Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
JQ Lee
6.7
The Fatal Encounter (2014)
The Fatal Encounter (2014) IMDb: 6.7/10 Genre: Action, Dramaကိုရီးယားနိုင်ငံသမိုင်းမှာ ဘုရင်ဂျောင်ဂျိုကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဘုရင်ဂျောင်ဂျိူအနေနဲ့ ဗိုလ်ကြီးလို့သိကြတဲ့မင်းသားကြီး ဟျွန်းဘင်းကပါဝင်သရုပ်ဆောင်ထားပြီး မင်းကြီးရဲ့လူယုံတော်ဖြစ်တဲ့အထိန်းတော်အနေနဲ့ကတော့ Parters for Justice ထဲကမင်းသားဖြစ်တဲ့ ဂျန်ဂျယ်ယောင်းကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၇၇ခုနှစ်၊ဂျောင်ဂျိုဘုရင်ဟာ အုပ်ချုပ်မှုတစ်နှစ်အတွင်းမှာခြိမ်းခြောက်မှုတွေအဆက်မပြတ်ကြုံတွေ့နေရပါတယ်။ထိုအချိန်က အာဏာရနိုင်ငံရေးအုပ်စုဖြစ်တဲ့ နိုရိုအုပ်စုက အားလုံးကိုထိန်းချုပ်ထားပြီး နောက်ကွယ်ကနေ နိုင်ငံရေးကိုရော နန်းတွင်းကလူတွေကိုပါ ခြယ်လှယ်နေတာပါ။ မြို့ထဲမှာလည်း ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ဂိုဏ်းကလည်းရှိနေပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နန်းတော်ထဲမှာ လျှို့ဝှက်စွာနဲ့ သူတို့လူတွေကို ဖြည်းဖြည်းချင်း နန်းတော်ရဲ့ နေရာတိုင်းမှာဖြန့်ထားပြီး အလုပ်လုပ်စေတာပါ။နန်းတော်ထဲမှာဒီလိုမျိုးလုပ်ခွင့်ရဖို့ဆိုတာ မျိုးရိုးကြီးတစ်ခုနောက်ခံရှိနေမှာသာလုပ်လို့ရမှာပါ။ နောက်ကွယ်မှာရှိနေတဲ့ အာဏာကြီးတဲ့လူကတော့ မယ်တော်မိဖုရားကြီးပါပဲ။ မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူတွေထဲမှာ မယ်တော်မိဖုရားကြီးလည်းပါဝင်နေပါတယ်။ ဒီလိုမျိုးနိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အသက်ခြိမ်းခြောက်ခံနေရတဲ့ ငယ်ရွယ်တဲ့မင်းကြီးဟာ ယုံကြည်ရတဲ့သူဆိုလို့ ဂါ့ပ်ဆူလို့ခေါ်တဲ့အထိန်းတော်ကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီအထိန်းတော်ကြီးကလည်း လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ငယ်ငယ်တည်းကဂိုဏ်းကလေ့ကျင့်ပျိုးထောင်ပေးထားပြီး မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ မင်းကြီးအနားမှာလျှို့ဝှက်စွာရှိနေတဲ့ သူလျှိုတစ်ယောက်ဖြစ်နေပါတယ်။မင်းကြီးအနေနဲ့ဘယ်လိုဖြေရှင်းမလဲ ပြီးတော့ဒီလိုမျိုး ...
movie
The Fatal Encounter (2014)
2014
6.7
Intimate Strangers(2018)
Intimate Strangers(2018) IMDb...6.8 ကလေးဘ၀ထဲက ပေါင်းသင်းခဲ့တဲ့ ငယ်သူငယ်ချင်း(၅)ယောက်ရှိတယ်.. ပေါက်ဖွားခဲ့တဲ့ မိသားစု၊အခြေအနေတွေမတူခဲ့ပေမယ့် သူတို့ဟာ သိပ်ကိုခင်ကြတယ်.. ဒီလိုနဲ့အရွယ်ရောက်လာတော့ တစ်ချို့လည်းအိမ်ထောင်ကျ တစ်ချို့လည်း တစ်ကိုယ်ထဲသမားတွေဖြစ်လို့နေတယ်.. တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်ပြောင်းအိမ်သစ်တက်ပွဲဆိုပြီး ညစာ စားပွဲလုပ်တော့ အားလုံးစုဆုံကြတယ်....အလုပ်ကိုယ်စီ မိသားစုကိုယ်စီဖြစ်တော့ ဆုံတောင်ဆုံခဲအခြေအနေမှာ ဒီလို အိမ်သစ်တက်ပွဲလေးမှာ သူငယ်ချင်းတွေပြန်ဆုံတွေ့တာတကယ့်ကိုပျော်စရာပါ.. ပြောမနာဆိုမနာနဲ့ သူတို့မိန်းမတွေရည်းစားတွေကလည်း အကုန်လုံးနဲ့ရင်းနှီးနေတော့ တွေ့ဆုံပွဲလေးဟာ တကယ့်ကို စိုစိုပြေပြေနဲ့ ပျော်ရွှင်စရာပဲ.... ဒါပေမယ့် အမျိုးသမီးတစ်ယောက်က စပြီး Game လေးတစ်ခုဆော့ကြရအောင်ဆိုပြီးပြောတယ်.. ဒီကစားတဲ့ Game ဟာ ဇာတ်ကားတစ်ကားလုံးရဲ့အသက်လို့ပြောလို့ရသလို တကယ့်ကို လူ့သဘော လူ့မနောအချို့ကိုပညာသားပြပြချပြလိုက်သလိုပါပဲ.. အဲ့ဒီဂိမ်းကတော့ ထမင်းစားသောက်နေစဉ်မှာ ဖုန်းတွေကို ထမင်းဝိုင်းအလယ်မှာချထားရမယ်.. Message တွေ Email တွေ ကို အဲ့အချိန်လာသမျှအကုန်ဖွင့်ဖတ်ရမယ့်အပြင် လာတဲ့ဖုန်းတိုင်းကိုလည်း Speaker ဖွင့်ပြီးပြောရမယ်တဲ့... တကယ့် သဲထိတ်ရင်ဖို ဇာတ်ကားတွေထက်တောင် စိတ်လှုပ်ရှားစရာကောင်းပါတယ်.. ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး.. စကားမစပ် ခင်ဗျားတို့ဆိုရင်ရော အဲ့လိုဆော့ရလား... မှတ်ချက် FA များမပါ...... File Size : (950 MB) and (354 MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre ...
movie
2018