Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gus Van Sant
7.1
Elephant (2003)
Elephant (2003)~ IMDb - 7.1/10, Rotten Tomatoes - 74% ~ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ ...
movie
Elephant (2003)
2003
8.3
Good Will Hunting(1997)
Good Will Hunting(1997) IMDb....8.3,,,,Rotten ...97 ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ..ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn't describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကိုဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးမက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ...သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams ကအကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ -------- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက်အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့်သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာသူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်...လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ...
movie
Good Will Hunting(1997)
1997
7.0
Promised Land(2012)
Promised Land(2012)မင်းသားကြီး မက်ဒါမွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်...လတ်တလော ရေပန်းစားနေတဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖို့ကိစ္စအတွက် ကုမ္ပဏီကမက်လုံးတွေပေးတာကို နယ်ခံတွေရဲ့ မြေဝယ်ဖို့ကြိုးစားကြတယ်....ဒီလိုအနေအထားမှာ ဘိုးစဉ်ဘောင်စဉ်မြေမို့ ဘယ်လောက်ပေးပေး မြူတစ်မှုန့်စာတောင်ရောင်းဖို့ဆန္ဒမရှိတဲ့ သူတွေ ရှိကြသလို များပျားလွန်းတဲ့ ငွေကြေးကြောင့် ရောင်းပြီးပိုမိုကောင်းမွန်တဲ့ဘဝကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ကြသူတွေလည်းရှိတယ်..တစ်ချို့တွေကလည်း သဘာဝဓာတ်ငွေ့ကုမ္ပဏီကြောင့် မိမိတို့လူနေမှုဘဝကိုပါများစွာထိခိုက်မယ်လို့လည်း ယူဆနေကြတဲ့သူတွေရှိတယ်...ဘယ်သူတွေက အနိုင်ရသွားမလဲ...အနိုင်ရဖို့ကြိုးစားတဲ့နေရာမှာ ဘယ်လိုမြှုတ်ကွက်တွေရှိမလဲ...ဘယ်သူတွေကရော မှန်နေကြလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Initiative ပဲဖြစ်ပါတယ်....File Size :(900 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Initiative Encoded by Phyo Pyae
movie
Promised Land(2012)
6.9
Don’t Worry, He Won’t Get Far on Foot(2018)
Don't Worry, He Won't Get Far on Foot(2018)အညႊန္း**********************************************IMDB rating -6.9 Rotten tomato – 76%(unicode)Joker 2019 နဲ့လူသိများခဲ့တဲ့ Joaquin Phoenix ရဲ့ဇာတ်ကားသစ်ပါ... သူကတော့ John Callahan အဖြစ်သရုပ်ဆောင်ထားပါတယ်...“ကျွန်တော့်အမေနဲ့ပက်သက်တာဆိုလို့သုံးခုပဲ သိတယ် သူက အမေရိကန်အိုင်းရစ်လူမျိုး ဆံပင် အနီ နဲ့ ကျောင်းဆရာမတစ်ယောက် ဟုတ်တယ် သူ ကျွန်တော့်ကိုမလိုချင်ခဲ့ဘူး လေးခုပေါ့” အမေရိကန်နိုင်ငံရဲ့နာမည်ကြီး ကာတွန်းဆရာ ဂျွန်ကလာဟန် သူ့ကိုယ်သူမိတ်ဆက်တိုင်းမှာပါနေကြစကားလေးပါ ငယ်ငယ်ကတည်းက အမေရဲ့စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တာငတ်ခဲ့သူတစ်ယောက်ဖြစ်ခဲ့တယ် ...ခံစားချက်တွေဖုံးကွယ်ဖို့အသက် ၁၃နှစ်ကတည်းက အရက်ကိုနှစ်ခြိုက်စွာစသောက်ခဲ့တယ်..ဒါတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးလို့ပဲပြောရမလားမသိ..ကားအက်ဆီးဒန့်ဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့တယ် ... မူလကထဲက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေရှိတဲ့သူ ဟာ အောက်ပိုင်းသေသွားတဲ့အတွက်ကြောင့် ပိုဆိုးလာခဲ့တယ်....တစ်နေ့တော့ သူအရက်မသောက်ပဲ ကျောင်းတက်ပြီး သူနှစ်သက်တဲ့အလုပ်တစ်ခုလုပ်ကာ သူ့ဘ၀ကိုအရှုံးမပေးဖို့စတင်ကြိုးစားပါတော့တယ်... သူဘယ်လိုကြိုးစားလဲ...အောက်ပိုင်းသေနေတဲ့သူတစ်ယောက်ဟာ ဘယ်လောက်ထိအောင်မြင်မှုတွေရခဲ့လဲ... ဒီဇာတ်ကားက တော့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်... ကာတွန်းတွေ တစ်ချက်ထိ ဟာသ သရောကာတွန်းလေးတွေရေးတဲ့အပြင် ကာတွန်းစီးရီးတွေနဲ့အောင်မြင်မှုရခဲ့တဲ့ John Callahan အကြောင်းကို ရိုက်ပြထားတာပါ... ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo ...
movie
Don’t Worry, He Won’t Get Far on Foot(2018)
2018
7.3
Finding Forrester(2000)
Finding Forrester(2000) IMDb….7.3,,,Rotten….74 Finding Forrester(2000) ဇာတ်ကားကိုကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော် Good Will Hunting (1997)ဇာတ်ကားကို သွားသတိရနေတယ်… တစ်ခုခုတော့ဆက်နွယ်နေရမယ်ဆိုပြီး စုံစမ်းကြည့်တော့…(၂)ကားလုံးရဲ့ ဒါရိုက်တာက Gus Van Sant ဖြစ်နေတယ်… ဆိုတော့ Good Will Hunting (1997) ကိုကြည့်ဖူးတယ်ဆိုရင် ဒီကားက သဘောတရားတော့တူပေမယ့် ပေးချင်တဲ့ Message တွေတော့အတော်များများကွဲပါတယ်…(၂)ကားလုံးက ခမ်းနားတဲ့အလှတရားတွေပိုင်ဆိုင်ထားကြပါတယ်.. လူမဲကောင်လေးတစ်ယောက်ရှိတယ်..သူ့နာမည်က ဂျမား…ဆင်းရဲတဲ့အပြင် အဖေနဲ့အမေကလည်းကွဲနေရှာတယ်…မအေနဲ့အကိုနဲ့အတူနေတယ်… ကျောင်းတက်တယ်..သူငယ်ချင်းတွေနဲ့ဘတ်စကတ်ဘောဆော့တယ်…စာအုပ်တွေဖတ်သလို နုတ်စာအုပ်လေးတွေထဲမှာလည်း သူ့အမြင်လေးတွေချရေးလေ့ရှိတယ်… သို့ပေမယ့် ဒီလူမဲလေးဟာ သူမတူတဲ့ ဦးဏှောက်တော့ရှိတယ်…တစ်ခါလောက်ဖတ်ဖူးရုံနဲ့မှတ်မိသလို ဥာဏ်ကြီးရှင်တစ်ယောက်လို ဖြန့်ကျက်တွေးတောနိုင်စွမ်းလည်းရှိတယ်.. ဒီကောင်လေးက တစ်ဦးတည်းအထီးကျန်လျှို့ ဝှက်စွာနေထိုင်နေတဲ့ အဖိုးကြီး ဝီလီယမ် ဖော်ရက်စတာနဲ့ ခင်မင်မိတယ်…တစ်ချိန်ထဲမှာပဲ သူ့ရဲ့အရည်အချင်းကြောင့် ပုဂ္ဂလိကကျောင်းက ရွေးချယ်ခဲ့တဲ့အတွက် စိန်ခေါ်မှုအသစ်တွေစတင်ကြုံတွေ့ပါတော့တယ်.. ကိုင်း စပွိုင်လာ မလုပ်သင့်ဆုံးဇတ်ကားစာရင်းထဲမှာပါလို့ ဒီလောက်ပဲတော်ပါရစေနော်.. ဒီကားကို ကျွန်တော်တို့ ဂျိန်းစ်ဘွန်းမင်းသားကြီး Sean Connery နဲ့ Rob Brown က အဓိက သရုပ်ဆောင်ထားပါတယ်.. ဆုပေါင်း(၅)ဆုလည်း ရရှိခဲ့သလို အခြားဆု(၁၃)ဆုလည်း ဆန်ကာတင်စာရင်းဝင်ခဲ့တယ်… ဇတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်… File Size : (1.15GB) and (425 ...
movie
2000