Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jamie Blanks
5.0
Valentine (2001)
Valentine (2001) =================၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်း သားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ် ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါ တယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက် ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက် ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာ ဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ် ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊ လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ် ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိ သေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ ဖြစ်လာပါတော့တယ်။Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလက ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ် လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော် တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.5 GB) / (700 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar ...
movie
Valentine (2001)
5.6
Urban Legend (1998)
Urban Legend (1998) ===============အမြို့မြို့အနယ်နယ်မှာ ပါးစပ်ရာဇဝင်လို့ခေါ်ကြတဲ့ ဇာတ်လမ်းတွေ၊ အချင်းချင်း လက်ဆင့်ကမ်းလာခဲ့တဲ့ပုံပြင်တွေကိုယ်စီရှိတတ်ကြပါတယ်။ အဲ့ဒါတွေဟာ အမှန် တကယ်လား စိတ်ကူးယဉ်လား ဆိုတာ ဘယ်သူမှစေ့စေ့စပ်စပ်စုံစမ်းလေ့မရှိကြ ပေမယ့် ပြောတဲ့သူတိုင်းကတော့ ကိုယ်တွေ့ကြုံသလိုပြောလေ့ရှိကြတာပါပဲ။အဖြစ်အပျက်တွေက ပန်ဒယ်တန်တက္ကသိုလ်ကျောင်းသူ မီချယ်မန်စီနီဆိုတဲ့ကောင် မလေးတစ်ယောက် ကားနောက်ခုံမှာ ပါလာတဲ့လူသတ်သမားရဲ့ခေါင်းဖြတ်သတ်ခံ လိုက်ရချိန်မှာစတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းဝင်းတစ်ခုလုံးကို တုန်လှုပ်သွား စေခဲ့ပေမယ့် ထုံးစံအတိုင်းယုံကြည်တဲ့သူတွေ မယုံကြည်ပဲလှောင်ပြောင်သူတွေနဲ့ဝိဝါဒ ကွဲပြားနေကြတုန်းပါပဲ။ အဲ့ဒီမီချယ်နဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူ နက်တလီကတော့ ဒီဖြစ်ရပ်ကြောင့်အထူးတုန်လှုပ်သွားခဲ့ရပါတယ်။သူ့ဘေးက လက်လှမ်းမီသူတွေကို သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့သူငယ်ချင်း တွေ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေထဲက အတိုင်း ဆင်တူနည်းလမ်းတွေနဲ့ အသတ်ခံလာရတဲ့အချိန်မှာတော့ နက်တလီတစ်ယောက် ကိုယ့် အားကိုယ်ကိုးပြီးလူသတ်သမားကိုဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဂန္ဓဝင် Slasher Films တွေထွက်ခဲ့တဲ့ 90s ကာလက နာမည်ကျော်တွေထဲက တစ်ကားဖြစ်ပါတယ်။ Horror ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်မယ့်ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.76 GB) / (751 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 39Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Alias Encoder..........SWM
movie
Urban Legend (1998)
1998