Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ivan Reitman
5.9
Six Days Seven Nights (1998) 6 days , 7 Nights
Six Days, Seven Nights (1998)ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။ File ...
movie
Six Days Seven Nights (1998) 6 days , 7 Nights
1998
6.2
No Strings Attached (2011)
No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး.... အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး... တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်.... ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ....။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့....။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။File size…(1.8 GB) / (910 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:47:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
No Strings Attached (2011)
2011
5.2
My Super Ex-Girlfriend (2006)
My Super Ex-Girlfriend (2006)Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိ သရုပ်ဆောင်တွေကို သုံးထားပါတယ်။ လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။ Ethan Hawke ရဲ့ မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။ သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။ နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့ စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။ ...
movie
My Super Ex-Girlfriend (2006)
2006