Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ki-duk Kim
8.1
3 IRON (2004)
ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်ဟာ သူစိမ်းတွေရဲ့ အိမ်တွေမှာ သူတို့မရှိတဲ့အချိန်ဆို အကြောင်းအရင်းမသိရပဲ တက်နေပါတယ်။ ဒီလိုနဲ့ သူနေဖို့ရွေးချယ်လိုက်တဲ့ သူဌေးအိမ်တစ်အိမ်က သူဌေးကတော်ငယ်ငယ်လေးဟာ အလိုတူအလိုမပါပဲ ယူထားရတဲ့အတွက် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ ပိတ်မိလို့နေပါတယ်။ဒီတော့ သူဟာ လူလုံးထွက်ပြပြီး သူဌေးကို မေ့လဲအောင် လုပ်ကာ သူဌေးကတော်လေးကို ခေါ်ထုတ်လာခဲ့ပါတယ်။ သူဌေးကတော်လေးကလည်း လှောင်အိမ်ထဲက လွှတ်မြောက်အောင်လုပ်ပေးတဲ့ လူငယ်လေးကို ချစ်မိသွားသလို လူငယ်လေးကလည်း ပြန်ချစ်မိသွားခဲ့ပါတယ်။ ဒီတော့ အတောင်ကျိုးငှက်နှစ်ကောင် ဘယ်လိုများ လွတ်မြောက်အောင် ထွက်ပြေးကြမလဲ၊ သူဌေးကတော်ကရော သူ့ကို လိုက်ရှာနေတဲ့ သူဌေးဆီ ပြန်ပါသွားမှာလား၊ သူများအိမ်မှာ တက်နေတတ်တဲ့လူကို ရဲတွေကလည်း သဲလွန်စရပြီး လိုက်ရှာနေတဲ့အချိန်မှာ သူတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ပဟေဠိကို အဖြေညှိရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Romance, Crime, Drama Subtitle….Myanmar Subtitle ...
movie
3 IRON (2004)
2004
8.0
Spring, Summer, Fall, Winter… and Spring (2003)
Spring, Summer, Fall, Winter... and Spring (2003)====================================IMDb Rating - 8.0/10#Unicodeဒီနေ့မှာ ဒီနှစ်မှာ ဒီဘ၀မှာ ကြုံရတဲ့ဒုက္ခဝေဒနာသံသရာလို့ ခင်ဗျားတို့ခေါ်ကြတဲ့ ထပ်ဖန်တလဲလဲဖြစ်ပျက်တဲ့ သဘောတရားအတိုင်း ဖြစ်ပျက်နေမယ်ဆိုရင် ဒီဒုက္ခတွေဟာ ရင်ဆိုင်နိုင်စရာရှိပါ့မလား။နွေကန္တာဦးကိုဖြတ်သန်းပြီးတဲ့အခါ ဂိမာနနွေဂိမာနနွေကိုကျော်လွန်သွားတဲ့အခါ ရွက်ကြွေဆောင်းဦး ဆောင်းဦးကိုကျော်လွန်သွားတဲ့အခါ ဟေမန္တဆောင်းပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ဒွန်တွဲလို့ ဒီအရာတွေအားလုံးကို ကျော်လွန်ပြီးသွားတဲ့အခါ နွေကန္တာဦးဟာ ပြန်မွေးဖွားလာပြန်တယ်။အဆုံးမသတ်တတ်တဲ့ သဘောသဘာ၀ရှိပါတဲ့ ဒီသံသရာကြီးမှာ ကျွန်တော်တို့ ခြေလှမ်းတွေနဲ့ထပ်ကြပ်မကွာ အပြစ်၀န်တွေဟာ လေးလံလှစွာ ပါလာတယ်။နွေဦးပြီးတော့နွေ နွေပြီးတော့ဆောင်းဦ; ဆောင်းဦးပြီးတော့ဆောင်း ဆောင်းပြီးတော့နွေ အားလုံးဟာ ဒီအပြစ်၀န်တွေကို သယ်ကာပိုးကာနဲ့ ရှေ့ဆက်ကြရဦးမယ်။ကဗျာဟောင်းကလေးထဲကလိုဆိုရရင် မာယာတွေရစ်သိုင်းထားတဲ့ လောကဓံတရားရဲ့အောက်မှာ ဘယ်လူသားကမှတော့ ဒဏ်ရာနဲ့ မကင်းခဲ့ပါဘူး။ ကျွန်တော်တို့သယ်ပိုးထားရတဲ့ ဒဏ်ရာတွေကို လွှတ်ချဖို့ အဖြေက အချိန်ပါပဲ။ အချိန်ဟာ အရာအားလုံးရဲ့ အဖြေပါပဲ။ဒီအရာတွေ ဘယ်အချိန်မှာရပ်သွားမလဲ ဒီရင်ထဲမှာချည်နှောင်ထားတဲ့အပြစ်၀န်တွေကို ဘယ်လိုဖြေချရမလဲ ဆိုတဲ့အဖြေကတော့ ကိုယ်တိုင်ရဲ့ ရင်ထဲမှာပဲရှာရမယ်။အဖြေမရှာနိုင်သေးသမျှတော့ ...
movie
Spring, Summer, Fall, Winter… and Spring (2003)
2003
7.1
(18+) Isle (2000)
အချစ်ဟာ လူကိုစိတ္တဇဖြစ်စေတယ်ဆိုရင်ယုံမလား ရေပေါ်'တဲ'တွေဆီအပန်းဖြေမို့လာတဲ့ကောင်လေးကို လှေမောင်းတဲ့ကောင်မလေးကချစ်မိခဲ့ပါတယ်... အရူးအမူးကိုချစ်မိသွားတာပါ...ဒါဆိုရင်ခဏကအချစ်ဟာလူကိုစိတ္တဇဖြစ်သွားစေလားဆိုတာလေးကသက်ရောက်လို့လာပါပြီး...... အဲဒီမှာကောင်လေးရဲ့ချစ်သူကရောက်လာပြီး... ကောင်လေးနဲ့သူ့ချစ်သူကောင်မလေးကိုချစ်နေကြတာကို ဝန်တိုနေတဲ့လှေသမားမိန်းမက ကောင်လေးရဲ့ချစ်သူကိုဖမ်းချုပ်ပြီးလှောင်ထားလိုက်ပါတယ်....ဒါကလည်းသူကောင်လေးကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့အတွက်ပါ....အချစ်ဆိုတာကလည်းလေထုထည်တစ်ခုလိုပါပဲ.. ဖမ်းယူကိုင်ဆုတ်လို့်မရပေမဲ့..သူမရှိရင်လည်း လူသားတွေမနေနိုင်ကြပြန်ဘူးလေ...ကြာလာတော့ အချစ်ကလူကိုစေလိုရာလုပ်နိုင်တဲ့ရုပ်သေးတစ်ခုလိုဖြစ်လာတယ်..ဒီဇတ်လမ်းကလည်းအဲ့လိုပါးပါးလေးပုတ်ပြထားတဲ့သဘောပါပဲ... ကဲဗျာ..ထုံးစံအတိုင်းညွန်းလွန်းပြန်ရင်လည်းဇတ်ရှိန်ပြတ်သွားမှာစိုးတဲ့အတွက်...အညွန်းကိုဒီလောက်နဲ့ရပ်နားပြီး...Imdb7.1ထိရရှိထားတဲ့ကားလေးကို ဘယ်လိုပုံဖော်ထားလဲဆိုတာခံစားကြပါစို့လား...ထွက်တဲ့ စာဖိုင်ထဲက အကောင်းဆုံးဖြစ်တာနဲ့ ရွေးပြန်ထားပေးပေမယ့် လိုအပ်ချက်များရှိပါက နားလည်ပေးကြပါFile Size : 770 MB Quality : Blu ray 720P Running Time : 1hr 30 minute Format : Mp4 Genre : Drama,Thriller Encoder : Joker.phs Download And watch With Pcloud Link Full HD Download And watch Pcloud Link Small File Size (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ John La Yaungပဲ ဖြစ်ပါတယ်)@joker
movie
(18+) Isle (2000)
2000