Channel Myanmar

Joe Stephenson

Agatha and the Midnight Murders (2020) 6.4
Agatha and the Midnight Murders (2020) Agatha and the Midnight Murders (2020)================================IMDb Rating - 6.4/10#Unicodeကမ္ဘာပေါ်မှာအအောင်မြင်ဆုံးစုံထောက်ဝတ္ထုတွေကိုရေးခဲ့တဲ့ စာရေးဆရာမကြီးအဂ္ဂသာခရစ်စတီးကိုဇာတ်အိမ် တည်ပြီး ရိုက်ကူးထားတဲ့ လျှို့ဝှက်မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာ စာရေးဆရာမကြီးခရစ်စတီးဟာ စီးပွားရေးပျက်လုနီးပါးဖြစ်ပြီး အခွန်အကြွေးတွေပါပေးစရာရှိတာကြောင့် သူ့ရဲ့နာမည်ကျော်ဇာတ်ကောင်ပွိုင်ရော့(Poirot)ကို သေခိုင်းလိုက်တဲ့ ဝတ္ထုတစ်ပုဒ်ကိုရေးခဲ့ပါတယ်။ အဆိုပါဝတ္ထုရဲ့လက်ရေးမူကို သူ့ရဲ့အမာခံပရိသတ်တစ်ဦးထံ ရောင်းချဖို့လုပ်ခဲ့ပါတယ်။ ရောင်းချဖို့အတွက်တွေ့ဆုံနေကြတုန်းမှာ ဂျာမာန်တွေရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံရလို့ မြေအောက်ခန်းမှာရှောင်ပုန်းနေခဲ့ရပါတယ်။မြေအောက်ခန်းထဲမှာပုန်းနေတုန်း သူ့ရဲ့ဝတ္ထုလက်ရေးမူကအခိုးခံလိုက်ရသလို လာဝယ်တဲ့လူကလည်းရုတ်တရက်သေဆုံးခဲ့ပါတော့တယ်။ ဒီလောက်အထိပဲ ဇာတ်လမ်းအညွှန်းကိုပြောပြချင်ပါတယ်၊ စိတ်ဝင်စားစရာကောင်းတဲ့လှည့်ကွက်လေးတွေနဲ့ ဇာတ်အိမ်ကိုရိုက်ပြသွားတာလေးက အတော်ကိုသေသပ်ပါတယ်။Mystery ကားတွေကြိုက်သူများအဖို့အတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ကားလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါရစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) #Zawgyiကမာၻေပၚမွာအေအာင္ျမင္ဆုံးစုံေထာက္ဝတၳဳေတြကိုေရးခဲ့တဲ့ စာေရးဆရာမႀကီးအဂၢသာခရစ္စတီးကိုဇာတ္အိမ္ တည္ၿပီး ႐ိုက္ကူးထားတဲ့ လွ်ိဳ႕ဝွက္မႈခင္းဇာတ္လမ္းေလးပဲျဖစ္ပါတယ္။ ဒီကားေလးမွာ စာေရးဆရာမႀကီးခရစ္စတီးဟာ စီးပြားေရးပ်က္လုနီးပါးျဖစ္ၿပီး အခြန္အေႂကြးေတြပါေပးစရာရွိတာေၾကာင့္ သူ႔ရဲ႕နာမည္ေက်ာ္ဇာတ္ေကာင္ပြိဳင္ေရာ့(Poirot)ကို ေသခိုင္းလိုက္တဲ့ ဝတၳဳတစ္ပုဒ္ကိုေရးခဲ့ပါတယ္။ အဆိုပါဝတၳဳရဲ႕လက္ေရးမူကို သူ႔ရဲ႕အမာခံပရိသတ္တစ္ဦးထံ ေရာင္းခ်ဖို႔လုပ္ခဲ့ပါတယ္။ ေရာင္းခ်ဖို႔အတြက္ေတြ႕ဆုံေနၾကတုန္းမွာ ဂ်ာမာန္ေတြရဲ႕ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ႀကဳံရလို႔ ေျမေအာက္ခန္းမွာေရွာင္ပုန္းေနခဲ့ရပါတယ္။ေျမေအာက္ခန္းထဲမွာပုန္းေနတုန္း သူ႔ရဲ႕ဝတၳဳလက္ေရးမူကအခိုးခံလိုက္ရသလို လာဝယ္တဲ့လူကလည္း႐ုတ္တရက္ေသဆုံးခဲ့ပါေတာ့တယ္။ ...
movie

Agatha and the Midnight Murders (2020)

2020