Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Ji-Won
7.2
Bungee Jumping of Their Own (2001)
မင်းသားကြီး လီဗြောင်ဟွန်းရဲ့ ၂၁ ရာစု ခေတ်ဦးက BL ဇာတ်ကားပါ။ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ မြန်မာက "အမျှင်" ဆိုပြီး ပြန်ရိုက်ခဲ့ပါတယ်။ ထိုင်းကတော့ ၂၀၁၉ ခုနှစ် "Dew" ဆိုတဲ့ နာမည်နဲ့ ပြန်ရိုက်ခဲ့ပါတယ်။ ပြန်ရိုက်ထားတဲ့ကားတွေကတော့ မြန်မာမှု၊ ထိုင်းမှု ပြုတာ ဖြစ်တဲ့အတွက် မူရင်းကားရဲ့အရသာနဲ့ မတူပါဘူး။ ဒါကတော့ "Dew" ဇာတ်ကားရဲ့လင့်ခ်ပဲ ဖြစ်ပါတယ်။ https://channelmyanmar.to/dew/ ဒီကားမှာတော့ ၁၉၈၀ ဝန်းကျင်က စထားပါတယ်။ ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ လီထယ်ဟီး ဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိတယ် ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့ပြီး တစ်သက်တာ ပေါင်းဖက်ဖို့အထိ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံကြမ္မာရဲ့လှည့်စားမှုတွေကြောင့် မမျှော်လင့်ဘဲ ထယ်ဟီးတစ်ယောက် ဆုံးပါးခဲ့ရပါတယ်။ ၁၇ နှစ် အကြာမှာတော့ ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ အိမ်ထောင်ရက်သားကျပြီး ကလေးတစ်ယောက်အဖေ ကျောင်းဆရာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ခပ်ဆိုးဆိုးကျောင်းသားတွေရဲ့အတန်းပိုင်ဖြစ်လာတဲ့ ဆောအင်ဝူးဟာ ကျောင်းသား-ဆရာ ဆက်ဆံရေး အရမ်းကို အဆင်ပြေခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဆောအင်ဝူးတစ်ယောက် အင်ဟွန်ဘင် ဆိုတဲ့ ကျောင်းသားတစ်ယောက်အပေါ်ကို ကြွေမိသွားပါတော့တယ်။ ဒါတွေက ဘာကြောင့်များပါလဲ????? ဇာတ်လမ်းထဲမှာ ကျွန်တော်တို့ ဆက်ပြီး အဖြေရှာကြည့်ပါစို့ဗျာ။ ဇာတ်ဆောင် ...
movie
Bungee Jumping of Their Own (2001)
2001
6.8
Miss Baek (2018)
ဒီကားလေးကတော့ child abuse အကြောင်းရိုက်ထားတဲ့ဇာတ်လမ်းလေးပါ တကယ့်ဖြစ်ရပ်မှန်ကိုရုပ်ရှင်ရိုက်ထားတာဆိုတော့ ရင်ထဲတော်တော်ထိပါတယ် ( ဘာသာပြန်ရင်းမျက်ရည်တောင်ကျတယ် ) သရုပ်ဆောင်တွေကလည်းတကယ့်အပိုအလိုမရှိသရုပ်ဆောင်ထားတာပါ message တွေအများကြီးနဲ့တကယ့်အနှစ်ကားလေးပါ ကြည့်ပြီးရင် ရင်ထဲတစ်ခုခုတော့ကျန်ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးကတော့ ဘတ်ဆန်းအာ(miss beak) ဟာ လူသတ်ဖို့ကြိုးစားမှုနဲ့ထောင်ကျဖူးတဲ့အမျိုးသမီးတစ်ယောက် ငယ်စဉ်ကတည်းအကြောင်းအမျိုးမျိုးကြောင့် အမေအရင်းကနေစွန့်ပစ်တာကိုခံခဲ့ရတယ် ဒီလိုနဲ့ဘ၀ကိုဖြစ်သလိုရပ်တည်လာရင်း မထင်မှတ်ပဲအေးစက်နေတဲ့ဆောင်းညတစ်ညမှာ လမ်းဘေးမှာထိုင်ပြီးခိုက်ခိုက်တုန်နေတဲ့ ကိုးနှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့စတွေ့ခဲ့တယ် အဲ့ကလေးမလေးကလည်းအဖေအရင်းနဲ့ အဖေဖြစ်သူရဲ့အတူနေရည်းစားရဲ့နှိပ်စက်မှုတွေကို အရွယ်နဲ့မလိုက်အောင်ခါးစည်းခံနေရတဲ့ကလေးမလေး ဒီကလေးမလေးကိုဘတ်ဆန်းအာကတွေ့သွားတဲ့အချိန်မှာ ဘတ်ဆန်းအာက သူ့မရဲ့အတိတ်ကဘ၀ကိုသတိရသွားပြီး ဒီကလေးမလေးအပေါ်သနားသွားပါတယ် ဘတ်ဆန်းအာကဒီကလေးမလေးရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုတွေ့ပြီး ကလေးမလေးကိုနှိပ်စက်ကြတဲ့အကြောင်းကိုသိသွားပါတော့တယ် ဘတ်ဆန်းအာနဲ့ဒီကလေးမလေးတွေ့ပြီး ဘာတွေဆက်ဖြစ်မှာလဲ ဒီကလေးမလေးကိုရော ဘတ်ဆန်းအာကကယ်တင်နိုင်မှာလား ဘတ်ဆန်းအာကိုရော သူ့အမေကဘာလို့စွန့်ပစ်သွားခဲ့တာလဲ ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲကြည့်ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie
Miss Baek (2018)
2018