Channel Myanmar

Duncan Skiles

The Clovehitch Killer (2018) 6.7
The Clovehitch Killer (2018) The Clovehitch Killer ဆိုတဲ့ ၂၀၁၈ ထွက် Drama, Horror, Mystery အမျိုးအစား ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပါရစေ။Horror ဆိုပေမယ့် ထိတ်လန့်စရာ မပါပဲ ရိုးရိုးအေးအေးလေးနဲ့ပဲ တစိမ့်စိမ့် သင့့်စိတ်ကိုဆွဲဆောင်သွားမယ့် ဇာတ်ကားလေးတစ်ကားပါ။စုံထောက် Mystery ကားကြိုက်သူတွေအတွက်ကွက်တိပါပဲ။ဇာတ်လမ်းအကျဉ်းလေးကတော့ အဲဒီမြို့လေးမှာ Clovehitch ဆိုတဲ့ လူသတ်သမားသတ်သွားတဲ့ သေသူ ၁၀ ယောက်အတွက် အမှတ်တရပွဲ နှစ်တိုင်းလုပ်ပေးကြတာပါ။လူသတ်သမားက သူသတ်ခဲ့တဲ့လူတိုင်းရဲ့ အိမ်မှာ Clovehitch ကြိုးချည်နည်းနဲ့ အမှတ်အသားထားခဲ့တတ်ပါတယ်။အဲဒါကြောင့် ကြိုးချည်နည်းနာမည်ကိုယူပြီးတော့ Clovehitch လူသတ်သမားလို့ခေါ်ကြပါတယ်။သာမန်ပျော်စရာမိသားစုအတွင်းက ကင်းထောက်လူငယ်လေးဖြစ်တဲ့ Tyler က သူ့အဖေရဲ့ကားထဲမှာ ပုံမှန်မဟုတ်တဲ့ဆက်ဆံနည်းတွေပါတဲ့ အပြာဓာတ်ပုံတစ်ပုံကိုမမျှော်လင့်ပဲတွေ့ခဲ့ရာက Clovehitch လူသတ်သမားနဲ့ပတ်သက်ပြီး သဲလွန်စတွေကို တဖြည်းဖြည်းချင်းရှာတွေ့လာတဲ့အခါမှာ သူ့ရဲ့အဖေကိုယ်တိုင်က Clovehitch ဟုတ်လား မဟုတ်ဘူးလားဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။အပြာဓာတ်ပုံဆိုလို့လန့်မသွားပါနဲ့ဦး မိသားစုနဲ့ကြည့်လို့လည်း အဆင်ပြေတဲ့ကားမျိုးပါ။IMDB Rating ကတော့ 6.5 ထိရရရှိထားပါတယ်။(d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size ...
movie

The Clovehitch Killer (2018)

2018