Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
George Bamber
6.1
Men in Black II (2002)
ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ...MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်...အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ...
movie
Men in Black II (2002)
2002
4K HEVC
7.3
Beautiful Boy (2018)
သမီးတွေက ဖအေချစ် သားတွေက မအေချစ်လို့ပြောကြပေမယ့် တကယ်တော့ အဖေလုပ်သူတိုင်းက သားဦးလေးကိုပဲလိုချင်တာများပါတယ် ဘာကြောင့်ရယ်မသိ စစချင်းကလေးဘဝမှာ အဖေတွေက သားတွေကိုသိပ်တန်ဖိုးထား သိပ်ချစ်ပါတယ် နောက်မှသာ... အရွယ်ရောက်လာတဲ့သားနဲ့ အဖေနဲ့ မတည့်ကြတော့တာမဟုတ်လား Beautiful Boyဆိုတာကလဲ သားနဲ့ ဖအေကြားက မေတ္တာကိုပြသတဲ့ကားတစ်ကားပါ သားလုပ်သူ မူးယစ်ဆေးနွံထဲ နစ်နေချိန် အဖေကတတ်စွမ်းသလောက် ဆွဲထုတ်ပေးတဲ့ကားပါ ဇာတ်လမ်းကတော့ဒါလေးပါပဲ... ထပ်ပြီး ပြောချင်မိတာက သူတို့နိုင်ငံက သားသမီးအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးပါ သူတို့ရဲ့ဆုံးမမှုတွေက ပြောရရင် အာဆီယံမိဘတွေနဲ့ကွာပါတယ် ထစ်ခနဲဆို အရင်ရိုက် နောက်မှချော့ဆိုတဲ့ထုံးကို သူတို့ မသုံးပါဘူး နားလည်လွယ်အောင်ရှင်းပြတယ် လမ်းပြတယ်နောက်ဆုံး ပြောမရရင်လျစ်လျူရှုလိုက်တယ် ဒါပေမယ့်လဲ တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးထုံးစံရှိမယ် သားဆိုးသမီးဆိုးကို ပစ်ရိုးမရှိဆိုတဲ့အတိုင်း ဒီကားမှာလဲ သားအတွက်ကြိုးစားပေးတဲ့ အဖေလုပ်သူ ဒေးဗစ်ရှက်ဖ်ကိုမြင်ရပါလိမ့်မယ် ဘာပဲပြောပြောပါ ကျွန်တော်ကတော့ ဒေးဗစ်ရှက်ဖ်လို ဖခင်မျိုးကို သိပ်သဘောကျပါတယ် သားနဲ့ သူငယ်ချင်းလိုပေါင်းတယ် သားကို နားလည်အောင်ပြောတယ် သားနဲ့အတူတူ weedပါလိုက်သောက်ရင်း အချိန်ပေးခဲ့ပါတယ်... ဆိုတော့ တစ်နေ့မိဘနေရာရောက်လာမယ့်သူတွေ ကြည့်သင့်တယ်လို့ ထင်ပါတယ် အရင်ရိုက်နောက်မှချော့ ဆိုတာကြီးကို ပြောင်းလဲသင့်ပြီမဟုတ်လား... ကျွန်တော်sithuကencodeပြီး ကိုWai Zinမှခံစားတင်ဆက်ပေးထားပါတယ် encoderအနေနဲ့ထပ်ဖြည့်စွက်ပြောချင်တာကဒီကားက မိဘနေရာရောက်မယ့်လူတွေဖြစ်တဲ့ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ် နောင်တမရစေရပါဘူး ဘ၀တစ်ခုလုံးအတွက်အမြင်တချို့ပါပြောင်းသွားနိုင်ပါတယ် အဆင်ပြေကြပါစေဗျာ
movie
Beautiful Boy (2018)
2018
6.1
Jeepers Creepers (2001)
Jeeper Creeper ဇတ်ကားဟာဆိုရင် 2001ခုနှစ်ကထွက်ရှိခဲ့တဲ့ အမေရိကန်Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။2001ခုနှစ်ကထွက်ရှိခဲ့တယ်ဆိုပေမယ့် တကယ့်ကို Horror ဆန်ပြီး ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုရသအပြည့်ပေးနိုင်တာကြောင့် အောင်မြင်လူကြိုက်များခဲ့လို့ အပိုင်း2နဲ့အပိုင်3းကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။1938မှာကျော်ကြားခဲ့တဲ့ Jeeper Creeperသီချင်းကို ယူပြီးဇာတ်ကားထဲမှာ ရိုက်ကူးခဲ့ပါတယ်။Horrorကားတွေကြိုက်တဲ့ ပရိတ်သတ်တွေတော့တကယ်ကိုကြည့်သင့်ဇာတ်လမ်းကောင်းပါ။Jeeper Creeper ဆိုတဲ့ သတ္တ၀ါကြီးဟာ နှစ်အပိုင်းအခြားတစ်ခုရောက်တိုင်း လူလောကကိုလာပြီး လူတွေကိုသတ်ဖြတ်စားသောက်တဲ့ သတ္တ၀ါကြီးတစ်ကောင်ပါ။သူဘယ်သူလဲဆိုတာသေချာမသိရသလို သတ်ဖြတ်စားသောက်တယ်ဆိုတာလည်း သူ့ကိုယ်သူပြန်လည်လာရောက်တည်ဆောက်တဲ့သဘောပါ။သတ်တဲ့အခါမှာလည်း တွေ့သမျှ လူတိုင်းကို သတ်လေ့မရှိဘဲ လူတွေရဲ့အကြောက်တရားကိုအခြေခံထားပြီး သတ်လေ့ရှိတာပါ။ဇာတ်ဝင်ခန်းတွေက တကယ်ကိုအသက်ပါပြီး ရင်တထိတ်ထိတ်ကြည့်ရမှာမို့လို့ Horror ပရိသတ်တွေသေချာပေါက် ကြိုက်ကြမှာပါ။အားပေးကြလွန်းလို့ နောက်ထပ် ၂ကားပါဆက်ရိုက်ထားတဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့……..နွေရာသီအားလပ်ရက်တွေမှာ ဒယ်ရီနဲ့သရစ်ရှာတို့မောင်နှမနှစ်ယောက်ဟာ အိမ်ကိုပြန်လာခဲ့ကြပါတယ်။လမ်းမှာ ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်ပြီး အဲ့ကားကိုမောင်းတဲ့သူက လမ်းမကြီးဘေးမှာရှိတဲ့ ဘုရားကျောင်းအိုကြီးထဲကို ပိုက်လုံးတွေထဲကနေ လူသေအလောင်းကိုပစ်ချနေတာတွေ့လိုက်ကြတယ်။အဲ့မှာ သူတို့မောင်နှမ နှစ်ယောက်ကစိတ်ဝင်စားပြီးသွားကြည့်တဲ့အခါမှာတော့ လူသေအလောင်းတွေကိုတစ်ယောက်နဲ့တစ်ယောက်သီပြီးဘုရားကျောင်းနံရံတွေမှာချုပ်ထားတာတွေ့လိုက်ရပါတယ်။အဲ့မှာတင်ပဲ မောင်နှမနှစ်ယောက်ဟာ အနီးဆုံးမှာရှိတဲ့လမ်းဘေးစားသောက်ဆိုင်ကိုသွားပြီးရဲစခန်းကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။အဲ့မှာအမျိုးသမီးတစ်ယောက်ရဲ့ဖုန်းဝင်လာပြီး၊ ...
movie
Jeepers Creepers (2001)
2001