Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
He Jianan
5.8
Mulan Legend ( 2020 )
တရုတ်ရာဇဝင်တွေထဲက နာမည်ကြီးအမျိုးသမီးစစ်သူကြီးဟွားမုလန်ကို အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားလေးကတော့ စစ်သူကြီိးဟွားမုလန်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေထဲကတစ်ခုကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ အေဒီ၄၃၀လောက်မှာ ရိုရန်မျိုးနွယ်တွေက စတင်တိုက်ခိုက်မှုတွေလုပ်လာပြီး မြောက်ပိုင်းဝေ့တိုင်းပြည့်ရဲ့ ယွင်ကျုံးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ် ။ ဒီလိုအရိုင်းဆန်ပြီး ရင်ဆိုင်ရခက်တဲ့ ရိုရန်မျိုးနွယ်စုကိုနှိမ်နင်းဖို့အတွက် မြောက်ပိုင်းဝေ့ပြည်ဟာ မြောက်ပိုင်းလျန်နဲ့ ထိမ်းမြားပြီးမဟာမိတ်ယူဖို့ကြိုးစားပါတော့တယ် ။ကံကြမ္မာက မျက်နှာသာမပေးရှာတော့ မြောက်ပိုင်းဝေ့ပြည်ရဲ့ မင်္ဂလာဆောင်ရမဲ့ မင်းသမီးကို လမ်းတစ်ဝက်တင် ရိုရန်လူမျိုးတွေက ဖမ်းသွားပါတော့တယ်။ ဒီလိုနဲ့မင်းသမီးကိုကာကွယ်ဖို့တာဝန်ရထားတဲ့ စစ်သူကြီးဟွားမုလန်ဟာ တာဝန်မကျေပွန်မှုနဲ့ သေမိန့်ချခံလိုက်ရပါတယ် ။ ဟွားမုလန်ကိုသေမိန့်မချခင် ရိုရန်လူမျိုးတွေက သူတို့ဆီစာပါးပြီး မြောက်ပိုင်းဝေ့ပြည်ရဲ့ မြို့၁၀မြို့ကို အပိုင်ပေးရင်ပေး မပေးရင်မင်းသမီးကိုသတ်မယ်ဆိုပြီး ချိန်းခြောက်လာချိန်မှာတော.. ဟွားမုလန်နဲ့သူ့စစ်သည်တွေရဲ့ မင်းသမီးကယ်ဆယ်ရေးခရီးစဉ်ကြီးစတင်ခဲ့ပါတော့တယ် ။ Filesize : 1.69 GB / 973 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Romance Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie
Mulan Legend ( 2020 )
7.9
HUA MULAN ( 2020 )
ထုံးစံအတိုင်း ဗားရှင်းတမျိုးနဲ့ မူလန်ပေါ့ ဒါပေမယ့်ဒီမူလန်ဗားရှင်းကတော့ မဆိုးဘူးပြောရမယ်.မူလန်လေးနည်းနည်းမလှတာကလွဲရင် ဇာတ်ကားလေးကမဆိုးလှပါဘူးထင်ထားတာထက်ပိုပြီးကောင်းပါတယ်တခြားမူလန်မင်းသမီးထက်စာရင် မလှဘူးပဲပြောတာပါနော်ကြည့်ရင်းကြည့်ရင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဒီမူလန်လေးလည်း ချစ်စရာကောင်းတာတွေ့ရပါလိမ့်မယ်ကိုယ်ခံပညာတော်ပြီး လူဆိုးဖမ်းရတာကိုနှစ်ခြိုက်တဲ့ မူလန်တစ်ယောက်လူဆိုးထိန်းဆီမှာ လူဆိုးဖမ်းဖို့အလုပ်တောင်းသော်လည်းမိန်းကလေးဖြစ်နေလို့လုပ်ချင်တာ လုပ်ခွင့်မရခဲ့ပါဘူးဒီအချိန်မှာ တိုင်းပြည်ကိုကျူးကျော်လာတဲ့ ရန်သူတွေကိုကာကွယ်ဖို့တစ်အိမ်တစ်ယောက်စစ်မှုထမ်းခေါ်ရာက ဖခင်ကိုယ်စားယောက်ျားလေးယောင်ဆောင်ပြီး တပ်ထဲဝင်ရောက်ခဲ့ပါတယ်သိုင်းပညာကိုပင်ကိုယ်ဝါသနာပါတဲ့မူလန်တစ်ယောက် တပ်ထဲမှာလည်းတပ်သားကောင်းတစ်ယောက်အနေနဲ့လေ့ကျင့်သင်ကြားနိုင်ခဲ့ပါတယ်စစ်ပွဲတွေအပေါ်မှာ သာမာန်လောက်သာအစက စိတ်ထဲထားခဲ့ပေမယ့်မိတ်ဆွေရင်းတစ်ယောက် တိုက်ပွဲကျသွားတဲ့အခါ... ခိုကိုးရာမဲ့ပြည်သူတွေမျက်စိရှေ့မှာသေဆုံးတာကိုတွေ့လိုက်ရတဲ့အခါ သူ့အမြင်တွေပြောင်းလဲလာပြီးအောင်လံလွှင့်လိုစိတ်တွေ ပြင်းထန်လာပါတယ်ဘယ်လိုတွေအောင်မြင်အောင်တိုက်ခိုက်မလဲမူလန်ဇာတ်လမ်းကိုအမျိုးမျိုးပုံဖော်ရိုက်ကူးကြတဲ့အထဲမှာဒီကားလေးကလည်းတစ်မျိုးကောင်းပါတယ်ဒီဇာတ်လမ်းလေးကို မူလန်ကယ်တင်ထားခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ဖြစ်တဲ့ချူးလိုက်ဟော်က အသက်ကြီးရင့်တဲ့အချိန် ပြန်ပြောင်းပြောပြတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်ဂျင်းတော့ဂျင်းပေမယ့် ရသမြောက်ဂျင်းလေးမို့ အားပေးကြည့်ရှုကြပါဦးနော်Translated & Review By Htoo Htoo Ka JoeEncoded By LK
movie
HUA MULAN ( 2020 )