Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hai Tao
6.4
The Legend of Kunlun ( 2022 )
ဂူသင်္ချိုင်းတွေထဲမှာ ရတနာတွေရှာဖွေစွန့်စားရမဲ့ ဇာတ်ကားလေးကိုကြည့်ရတာ သဘောကျတတ်တဲ့ CM fansတွေအတွက် တော်တော်စိတ်ဝင်စားစရာကောင်းမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ဖချိုးမျိုးနွယ်စုရဲ့ သမိုင်းအကြောင်းကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းသား ကျန်းဝမ်ဖုန်းကတော့ သူ့အဖေပျောက်ကွယ်သွားရတဲ့ ဖြစ်ရပ်မှန်ကိုသိချင်သောစိတ်တစ်ခုနဲ့ ဒီရတနာသိုက်ရှာဖွေတဲ့လမ်းကို လျှောက်ခဲ့တာဖြစ်ပါတယ် ကျန်းဝမ်ဖုန်းက ကောင်းကင်ဘုံနည်းပညာကိုလေ့လာသင်ယူကာ ကောင်ကင်ဘုံအရာရှိဆိုတဲ့ ရာထူးကိုလည်းဆက်ခံပြီးသား လူတစ်ဦးဖြစ်ပါတယ်ဒီလိုနဲ့ ကျန်းဝမ်ဖုန်းရယ် သူ့သူငယ်ချင်းဖြစ်သူ ကျာလူပန်းနဲ့ ကျုံးလင်တို့ ၃ယောက်ပေါင်းပြီး လုပ်ဖော်ကိုင်ဖက်အဖြစ် အတူလုပ်ကိုင်ကြရာမှ ကျန်းဝမ်ဖုန်းရဲ့ အဖေကိုရှာတွေ့ဖို့ နည်းလမ်းတစ်မျိုးရှာတွေ့သွားပါတယ် နည်းလမ်းကတော့ ကျောက်မင်ရှေးဟောင်းကြေးမုံကိုရအောင်ရှာပြီး ခွန်းလွမ်တောင်အတွင်းမှာရှိတဲ့ လျှို့ဝှက်မြို့ထဲကိုသွားရမှာဖြစ်ပါတယ်ကျန်းဝမ်ဖုန်းလည်း သူ့အဖေနဲ့အဆက်သွယ်ပြတ်တာ ၁၇နှစ်ရှိပြီဆိုတော့ အချင်းချင်းပြန်တွေ့နိုင်ဦးမလား တရုတ်ရိုးရာအမွေအနှစ်ပုံပြင်တွေနဲ့ သမိုင်းအကြောင်းလေးတွေပါ ထည့်သွင်းရိုက်ကူးထားတာမလို့ အားလုံးပဲ The Legend of KunLunကိုကြည့်ရှုလိုက်ရအောင် Filesize : 1.15 GB / 644 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Action , Adventure Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ...
movie
The Legend of Kunlun ( 2022 )
5.8
Detective Dee : The Mystery of Humanoid Puppet ( 2024 )
Detective Dee ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ လူသားရုပ်သေးရုပ်အမှုဖြစ်ပါတယ်။ ဒီတစ်ခါတော့ စုံထောက်ကြီးဒီးနေရာမှာ ထိုင်ဝမ်မင်းသားချော Dylan Kuo ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိဖုရားခေါင်ကြီးရဲ့အပန်းဖြေနန်းဆောင်မှာ မီးအကြီးအကျယ်လောင်ရာကစတင်ပါတယ်။ မိဖုရားခေါင်ကြီးရဲ့ အပန်းဖြေနန်းဆောင်မီးလောင်တဲ့အတွက် ဒါကမိဖုရားခေါင်ကြီးကို ပစ်မှတ်ထားတာဖြစ်နိုင်တယ်ဆိုပြီးတော့ စုံထောက်ကြီးဒီးကို နန်းတွင်းကိုဆင့်ခေါ်ပြီး အမှုကိုစုံစမ်းခိုင်းပါတယ်။ မီးလောင်သွားတဲ့နန်းဆောင်မှာ အရွယ်ရောက်ပြီးသားလူအရွယ်အစားရှိတဲ့ သစ်သားရုပ်တစ်ရုပ်ကိုတွေ့ရပါတယ်။ ထူးခြားတာကတော့ သစ်သားရုပ်ရဲ့နောက်ကျောမှာ မိဖုရားခေါင်ကြီးရဲ့ဇာတာကိုထွင်းထားပြီး သစ်သားရုပ်ဟာသွေးထွက်တတ်နေတာပဲဖြစ်တယ်။ဒီဂန္ဘီရဆန်တဲ့ဖြစ်ရပ်တွေရဲ့ နောက်ကွယ်ကအမှန်တရားဟာဘာဖြစ်နေမလဲ။ စုံထောက်ကြီးဒီးရဲ့ထုံးစံအတိုင်း ရှေးခေတ်မှုခင်းဇာတ်လမ်းတွေကြိုက်တဲ့သူတွေ စိတ်မပျက်စေရတဲ့အပြင် အရည်အသွေးရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပြီးတော့ ပီပြင်တဲ့အက်ရှင်နဲ့ Effectsတွေနဲ့သေချာရိုက်ထားတာကြောင့် စိတ်ကျေနပ်စရာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Filesize : 913 MB / 559 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Detective Dee : The Mystery of Humanoid Puppet ( 2024 )
6
Faqiu-The Lost Legend ( 2022 )
Faqiu-The lost legend (2022)ခွန်းလွန်တောင်ဆိုတာကတော့ ကောင်းကင်ဘုံက နတ်ဘုရားတွေကျင့်ကြံအားထုတ်တဲ့နေရာဖြစ်ပြီး သာမန်မျက်စိနဲ့မမြင်နိုင်ဘူးလို့ဆိုကြပါတယ်။ခွန်းလွန်တောင်ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ကျောရိုးဖြစ်ပြီး နတ်ဘုရားပေါင်းရာချီကနေတည်ဆောက်ထားတဲ့ ရတနာတိုက်ဖြစ်တယ်။ ရှေးဟောင်းအုတ်ဂူအမြောက်အများတည်ရှိနေတဲ့နေရာလည်းဖြစ်တယ်။ "တောင်တန်းတွေကြားမှာ အထွတ်အမြတ်ရတနာတွေကိုသိုဝှက်ထားတယ်၊ ကျောက်မင်ကလမ်းပြလိမ့်မယ်" လို့ထျန်းကွမ်းစာအုပ်ကဆိုပါတယ်။ကျောက်မင်ဆိုတာဘာလဲ? ရှေးဟောင်းကြေးမုံတစ်ချပ်ဖြစ်ပြီး ရတနာတိုက်ရဲ့သော့ချက်လို့အများကသိထားကြတယ်။ ခွန်းလွန်ရဲ့ရတနာတိုက်ကို မတရားလောဘတက်သူ သင်္ချိုင်းဂူဖောက်သမားအများစုဟာလည်း ခွန်းလွန်အပြင်ကိုပြန်မရောက်နိုင်ဘဲ အထဲမှာပဲဇိဝိန်ချုပ်သွားခဲ့တယ်။ သားရဲတိရစ္ဆာန်တွေ ၊ အသူတရာနက်တဲ့ချောက်ကမ်းပါး၊ အလောင်းကောင်နဲ့အရိုးစုအမြောက်အများကြောင့် ခွန်းလွန်ပတ်ဝန်းကျင်ဟာ ကြောက်မက်ဖွယ်ကောင်းနေပါတော့တယ်။ ခွန်းလွန်ကိုသွားသူအကုန်လုံးဟာလည်းပြန်လမ်းမရှိပျောက်ဆုံးသွားကြတယ်။ဒီလိုဒဏ္ဍာရီတွေနဲ့ကြောက်မက်ဖွယ်ကောင်းနေတဲ့ခွန်းလွန်ကို ကျန်းဝမ်ဖုန်းတစ်ယောက်သွားဖို့ဖြစ်လာတာကတော့ မိမိတိုင်းပြည်ရဲ့အမွေအနှစ်တွေကို တိုင်းတစ်ပါးသားလက်ဝါးကြီးအုပ်မှာကိုကာကွယ်ဖို့ရယ်၊ လွန်ခဲ့တဲ့ ၁၇နှစ်ကခွန်းလွန်ကိုသွားရင်းပျောက်ဆုံးသွားတဲ့အဖေဖြစ်သူရဲ့ အကြောင်းကို တူးဆွဖို့ရယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ခွန်းလွန်ကိုသွားတာသူတို့တစ်ဖွဲ့တည်းမဟုတ်ဘဲ တိုင်းတစ်ပါးကအဖွဲ့နဲ့ရင်ဆိုင်တွေ့မိကြတဲ့အခါ၊ အဲ့အဖွဲ့ခေါင်းဆောင်ဟာ လွန်ခဲ့တဲ့၁၇နှစ်က အဖေဖြစ်သူနဲ့အတူသွားခဲ့တဲ့လူရဲ့တပည့်ဖြစ်နေတဲ့အခါ...ခွန်းလွန်တောင်ရဲ့လျို့ဝှက်ဆန်းကြယ်မှုတွေနဲ့အတူ ရတနာသိုက်ရှာပုံတော်အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480pFormat : mp4Genres : Action , Thriller , AdventureRuntime : 1h 20 minSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK
movie
Faqiu-The Lost Legend ( 2022 )