရားကိုလက်ခံနိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံး တစ်ခါတစ်လေမှာ အမှန်တရားကို သိနေပေမဲ့လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့အချိန်မျိုးမှာ လက်တွေ့ဘဝကို ငြင်းဆန်တတ်ကြပါတယ်ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အဲ့လိုလူ့သဘာဝအကြောင်းလေးကိုထည့်သွင်းရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါတင်မကဘူး ဟာသလေးတွေပါနှောထားတာကြောင့် တကယ်ကို အချိန်ကုန်မြန်စေမှာပါနော် Quality : WEB-DL 1080p, 720p , ...
movie

Upcoming Summer ( 2021 )

The Great Hypnotist (2014) 7.0
The Great Hypnotist (2014) [Unicode]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ လျန်ရှောင်ရန်ဆိုတဲ့မိန်းမတစ်ယောက် ကုသခံဖို့ရောက်လာခဲ့တာကနေ အစပြုဇာတ်ကြောင်းဆင်ထားပါတယ်သူ့ပညာကို အတော်လေးယုံကြည်မှုရှိပြီး မာနကြီးတဲ့ ဒေါက်တာရွှီယွေနင်တစ်ယောက် အချက်အလက်ကျစွာနဲ့ သူ့ကိုတန်ပြန်တုန့်ပြန်လာတဲ့ လူနာနဲ့တွေ့ကြုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ အဲဒီအချက်အလက်ဆိုတာတွေကရော အမှန်တကယ်ပဲလား နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေဆက်ရှိနေမလဲဆိုတာ ရင်သပ်ရှုမောရင်းကြည့်ရှုရပါလိမ့်မယ်အဓိကဇာတ်ကောင်နေရာတွေကတော့ Forbes China Celebrity 2020 ရဲ့ နံပါတ်၂နေရာမှာရှိနေတဲ့ နာမည်ကြီးအနုပညာပါရမီရှင် Xu Zheng ဖြစ်ပြီး တွဲဖက်အားဖြည့်ထားသူကတော့ So Close ဇာတ်ကားရဲ့ရဲမေဆိုရင် ရုပ်ရှင်ပရိသတ်အားလုံးသိနိုင်ကြမှာဖြစ်ပါတယ်ဆရာဝန်နဲ့လူနာ ဆွေးနွေးကုသနေတဲ့ဟောခန်းထဲမှာ ဇာတ်ကားပြီးသွားတာဖြစ်ပေမယ့် အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပြီး ပြီးလို့ပြီးလိုက်မှန်းတောင်မသိဖြစ်သွားမယ်ဆိုတာ လုံးဝအာမခံပါတယ် ။( အညွှန်းရေးသားထားသူကတော့ Phu Nge Nge Thein ဖြစ်ပါတယ် ) [Zawgyi]ဇာတ်လမ်းအမျိုးအစားကတော့ အားလုံးစိတ်ဝင်စားကြမယ့် Mystery - Thriller ပဲဖြစ်ပါတယ်အိပ်မွေ့ချကုထုံးမှာ အရမ်းတော်တဲ့စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာရွှီယွေနင်ဆီကို ထူးခြားတဲ့ case အနေနဲ့ သရဲတွေကိုမြင်နိုင်တယ်လို့ပြောလာတဲ့ ...
movie


20 Once Again (2015) 6.7
20 Once Again (2015) FOD မင်းသားလေး လုဟန်ရဲ့ဇာတ်ကားလေးပါ။ ဒီကားလေးထဲမှာ “မောက်ကျင်း” ဆိုတဲ့မိန်းကလေး တစ်ဦးတည်းသောသားလေးကို မုဆိုးမဘ၀နဲ့ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်လာခဲ့တာ သားလေးတောင် တက္ကသိုလ်က ပါမောက္ခဖြစ်လို့ အဘွားအိုအရွယ်တောင် ရောက်လာခဲ့ပါပြီ။ စိတ်ရင်းကောင်းမွန်ပေမယ့် အဘွားကြီးပီပီ ပြစ်တောက်တောက် အပြောတွေကြောင့် ချွေးမမှာ စိတ်ဆင်းရဲနေတယ်။ တစ်နေ့တော့ သူ့ချွေးမရဲ့ကျန်းမာရေးအခြေအနေအရ အဘွားမောက်ကျွင်းကို ဘိုးဘွားရိပ်သာ ပို့ရတော့မယ့် အခြေအနေ ရောက်လာပါတယ်။ ဒီအတွက် ပူဆွေးဝမ်းနည်းနေတဲ့အဘွားအို နောက်တစ်နေ့နိုးလာချိန်မှာ သူရဲ့အလှပဆုံးအချိန်တွေဖြစ်တဲ့ အသက် ၂၀ အရွယ်ကို ပြန်ရောက်သွားတဲ့ အခါမှာတော့……… ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ  လူတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ အပယ်ခံလိုဖြစ်လာတတ်ပါတယ်။ အခက်အခဲများစွာဖြတ်သန်းလာပြီးတဲ့နောက်မှာတော့ ဘ၀အတွေ့အကြုံအများအရ ဘ၀နေကွယ်ချိန်မှာ နောင်တရတတ်သူများရှိသလို နောင်တမရဘဲ ကောင်းမွန်စွာဖြတ်သန်းခဲ့ရသူများလည်း ရှိကြပါတယ်။ အပယ်ခံဘ၀ရောက်ပြီးမှ သင်ရော အသက်၂၀ အရွယ်ကို ဘ၀ကိုဘယ်လိုပြန်စချင်ပါသလဲ ဒီအဘွားရော ဘယ်လိုပြန်စမယ်ထင်လဲ အချစ်ရေးလား စီးပွားရေးလား နဂိုမိသားစုအရေးလား ကိုယ့်အတွက်ဖြတ်သန်းမလား သူများအတွက်ဖြတ်သန်းမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်...Quality…..BluRay 1080p Duration…..02:11:00 Format…Mp4 File Size…(923 MB , 421 ...
movie

20 Once Again (2015)