Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Berner
7.2
The Patriot (2000)
၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာသူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာသူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီးမိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။သို့သော်က မပါတ်သတ်လိုပေမယ့်ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကိုစောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူကဒဏ်ရာရလာခဲ့ပါတယ်။သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီးနှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန်ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကိုဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက်တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့တပိုင်းတစကူညီရပါတော့တယ်။Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားကထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲတမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်းဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေကအမြင်ဆန်းသစ်နေပါတယ်။နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ်အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ဒီဇတ်ကားကို ...
movie
The Patriot (2000)
2000
7.2
Live Free or Die Hard (2007) Die hard 4
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Live Free or Die Hard (2007) Die hard 4
2007
4K HEVC
7.3
The Last Witch Hunter (2015)
The Last Witch Hunter ================== လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ လောက်က လူသား တွေ ကသူတို့ဖာသာ အိုးအိမ်တွေမြို့သစ် တွေတည်ပြီး စည်ပင်ထွန်းကားခဲ့ကြတယ် တန်ခိုးသြဇာ ကြီးမားခဲ့ကြတယ် ဒါပေမယ့် သူတို့ မေ့လျော့နေခဲ့တာက မွေးရာပါပါရမီ ထူးပါလာပြီး ဆရာ မလို လမ်းကြောင်းမယ့် သူမလိုပဲအောက်လမ်းပညာတွေမှော်အတတ် အစီမံတွေ ကျွမ်းကျင်နေတဲ့ လူတစ်စုပဲ တစ်နည်းအားဖြင့် စုန်းတွေပေါ့ စုန်းတွေနဲ့ လူ တွေကြားက ပဋိပက္ခတွေဟာအချိန်နဲ့အမျှ လှိုက်စားကြီးထွားလာတယ် အမုန်းအာဃာ တတွေကလဲ လမ်းဆုံးမရှိတဲ့ခရီးလမ်းလို များပြားထွေလီရှည်လျားခဲ့တယ် ဒီလိုနဲ့ သေမြေကြီးရှင်ရွှေထီးဆိုပြီး ထင်ရာစိုင်း တဲ့ဗိုက်ကင်းတွေ မိမိတိုင်းပြည်လူမျိုးအတွက် အသက်စွန့်တိုက်ခိုက်မယ့်ရဲရဲတောက် သူရဲကောင်းတွေ သူတို့ အသက်ကအရေး မပါဘူူး သူတို့မှာဖက်တွယ်စရာအိုးအိမ် တွေလဲ မရှိရှာတော့ဘူူး ဒီကြမ္မာငင်ဇာတ် လမ်းဆိုးကို ပြန်နားထောင်ပေးမယ့်သားမြေး မြစ်တွေလဲ မရှိတော့တဲ့အချိန် ရော်ရင့်နေတဲ့ သစ်ပင်အိုကြီး မကောင်းမှုတို့ အလုံးစုံအတိ ပြီးတဲ့ စုန်းအသိုက်မြုံထဲ ချဉ်းနင်းဝင်ရောက် ကြတယ် ဗင်ဒီဇယ် တဖြစ်လဲ ကော်ဒါ ဦး ဆောင်တဲ့ တပ်စုလေး အောက်လမ်းစုန်း တွေရဲ့ ခြောက်ခြားမှုတွေအောက်မှာသွေး မပျက်အောင်ကြိုးစားထိန်းနေရတယ် တစ်ယောက်ပြီးတစ်ယောက် တစ်သက်ပြီး တစ်သက်ပေးဆပ်လိုက်ရတဲ့ သွေးသောက် ညီကိုတွေကိုကြည့်ပြီး သံထည်နဲ့မီးတောက် အားကို ပြု ပီး ကော်ဒါတစ်ယောက် မိစ္ဆာမရင်ဝကို ဒီလူမျိုးတုန်းသတ်ဖြတ်တဲ့ ပုလိပ်ရောဂါကပ်ဆိုးကြီးဖန်တီးရှင်ရဲ့ အသဲ အူတည့်တည့်ကို အမုန်းဓားတစ်ဆင်းထိုး စိုက်လိုက်နိုင်ခဲ့တယ် စုန်းဘုရင်မကြီး နိဌိတံပြီး ပုလိပ်ရောဂါဆိုး ကြီးလဲ ချုပ်ငြိမ်းပြီ ဒါပေမယ့် ...
movie
The Last Witch Hunter (2015)
7.1
The Thirteenth Floor (1999)
ဒီကားကတော့ သိပ္ပံအက်ရှင် ကိုမှ ဒရာမာနဲ့မှုခင်း ခပ်ပါးပါးထည့်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး အစကနေအဆုံးထိ ဘာဖြစ်မလဲရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း.... ဒေါက်ဂလပ်စ်ဟောဆိုတဲ့ လူငယ်နည်းပညာသမားတစ်ယောက်ဟာ ဟနွန်ဖူလာ ဆိုတဲ့အဖိုးကြီးပိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ နည်းပညာကုမ္ပဏီကြီးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးက လူသားတွေရဲ့စိတ်နဲ့ သူတို့ပရိုဂရမ်သွင်း ဖန်တီးထားတဲ့ဇာတ်ကောင်ပုံရိပ်တွေရဲ့ ပရိုဂရမ်လင့်ခ်ကို ချိတ်ဆက်ဝင်ရောက်ပြီးတော့ လူသားတွေလုပ်တာမှန်သမျှ အကုန်လုပ်လို့ရတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီး(simulation)ကို စမ်းသပ်တီထွင်နေတာဖြစ်ပြီး အောင်မြင်လုဆဲဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဒီကုမ္ပဏီကြီးရဲ့ပိုင်ရှင် အဘိုးကြီးဟနွန်ဖူလာဟာ အသတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် အဖိုးကြီးက သူအသတ်ခံရမှာကို ထူးဆန်းစွာ ကြိုသိနေခဲ့ပြီး သူဘာကြောင့်အသတ်ခံရလဲဆိုတဲ့ အကြောင်းအရာကို စာတစ်စောင်ရေးပြီး သူဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာ(simulation)ထဲမှာ ထားခဲ့တဲ့အကြောင်း သူ့တပည့် ဒေါက်ဂလပ်စ်ဟောကို voice messageပို့ထားခဲ့ပါတယ်။ ထူးဆန်းတာက ဒေါက်ဂလပ်စ်ဟော ကိုယ်တိုင်ကလဲ အဖိုးကြီး အသတ်ခံခဲ့ရတဲ့ည ရဲ့နောက်တစ်မနက်မှာပဲ သွေးတွေပေနဲ့တဲ့ သူ့အင်္ကျီကို တွေ့ရပြီး ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ပါဘူး။ ရဲတွေကလဲ ဒေါက်ဂလပ်စ်ဟာ ကုမ္ပဏီကိုဦးစီးချင်လို့ အဖိုးကြီးကိုသတ်လိုက်တာလို့သံသယဝင်လာကြတာကြောင့် သူကိုယ်တိုင်လဲဇဝေဇဝာဖြစ်နေတဲ့ ဒေါက်ဂလပ်စ်ဟာ အကြောင်းရင်းအမှန်ကိုသိရဖို့ ပုံရိပ်ယောင်ကမ္ဘာထဲကိုဝင်ပြီး အဖိုးကြီးထားခဲ့တဲ့ စာကိုရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အရင်ကတစ်ခါမှ ရှိတယ်လို့မကြားဖူးတဲ့ အဖိုးကြီးရဲ့ သမီးဂျိန်းဖူလာကလဲ ပြင်သစ်ကနေရောက်လာတဲ့အခါ...... ဒါကတော့ ဒီဇာတ်လမ်းရဲ့ အစပိုင်းအကျဉ်းဖြစ်ပြီးတော့ အဘိုးကြီးကို ဘယ်သူသတ်တာလဲ ဘာကြောင့်သတ်ရတာလဲဆိုတာတွေကို တွေးထင်မထားတဲ့ရှုထောင့်တွေကနေ ကြည့်ရမှာပါ။ ဇာတ်အိမ်က တော်တော်လေးကို ကျယ်ပြန့်ကောင်းမွန်ပြီး spoilသလိုဖြစ်မှာစိုးလို့ အများကြီးမပြောတော့ပါဘူး။ science fiction, crime thriller ဇာတ်လမ်းအမျိုးစားကိုကြိုက်တတ်သူတွေ, ဇာတ်လမ်းအမျိုးအစားမရွေးပဲ ဇာတ်အိမ်ကောင်းရင် ကြည့်တတ်တဲ့လူတွေအတွက်တော့ downမိလို့နောင်တမရစေမယ့် ကားမျိုးဖြစ်ပါတယ်။ Translated By : Kaung Khant Win Encoded By ...
movie
The Thirteenth Floor (1999)
1999
5.3
Godzilla (1998)
ဟောလိဝုဒ်က ရိုက်ကူးထားတဲ့ ဂျပန်တို့ရဲ့ ဂေါ်ဇီလာဇာတ်ကားပါ။ဂေါ်ဇီလာဇာတ်ကောင်ကို မိတ်ဆက်နိုင်ခဲ့ပြီး အားပေးမှုအတော်အတန်ရရှိခဲ့သလိုဝင်ငွေလဲကောင်းခဲ့ပါတယ်။ဒီဇာတ်ကားကနေအစပြုလို့ ဂေါ်ဇီလာပါဝင်တဲ့ MonsterVerse ဇာတ်ကားတွေ တောက်လျှောက်ပေါ်ထွက်လာဖို့ရှိပါတယ်။ File size…(2.3 GB) and (1.2 GB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….02:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Godzilla (1998)
1998
6.4
The Day After Tomorrow (2004)
The Day After Tomorrow (2004) IMDb - 6.4/10_____Rotten - 44% IMDb rating 6.4/10 ရရှိထားပြီး 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။ အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ ဒါကို နယူး ဒေလီ မှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး။ နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစ်စတစ်စ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိ ဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှာ မကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ...
movie
The Day After Tomorrow (2004)
2004
7.4
The Judge (2014)
The Judge (2014)_____IMDb - 7.4/10 ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်..ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ..ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး ...
movie
The Judge (2014)
2014
7.0
Tropic Thunder (2008)
ဒီဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့်တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။ မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr...Night at The Museum မင်းသားကြီး Ben Stiller...ဂါလီဗာ မင်းသားကြီး Jack Black...မင်းသားကြီး Tom Cruise...စတဲ့ နာမည်ကြီးမင်းသားတွေပါဝင်ထားပါတယ်။ နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တဲ့ ဇာတ်ညွှန်းကို အထူးချီးကျူးမိပါတယ်။ IMDb Rating -7 နဲ့ Rotten Tomatoes -82% ရရှိထားပြီး Comedy ဇာတ်ကားတွေထဲမှာ ထိပ်တန်းက အမြဲပါဝင်နေမယ့် ဇာတ်ကားပါ။Comedy ဟာသကြိုက်နှစ်သက်သူတွေ လုံးဝလက်မလွတ်သင့်တဲ့ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ File Size…(900 MB) and (400 MB)Quality…BluRay Rip ...
movie
Tropic Thunder (2008)
2008