Channel Myanmar

Jean-Pierre Jeunet

Alien Resurrection (1997) 6.2
Alien Resurrection (1997)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Alien Resurrection (1997)

1997
A Very Long Engagement (2004) 7.6
A Very Long Engagement (2004) A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်  File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie

A Very Long Engagement (2004)

Delicatessen (1991) 7.6
Delicatessen (1991) Delicatessen (1991) ~ IMDb - 7.6/10, RT - 89%, Meta - 66% ~၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delicatessen ဆိုတဲ့ ရုပ်ရှင်ကားမှာ Clapet ဆိုတဲ့ သားသတ်သမားဟာ တိုက်တစ်လုံးပိုင်ဆိုင်ပြီး ငှားစားပါတယ်။ ခေတ်က post-apocalyptic လို့ပြောရမဲ့ ကမ္ဘာပျက်ကပ်အပြီးမှာ ပြင်သစ်နိုင်ငံကို အခြေတည်ထားပါတယ်။Claptet ဟာ တစ်ချိန်လုံး တောက်တိုမည်ရခိုင်းလို့ရမဲ့သူ လို​နေပါတယ်။ အချိန်တိုင်းလို​နေရတာက စုတ်ပြတ်​နေတဲ့ တိုက်​ဟောင်းကြီးကို ပြင်ဖို့ရယ် လာလုပ်ခဲ့တဲ့ အလုပ်သမား​တွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ​ရောင်းစားလိုက်လို့ပါပဲ။ဒီအချိန်မှာ အလုပ်အရမ်းလိုချင်တဲ့ ဆပ်ကပ်​ဟောင်းသမား Louison ဟာ ​အလုပ်​ခေါ်စာ​တွေ့ပြီး ​ရောက်ချလာပါတယ်။ နှစ်လိုဖွယ်​ကောင်းတဲ့ Louison ကို သားသတ်သမားရဲ့ သမီးဖြစ်သူက သ​ဘော​တော်​ခွေ့သွားချိန်မှာ​တော့ ချစ်ရသူ​လေး ဟင်းတစ်ခွက်မဖြစ်ခင် အစွမ်းကုန် ကယ်တင်မယ့် Dark Comedy ဂန္တဝင်ကား​ကောင်းတစ်ခုပါပဲဇာတ်လမ်းဟာ Horror ...
movie

Delicatessen (1991)

1991
Bigbug (2022) 5.5
Bigbug (2022) Bigbug (2022) ===========ဒီတစ်ခါမှာတော့ Netflix က ထွက်ရှိထားတဲ့ Sci Fi Comedy ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် နည်းပညာတိုးတက်လာတာနဲ့အမျှ ဟင်းချက် သန့်ရှင်း ရေးလုပ်တာကအစ အိမ်တံခါးဖွင့်ပေးတာ အိမ်ထဲပစ္စည်းပျောက်ရှာတာအဆုံး လူတွေဟာ ကိုယ့်ကိုကိုယ်အားမကိုးတော့ဘဲ စက်ရုပ်တွေကို အသုံးချလာကြပါတယ်။ စက်ရုပ်မရှိတဲ့အိမ်ဆိုတာ မရှိသလောက်ပါပဲ။ ဒီလိုနဲ့ တနေ့မှာ အဲလစ်တို့အိမ်မှာရှိတဲ့ စက်ရုပ်တွေက ရုတ်တရက်အပြင်မှာ ဘေးအန္တရာယ်ရှိပါတယ်ဆိုပြီး အဲလစ်တို့ကို အပြင်ထွက်ခွင့် ပိတ်လိုက်ပါတော့တယ်။ စက်ရုပ်တွေကတော့ သူတို့ဘေးကင်းဖို့အတွက်ကြောင့် ပိတ်ချလိုက်တာဖြစ်ပေမဲ့ လူသားတွေရဲ့အတွေးက သူတို့နဲ့ မတူဘဲ တစ်မျိုးဖြစ်တဲ့အခါ.... ဒီအထင်လွဲမှုကို ​ လူသားတွေက နားလည်နိုင်မှာလား သူတို့ကိုစောင့်ကြိုနေတဲ့ အန္တရာယ်ကကော ဘာဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size - (1.98 GB) /(940 MB) / (580 MB) Quality – WebDL 1080p / 720p/480p Duration - 1h 51mins Subtitle – ...
movie

Bigbug (2022)

2022
Micmacs (2009) 7.2
Micmacs (2009) Micmacs (2009)ဘာဇီးလ် ဆိုတဲ့ကောင်လေးရဲ့ ဖခင်စစ်သားဟာ မြေမြှုပ်မိုင်းကြောင့်သေဆုံးသွားပြီး ဘာဇီးလ်ရဲ့အမေလည်း ခင်ပွန်းဖြစ်သူကိုဆုံးရှုံးရတဲ့သောကကြောင့် စိတ်ကျန်းမာရေးဆေးရုံကိုရောက်သွားပါတယ်။ ဘာဇီးလ်ဟာ မိဘမဲ့ဂေဟာရောက်သွားပြီး တစ်နေ့မှာတော့ ဂေဟာကထွက်ပြေးသွားပါတယ်။ နှစ်၃၀အကြာမှာ ဗီဒီယိုအခွေဆိုင်တစ်ဆိုင်မှာအလုပ်လုပ်​နေရင်း လမ်းပေါ်မှာ သေနတ်ပစ်ခတ်သံတွေကြားပြီး ဆိုင်ကိုလာမှန်လို့ ထွက်ကြည့်ရာကနေ ခေါင်းကိုကျည်ဆန်မှန်သွားပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေဘဲ ခေါင်းထဲမှာကျည်ဆန်ကျန်နေခဲ့ပြီး ဆေးရုံကဆင်းလာတဲ့အချိန်မှာတော့ သူ့ရဲ့အလုပ်နေရာကိုအစားထိုးခံလိုက်ရပါတယ်။ သူ့အစားဝင်လုပ်နေတဲ့မိန်းကလေးက ဆိုင်နားမှာပစ်ခတ်မှုဖြစ်တုန်းက ကျည်ဆန်တစ်တောင့်ကို ရထားကြောင်း ပြောပြီး ဘာဇီးလ်ကိုပေးလိုက်ပါတယ်။ နေစရာမရှိတော့တဲ့ဘာဇီးလ်ဟာ လမ်းပေါ်မှာလှည့်လည်ဖျော်ဖြေရင်း ပိုက်ဆံရှာနေခဲ့ရာက အဖိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး ဘာဇီးကို သူ့ရဲ့မိသားစုဆီခေါ်သွားခဲ့ပါတယ်။ အဖိုးကြီးရဲ့မိသားစုဟာ ကားသင်္ချိုင်းအပျက်အစီးတွေထဲ အိမ်ဖြစ်အောင်ဖန်တီးပြီး နေထိုင်နေကြတဲ့ အိမ်ခြေရာမဲ့တွဖြစ်ကြပေမယ့် သာမန်လူတွေမဟုတ်ဘဲ ပစ္စည်းအပျက်တွေသုံးပြီးစက်ပစ္စည်းတွေတီထွင်နိုင်သူ၊ ဘယ်အတိုင်းအတာပမာဏကိုမဆို မျက်လုံးနဲ့ကြည့်ရုံနဲ့တိုင်းထွာတတ်သူ၊ ခန္ဓာကိုယ်ကို ကောက်ကွေးနိုင်သူ စတဲ့ စွမ်းရည်ကိုယ်စီနဲ့ လူထူးဆန်းတွေစုနေကြတာဖြစ်ပါတယ်။ဘာဇီးဟာ အဲ့မိသားစုနဲ့အတူနေထိုင်ပြီး တွေပစ္စည်းအပျက်လိုက်ကောက်တဲ့အလုပ်ကိုလုပ်ရင်း လမ်းပေါ်မှာ သူရင်းနှီးနေတဲ့တံဆိပ်နှစ်ခုကိုတွေ့လိုက်ရပါတယ်။ သူ့အဖေကိုသေစေခဲ့တဲ့မြေမြှုပ်မိုင်းပေါ်က တံဆိပ်နဲ့၊ သူ့ခေါင်းထဲမှာဝင်နေတဲ့ ကျည်ဆန်ရဲ့ တံဆိပ်တွေကိုယ်စီနဲ့ မျက်နှာချင်းဆိုင်ရှိနေကြတဲ့ ကမ္ဘာ့ထိပ်တန်းလက်နက်ကုမ္ပဏီကြီးနှစ်ခုဖြစ်နေပါတယ်။ အဲ့လက်နက်ကုမ္ပဏီတစ်ခုထဲကိုခိုးဝင်ခဲ့ပြီးနောက် သူတို့ဖြန့်ချီနေတဲ့လက်နက်တွေကြောင့် လူတွေသေကြေဒုက္ခရောက်နေကြတာကို သိသွားရတဲ့ဘာဇီးလ်ဟာ သူ့ရဲ့လူထူးဆန်းမိသားစုကိုအကူအညီတောင်းပြီး လက်နက်ကုမ္ပဏီနှစ်ခုရဲ့ပိုင်ရှင်နှစ်ယောက်ကို သင်ခန်းစာပေးနိုင်ဖို့ အစီအစဥ်ဆွဲပါတော့တယ်။ဒီကားကတော့ ပြင်သစ်ဇာတ်ကားဖြစ်ပြီး၊ Comedy အမျိုးအစားဖြစ်တာမို့ ဟာသလေးတွေနဲ့ ဇာတ်လမ်းပုံစံ သွက်သွက်လက်လက်ပေါ့ပေါ့ပါးပါးဖြစ်ပါတယ်။ Hugo ဇာတ်ကားလို fantasy ဆန်ဆန်ကားမျိုး၊ Tim Burton ရဲ့ဇာတ်ကားတွေလို ကာတွန်းဆန်သလိုလို ထူးထူးဆန်းဆန်းကားမျိုးကြိုက်တဲ့သူတွေ သဘောကျမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size… 2.9GB and 753MB Quality…. ...
movie

Micmacs (2009)

2009
Amélie (2001) 8.3
Amélie (2001) Amélie(2001)========================IMDb Rating- 8.3/10 Rotten Tomatoes- 89% "အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ" "ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? " -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူးဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်‌ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှု‌တွေကို စိတ်ကူးယဉ်မှု‌တွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူးလွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါအဲ့ဘူးလည်း တွေ့တော့ Amélieက ...
movie

Amélie (2001)

2001
The Young and Prodigious T.S. Spivet (2013) 7.1
The Young and Prodigious T.S. Spivet (2013)  အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အဟောင်းထဲကအကောင်းလေးတစ်ကားဖြစ်တဲ့၂၀၁၃ ကထွက်ခဲ့တဲ့The Young and Prodigious T.S.Spivet ဆိုတဲ့ကားလေးပါ IMDb 7.1 ထိရထားပါတယ် ဒီထဲမှာ မွန်တာနာက ကော်ပါတော့ခြံလေးမှာနေထိုင်တဲ့မိသားစုလေးအကြောင်းပါဒီမိသားစုမှာကောင်းဘွိုင်အလုပ်ကိုရူးသွပ်တဲ့အဖေဖြစ်သူရယ် အင်းဆက်တွေကို လေ့လာဖို့ ရူးသွပ်တဲ့အမေဖြစ်သူရယ် မစ်ယူအက်စ်အေဖြစ်ဖို့ ရူးသွပ်တဲ့ အစ်မဖြစ်သူရယ် ကာရိုက်တာချင်းလုံးဝမတူကြတဲ့အမြွာညီအစ်ကို ၂ ယောက်ရယ်ရှိကြပါတယ် တီအက်စ်စပစ်ဘက်ကတော့ သိပ္ပံပညာရှာဖွေမှုတွေကို အရမ်းရူးသွပ်ပြီး သူ့အစ်ကို လေတန်ကတော့ သူ့အဖေလိုကောင်းဘွိုင်ဖြစ်ချင်သူပါ သူတို့မိသားစုမှာ ကိုယ်စီရူးသွပ်မှုတွေနဲ့ နေထိုင်ရင်း မတော်တဆမှုနဲ့လေတန်သေဆုံးသွားပါတယ် တီအက်စ်ကတော့ ၁၀ နှစ်အရွယ်မှာပဲ တီထွင်ဆန်းသစ်မှုတစ်ခုကိုလုပ်နိုင်ခဲ့ပါတယ် သူ့ရဲ့တီထွင်မှုကို စမစ်ဆိုနီယမ်ကပေးတဲ့ ဆုကိုရတာကနေစပြီး တီအက်စ်ရဲ့ နေ့စဉ်လည်ပတ်နေတာဟာ စွန့်စားခန်းတစ်ခုဖြစ်လာခဲ့ပါတယ် သူဘာတွေလုပ်မလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါလို့ ဇာတ်ကားတစ်ကားလုံးမှာ ငိုက်နေစရာအကွက်မရှိအောင်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးပါ တကယ်ကိုကြည့်သင့်တဲ့ကားလို့ ညွှန်းပေးပါရစေ Qty - Blu ray 720pDuration -1hr 45minGern - Fantasy/ DramaSubtitle - Myanmar HardsubTranslator - May Tharaphi LwinReview -  May Tharaphi LwinEncoder - Kyaw Ye ...
movie


2013