Channel Myanmar

Dustin Donovan McLean

As It’s Remembered (2022)
As It’s Remembered (2022) As It's Remembered (2022) ဇာတ်ကောင်ရဲ့ ကောင်လေးက သူတို့နှစ်ယောက်ချိန်းတွေ့တုန်းမှာ မျက်နှာဖုံးနဲ့လူတစ်ယောက် ဓားနဲ့ လာထိုးသတ်လို့ သေသွားတယ်။ ဇာတ်ကောင်က ဒီအဖြစ်အတွက် ဖြေမဆည်နိုင်ဖြစ်နေတယ်။ ဒီတော့ သူက အတိတ်ကိုပြန်ပြင်ဖို့ ကြိုးစားတယ်။ သူ့ကြိုးစားပုံက တစ်မျိုး။ စိတ်နဲ့ပဲ အချိန်ခရီးသွားတာမျိုးပဲ။ သူ့အတွေးအခေါ်က လူဟာ သူ့အရှိတရားရဲ့ အရှင်သခင်ပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိမြင်တဲ့လူက ကိုယ့်အရှိတရားကို ကိုယ့်စိတ်ကြိုက် ထိန်းချုပ်နိုင်မယ်။ ဘုရားသခင်လိုမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ကို ပြောင်းလဲလိုက်ရင် ကိုယ်ပြောင်းလဲသွားသလိုမျိုး သူက အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို သူက တခြားတစ်နည်းနဲ့ပြောင်းလဲလက်ခံလိုက်ရင် အတိတ်ကိုပြင်ပြီးသားဖြစ်ပြီး အတိတ်က အရှိတရားကို သက်ရောက်ပြီး လက်ရှိအရှိတရားပြောင်းလဲသွားမယ်လို့ ယုံထားတယ်။ ဒီတော့ သူက စိတ်နဲ့ အချိန်ခရီးသွားတဲ့ စက်တစ်မျိုးထွင်ပြီး သူ့အတိတ်က သူ့မှတ်ဉာဏ်ကို ပြင်ဖို့ ကြိုးစားတယ်။ ဇာတ်လမ်းကတော့ ဒါပါပဲ။ဒီရုပ်ရှင်ဟာ ကြာချိန်လည်း တစ်နာရီကျော်ကျော်ပါပဲ။ အပြအားဖြင့်ဆိုရင်လည်း နေရာလေး သုံးနေရာကို ...
movie

As It’s Remembered (2022)

2022