Channel Myanmar

Kanika Batra

Project Papa (2018) 6.2
Project Papa (2018) Project Papa (2018) IMDb - 6.2/10သားဖနှစ်ယောက်ကြားက ချိုမြိန်တဲ့ ချစ်ခြင်းတရားနဲ့ ဂရုစိုက်မှုတွေကို တငြိမ့်ငြိမ့်ခံစားစေရမဲ့ ဝေဖန်ရေးဆရာတွေဆီက ချီးကျူးမှုတွေ ဆုတွေအများကြီးရခဲ့တဲ့ မိသားစုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အနီးမှာရှိတဲ့မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ထဲမှာပဲ စိတ်ကိုနှစ်မြှုပ်ထားနေတဲ့ စိတ်ဖိစီးမှုတွေနဲ့ အမျိုးသမီးတစ်ယောက်။သူ ရုတ်တရက်တွေးသိလိုက်ရတာ အဖေဖြစ်သူမှာ အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အရိပ်အယောင်တွေ။ဒီမှာပဲ အလုပ်တွေကို ပစ်ချထားခဲ့ပြီး အဖေဖြစ်သူရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ကြိုးစားပါတော့တယ်။မေတ္တာတရားဆိုတာမျိုးက အသွားအပြန်ရှိမှဆိုတာမျိုး တစ်လမ်းသွားပဲဆိုတာမျိုးတွေတွေးနေဖို့မလိုပါဘူး။အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးနေတာ။ ဘယ်လောက်ထိကြာရှည်မလဲဆိုတာ ကျွန်တော်တို့တွေမသိဘူး။ ဒီတော့ အနီးအနားက ချစ်ခင်ရတဲ့ မိသားစုတွေ မိတ်ဆွေတွေရယ်နဲ့ မေတ္တာတရားရယ်၊ ပျော်ရွှင်မှုတွေရယ်နဲ့ကုန်ဆုံးဖို့ ကြိုးစားကြရအောင်လားဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Vဖြစ်ပါတယ်) File size…1.3GB / 539MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V
movie

Project Papa (2018)

2018