Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Indra Kumar
6.9
Ishq (1997)
Ishq 1997 ( ချိုမြိန်တဲ့သောက) IMDb - 6.8/10Ishq ဇာတ်ကားဟာ1997 ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb - 6.8ရရှိထားကာ အဲဒီနှစ်ရဲ့ တတိယ၀င်ငွေအများဆုံးရခဲ့ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း. နာမည်ကျော် ခန်း ၃ ခန်းထဲက Pk မင်းသားဖြစ်တဲ့ အမီရာခန်း ( Aamir Khan ) ၊ မင်းသားကြီး အဂျေး ( Ajay Devgn ) ၊ မင်းသမီးကြီး Juhi Chawla နဲ့ Kajol တို့ရဲ့ ငယ်စဉ်ကာလ နုပျိုချောမောမှုတွေနဲ့အတူ Chemistry မိမိရိုက်ကူးတာပါ..ဇာတ်ကားအကျဉ်းကတော့-ဆင်းရဲသားကို မစင်ပုံရွံသလို ရွံတတ်ကြတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး နှစ်ဦးဟာ သူတို့ရဲ့သားနဲ့သမီးကို သဘောမတူတဲ့လူနဲ့ ယူသွားမှာကြောက်လို့ သူတို့မသိစေဘဲ လက်ထပ်စာချုပ်ကြိုချုပ်ပေးထားဖို့လုပ်ရာက အသိုင်းအဝိုင်းထဲကမဟုတ်တဲ့လူနဲ့တွေ့ဆုံမိပြီး သဘောကျသွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ? ဘယ်လို ပြဿနာ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာဦးမလဲ? ချစ်သောသူချင်းပေါင်းရပါ့မလား? အလွဲလွဲအမှားမှားနဲ့ပဲ ချစ်ရသူနဲ့လက်ထပ်မယ့သူ မတူကွဲပြားသွားမလား? ဘာညာသာရကာကတော့ ...
movie
Ishq (1997)
4.8
Super Nani (2014)
Super Nani (2014)"တုနှိုင်းမဲ့မေတ္တာ" =============================3 idiots ထဲက ရာဂျူးနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ရှာရ်မန်ဂျိုရှီရဲ့ ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ မိဘမေတ္တာဖွဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်မှာ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး နားရက်မယူ နားချိန်မထားဘဲ အလုပ်တွေလုပ်နေရပြီး လစာမရဘဲ အလုပ်လုပ်နေရတဲ့သူပေါင်း သန်းနဲ့ချီပြီးရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ သူတို့ကတော့ မိခင်တွေဖြစ်ပါတယ်။မိခင်တွေဟာ သူတို့ရဲ့ဘဝသက်တမ်းတွေကို မိသားစုအတွက်ပဲ အချိန်ပြည့်ပေးဆပ်ထားပေမဲ့ များသောအားဖြင့်တော့ သူတို့ထိုက်တန်သလောက် အသိအမှတ်ပြုမခံကြရပါဘူး။ဒီရုပ်ရှင်ထဲမှာလည်း မာနိုရာရဲ့ အဘွားဖြစ်သူ ဘာတီဟာ ငယ်ရွယ်ချိန်ကတည်းက မိသားစုအတွက်ပဲတွေး၊ မိသားစုအတွက်ပဲ အကောင်းဆုံး လုပ်ကိုင်ပေးခဲ့ပေမဲ့ လင်ယောက်ျားကနေစပြီး သား၊ သမီး၊ ချွေးမတွေအထိ သူ့ကို အနှောင့်အယှက်လို့ပဲမြင်ပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။အဲဒီလို သူ့အဘွားကို မလေးမစားလုပ်နေတာတွေကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေတဲ့ မာနိုရာဟာ သူ့အဘွားရဲ့တန်ဖိုးကို သူတို့မိသားစုဝင်တွေသိဖို့အတွက် သူ့အဘွားကို ပုံစံပြောင်းပေးပြီး အခွင့်အလမ်းအသစ်တွေလည်း ရှာပေးခဲ့ပါတယ်။သူတို့တွေ ဘာတီရဲ့တန်ဖိုးကို နားလည်လာကြမှာလား၊ အပြင်မှာရော အဲဒီလို ထိုက်သင့်သလောက် အသိအမှတ်အပြုမခံရတဲ့မိခင်တွေ ဘယ်လောက်တောင်ရှိနေလဲ၊ မိခင်တွေရဲ့ ပေးဆပ်မှုတွေက ဘယ်လောက်ကြီးမြတ်လဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ ...
movie
Super Nani (2014)
2014
6.1
Thank God (2022)
Thank God (2022)ကဲ ဂိမ်းကစားရတာကြိုက်တဲ့ပရိတ်သတ်ကြီးတွေအတွက် "Game Of Life" ဆိုတဲ့ ဘဝရဲ့သေရေးရှင်ရေးအားသွန်ခွန်စိုက်ကစားရမယ့် ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ။ ရုံတင်ငွေအနေနဲ့လည်း ကုဋေ ၄၈.၉၂ ပြန်ရခဲ့ပြီး လူတိုင်းအသည်းစွဲမင်းသားကြီးအဂျေးအပြင် အချစ်တော် မင်းသားဆစ်ဒါးလ်လဲ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ဇာတ်ကားကတော့ အပျံ့စားဖြစ်နေမှာပါ။ဂိမ်းတစ်ခုကိုပေါ့ပေါ့ပါးပါးပဲဆော့ကြပေမယ့် အဲဒီဂိမ်းရဲ့အနိုင်အရှုံးက မိမိအသက်ပေါ်မူတည်နေမယ်ဆိုရင်တော့ တစ်ချက်မမှားရဲဘဲ အားသွန်ခွန်စိုက်ဆော့ရတော့မှာမဟုတ်ပါလား? ဒီကားထဲမှာဆိုရင် အာရန်ကပူးက အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းရှင်ပါ ပိုက်ဆံဆိုတာ သူ့အတွက်တန်ဖိုးမရှိတော့တဲ့အထိ ပိုက်ဆံတွေအများကြီးရှာဖို့ကတော့သူ့အိပ်မက်ပေါ့။ဒါပေမယ့်ငွေကြေးအပြောင်းအလဲမှာ လက်ထဲပိုင်ဆိုင်သမျှငွေတွေက သူ့အိပ်မက်အတိုင်း တန်ဖိုးမရှိတော့ဘဲ ကုမ္ပဏီဒေဝါလီခံရတဲ့အပြင်ကို အိမ်ပါရောင်းဖို့ထိဖြစ်လာခဲ့ပါတယ်။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ တစ်နေ့ထင်မှတ်မထားတဲ့ အက်ဆီးဒင့်နဲ့ကြုံရပြီး အသက်ပြန်ရှင်အောင် ပြုခဲ့သမျှကောင်းမှုတွေကသာသူ့ကိုကယ်နိုင်မယ့် ဂိမ်းကစားပွဲထဲပါသွားတဲ့အခါမှာတော့...ကပူးတစ်ယောက်ဘယ်လိုတွေရုန်းကန်ရမလဲ? သူ့ရဲ့ကောင်းမှုနဲ့မကောင်းမှုမှာ ဘယ်တစ်ဖက်ကအနိုင်ရသွားမလဲဆိုတာတော့ ခုပဲ Channel Myanmar မှာဆက်လက်ကြည့်ရှုလိုက်ပါရှင်။ File size…1.86GB / 943MB Quality…1080p HQ HD RIP /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Hay Man ~ Yunni
movie
Thank God (2022)
2022
4.7
Total Dhamaal (2019)
နွေပူပူမှာ ပေါ့ပေါ့ပါးပါးနဲ့ ဟာသကား ကြည့်မယ်ဆိုတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ဟိုးအရင် Dhamaal တွေရဲ့ နောက်ဆုံးဖြစ်တဲ့Total Dhamaal ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဘာလုပ်လုပ် တလွဲချည်းပဲ လုပ်တတ်ကြတဲ့ လူတစ်စုကို အဓိက မြင်ရမှာပေါ့။အကြောင်းအမျိုးမျိုးကြောင့် ငွေလိုနေတဲ့ လူတွေ။တနေ့မှာတော့ ငွေတွေ နှစ်ကျပ်ကွက်နင်းပြီးလုယူလာခဲ့တဲ့ ဘောစိအသစ်ကြပ်ချွတ်ကြီးဟာဟယ်လီကော့ပတာပျက်ကျပြီး အဲ့ဒီလူတစ်စုနဲ့ ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။မသေခင်မှာသွားတဲ့စကားကတော့ဂျနာပူရ်တိရစ္ဆာန်ရုံထဲက 'OK' ဆိုတဲ့ စားလုံးမှာငွေ သန်း၅၀၀ ရှိကြောင်း ပြောပြခဲ့ပါတယ်။သိပ်ကို လောဘကြီးတဲ့ ကောင်တွေကြားမှာဆိုတော့ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါပြီ။တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဖက်တွေဖြစ်နေတဲ့ အဲ့ဒီလူရှစ်ယောက်မှာနောက်ထပ် ပြိုင်ဘက်တစ်ယောက် ရှိနေပါသေးတယ်။အဲ့ဒီပိုက်ဆံတွေနဲ့ အဓိကပက်သက်နေတဲ့ ရဲမင်းကြီးပါ။ကဲ....အရင်ရောက်တဲ့လူက ပိုက်ဆံတွေအားလုံးကို ရမှာမို့ ...Dhamaal ကစားပွဲထဲ ပါဝင်ဆင်နွှဲလိုက်ပါဦး။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ) File Size :(950 MB ) and ...
movie
Total Dhamaal (2019)
2019
3.8
Double Dhamaal (2011)
၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dhamaal ဇာတ်ကားရဲ့ နောက်ဆက်တွဲအဖြစ် ဆက်လက်ထွက်ရှိခဲ့တာပါ။ပထမဇာတ်ကားက သရုပ်ဆောင်အများစုပဲ ပါဝင်ထားပြီး ပထမဇာတ်ကားက မကြေတဲ့ရန်ကြွေးတွေကို အကြေဆပ်ဖို့ကြိုးစားကြရာကဂျိုကာ(၄)ကောင်ရဲ့ တလွဲတွေကို ဟားတိုက်ကြည့်ရှုရမှာပါ။ပထမဇာတ်ကား Dhamaal (2007) ကို https://channelmyanmar.to/dhamaal-2007/ မှာကြည့်ပါ။ File Size…(1GB)Quality…WEBHD Rip 720pFormat…mp4 Duration…02:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung Translated by Naing Zar Aye
movie
Double Dhamaal (2011)
2011
7.1
Dhamaal (2007)
Bollywood ဖန်တွေအတွက် ပေါ့ပေါ့ပါးပါး တခွီးခွီး နဲ့ ဟားရမယ့် ဟာသ ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Cast တွေကတော့ မင်းသားကြီး Snajay Dutt, ဟာသကားတိုင်းလိုလို ပါနေကျ ဖြစ်တဲ့ Riteish Deshmukh , Arshad Warsi တို့က ဓိကပါဝင်ထားပြီး တကားလုံ နားချိန်မရအောင် ရယ်နေရမယ်ဆိုတာ အာမခံပါတယ်။ဇာတ်လမ်းလေးကတော့ အလုပ်လက်မဲ့ ဘော်ဒါ လေးယောက်ဖြစ်တဲ့ Roy, Adi, Boman နဲ့ Madav တို့ဟာ တစ်နေ့ မှာ အက်ဆီးဒန့် ဖြစ်သွားတဲ့ လူတစ်ယောက်ကို ကူညီဖို့ သွားပေမယ့် ထိုသူက သူ့အခြေအနေ သူသိပြီး မသေခင်မှာ သူဖွက်ထားခဲ့တဲ ပိုက်ဆံ သန်း၁၀၀ ရှိတဲနေရာကို ပြောပြခဲ့တယ် သူငယ်ချင်းလေးယောက်ခွဲယူဆိုပြီးတော့ဒါပေမဲ့ ဒီလူက ရာဇဝတ်သားဖြစ်လို့ သူ့ကို လိုက်ဖမ်းနေတဲ့ ရဲနဲ့ သူတို့ ပက်ပင်းမိပြီး ပြသနာတွေ ...
movie
Dhamaal (2007)
2007
3.7
Great Grand Masti (2016)
movie
Great Grand Masti (2016)