Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Guan Hu
7.2
Black Dog ( 2024 )
ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie
Black Dog ( 2024 )
7.0
My People, My Country(2019)
My People, My Country(2019)(Unicode)တရုတ်နိုင်ငံဟာ ကျွန်တော့်တို့နိုင်ငံနဲ့ ယှဉ်ရင် လွတ်လပ်ရေးရတဲ့နှစ်ဟာ ကျွန်တော်တို့ထက် နောက်ကျတာ အားလုံးအသိပါပဲ...လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစစ်များစွာဖြစ်ခဲ့သလို ကပ်ဆိုးပေါင်းများစွာလည်း ဆိုက်ခဲ့ပါတယ်... သို့ပါသော်ငြားလည်း တရုတ်ဟာခု ကမ္ဘာမှာ ဘယ်လိုအနေအထားနဲ့ ရှေ့ဆက်နေလဲဆိုတာ အားလုံးအသိပါပဲ..ဒီဇာတ်ကားကတော့ တရုတ်နိုင်ငံ လွတ်လပ်ရေးရပြီး နှစ် ၇၀ ပြည့်အထိန်းအမှတ်အားဖြင့် ဒါရိုက်တာကြီး ၇ ယောက်တို့က လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတွင်နိုင်တဲ့ အကြောင်းအရာ ၇ ခုကို ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ကြီးသရုပ်ဆောင်များစွာကိုလည်းအသုံးပြုထားပါတယ်... ဒီလိုသမိုင်းတွင်နိုင်ခဲ့တဲ့အကြောင်းအရာရဲ့နောက်ကွယ်မှာ သာမန်လူတစ်ယောက် အနေနဲ့လည်း ထိုကြီးကျယ်လှတဲ့ အဖြစ်တွေနှင့် မဖြစ်မနေ စပ်လျဉ်းနေတဲ့အကြောင်းကို ရသမြောက်ပြီး ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ ဒီဖြစ်ရပ်မှန် ၇ ခု ကိုကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံ တဖြည်းဖြည်းတိုးတက်လာပုံကိုလည်းတွေ့ရမှာပါ။ဗဟုသုတလည်းရသလို မှတ်သားစရာပေါင်းများစွာလည်းပါတဲ့အပြင် ကြည့်ရှုသူတွေကိုလည်း စိတ်ဝင်စားအောင် ခမ်းခမ်းနားနားရိုက်ပြထားပါတယ်.. ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ပဲဖြစ်ပါတယ်...(zawgyi)တရုတ်နိုင်ငံဟာ ကျွန်တော့်တို့နိုင်ငံနဲ့ ယှဉ်ရင် လွတ်လပ်ရေးရတဲ့နှစ်ဟာ ကျွန်တော်တို့ထက် နောက်ကျတာ အားလုံးအသိပါပဲ...လူဦးရေအများဆုံးနိုင်ငံဖြစ်သည့်အလျောက် ပြည်တွင်းစစ်များစွာဖြစ်ခဲ့သလို ကပ်ဆိုးပေါင်းများစွာလည်း ...
movie
7.1
Mr. Six (2015)
EXO-M အဖွဲ့ဝင် Kris Wu ,မင်းသား Li Yifeng နဲ့မင်းသားကြီး Feng Xiaogang တို့အဓိကပါဝင်ထားတဲ့ ဒီတရုတ်ဇာတ်ကားဟာ Crime/Drama အမျိုးအစားဖြစ်ပြီး IMDb Rating (7.1) ,Rotten Tomatoes (80%) ထိရရှိထားပါတယ်။ဇာတ်လမ်းကတော့.....တစ်ချိန်က အရှိန်အ၀ါရှိခဲ့ တဲ့၊ လူဆိုးလူတေတစ်ယောက်ဖြစ် ခဲ့တဲ့ လျူယဲ့ခေါ်လောင်ပေါင်အာ (မစ္စတာဆစ်)ဟာ အသက် (၅၀) အရွယ်လောက်ရောက်လာတဲ့ အခါမှာတော့ အထီးကျန်ဆန်စွာ နေခဲ့ရပါတယ်။ ဓားရေးကျွမ်းကျင် လှတဲ့၊ မာဖီးယားဂိုဏ်းသားတစ်ဦး ဖြစ်တဲ့ မစ္စတာ ဆစ်မှာရှောင်ဘို (ဘော်ဘီ)ဆိုတဲ့ သားတစ်ယောက် ရှိပေမယ့် သိပ်အစေးမကပ်လှပါ ဘူး။ တစ်ရက်မှာတော့ အစိုးရ အကြီးအကဲတစ်ယောက်ရဲ့ သား ပိုင်တဲ့ အဖိုးတန်ပြိုင်ကားကို ပျက် စီးစေမှုတစ်ခုနဲ့ ဘော်ဘီပြန်ပေး ဆွဲခံခဲ့ရပါတယ်။ ဘော်ဘီကို ဖမ်း သွားတဲ့လူဆိုးအဖွဲ့ခေါင်းဆောင် ရဲ့ မိသားစုဟာ နောက်ခံအခြေအ နေကောင်းတာကြောင့် ကိုမာဖြစ် ...
movie
Mr. Six (2015)
2015