Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Webb
8.1
Into the Wild (2007)
Into the Wild (2007)IMDb Rating (8.1) / Rotten Tomatoes (83%)၁၉၉၃ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ လှုပ်လှုပ်ရှားရှား သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့တယ်။ အသက် ၂၀ ကျော်၊ ဘွဲ့ရပညာတတ်လူငယ်တစ်ဦး၊ ငွေရေးကြေးရေး အခက်အခဲ မရှိသလို၊ မိသားစုပြသနာ၊ အချစ်ရေး ပြသနာ ဘာမှ မရှိတဲ့ လူငယ်လေးတစ်ဦးဟာ တောထဲကို ဝင်ရောက်သွားခဲ့တယ်။တောထဲမှာ တစ်ကိုယ်တော်နေထိုင်ရင်း သစ်သားဘတ်စ်ကားအိုကြီးထဲမှာ ပျက်စီးနေတဲ့ သူ့ရုပ်အလောင်းကို ဆတ်မုဆိုးအဖွဲ့ကနေ တွေ့ရှိခဲ့ပါတော့တယ်။♦️ ဘာကြောင့်သူဟာ ပိုင်ဆိုင်မှူတွေကို စွန့်ခွာခဲ့တာလဲ♦️ ဘာကြောင့်သူဟာ အောင်မြင်မှူတွေကို စွန့်ခွာခဲ့တာလဲ♦️ ဘာကြောင့်သူဟာ ချစ်ခင်တဲ့ မိသားစုကို စွန့်ခွာခဲ့တာလဲအဆိုပါ လူငယ်လေးအကြောင်းဟာ အမေရိကန်နိုင်ငံသားတွေကြားမှာ ဆွေးနွေးစရာ ဘာသာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ အဆိုပါ လူငယ်လေးရဲ့ ကိုယ်ရေးမှတ်တမ်းတွေအပါအဝင် သူပတ်သက်ခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာ ဆရာမတွေ၊ မိသားစုဝင်တွေနဲ့ သူ့ချစ်သူတို့ကို မေးမြန်းကာ စာရေးဆရာ Jon Krakauer က Into the Wild ဆိုပြီး စာအုပ်တစ်အုပ်ထုတ်ဝေလိုက်ပါတယ်။အဆိုပါစာအုပ်ဟာ အမေရိကန်ပြည်တွင်းကို ကျော်လွန်ကာ နိုင်ငံတကာထိ ပေါက်မြောက် ...
movie
Into the Wild (2007)
2007
8.5
Joker (2019)
Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie
Joker (2019)
2019
4K HEVC
8.7
The Irishman (2019)
ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie
The Irishman (2019)
2019
4K HEVC
6.9
Da 5 Bloods(2020)
Da 5 Bloods(2020)ဒီဇာတ်ကားဟာ ၁၉၅၀ခုနှစ်များအလွန်က ဖြစ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ်စစ်ပွဲပေါ်မှာအခြေခံပြီး ရိုက်ကူးထားပါတယ်..Bloodsအဖွဲ့လို့ သူတို့ကိုယ်သူတို့ခေါ်ကြတဲ့ အမေရိကန်ကလူမည်းဗီယက်နမ်စစ်ပြန်ကြီးလေးယောက်ဟာစစ်အတွင်းကကျဆုံးသွားတဲ့ အဖွဲ့ခေါင်းဆောင်လဲဖြစ် သွေးသောက်ညီအစ်ကိုလဲဖြစ်သူနော်မန်ဆိုတဲ့ လူမည်းစစ်သားရဲ့ကြွင်းကျန်တဲ့ရုပ်အလောင်းကိုရှာဖို့ ဗီယက်နမ်နိုင်ငံကိုခရီးထွက်ခဲ့တယ်...သူတို့ဟာ ဗီယက်နမ်ကို သွားခဲ့တဲ့ အခြားရည်ရွယ်ချက်လည်းရှိသေးတယ်..အဲ့ဒါက စစ်အတွင်းမှာပဲသူတို့ရှာတွေ့ပြီး ဝှက်ထားတဲ့ရွှေတွေကို ပြန်လည်သယ်ဆောင်ဖို့ဖြစ်တယ်...သူတို့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်File Size : (1.2 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:34:00 Genre : Adventure, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
Da 5 Bloods(2020)
5.4
Suburbicon (2017)
ဆက်ပ်ပါဘေကွန်ဆိုတာကတော့ အလွန်ငြိမ်းချမ်းပြီးတော့၊မြို့ကြီးပြကြီးတွေလိုကားသံယာဉ်သံတွေနဲ့ရှုပ်ထွေးကြပ်ညှပ်နေခြင်းမရှိတဲ့ တောမကျမြို့မကျနေရာလေးတစ်ခုပဲဖစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ၁၉၄၀-၅ဝဝန်းကျင်တွေလောက်ကကြီးထွားခဲ့တဲ့ လူဖြူလူမည်းခွဲခြားရေးပြဿ နာပေါ်မူတည်ပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။အဆိုပါ ဆက်ပ်ပါဘေကွန်ဟာတော့ လူဖြူအများစုသာနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။တနေ့မှာတော့ လူမည်းမိသားစုဖြစ်တဲ့ မေယာတို့မိသားစုဟာအဆိုပါဒေသကိုပြောင်းရွေ့လာတဲ့အခါမှာတော့လူဖြူတွေကအပြင်းအထန်ကန့်ကွက်ကြပြီး လူမည်းမိသားစုကိုဆက်ပ်ပါဘေကွန်ကထွက်ခွာသွားအောင် နည်းအမျိုးမျိုးနဲ့လုပ်ဆောင်ပါတော့တယ်။သို့ပေမယ့် ဒီဇာတ်ကားထဲမှာတော့ အဲ့ဒီလူမည်းမိသားစုဟာ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေမဟုတ်ဘဲနဲ့သူတို့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့ လောချ့်မိသားစုကအဓိကဇာတ်ဆောင်ဖြစ်နေပါတယ်။ မစ္စတာလော့ခ်ဟာအောက်ပိုင်းမသန်တော့တဲ့ သူ့ဇနီးဖြစ်သူရယ် သူ့ရဲ့တစ်ဦးတည်းသောသားကလေးရယ်၊ ခယ်မဖြစ်သူတို့နဲ့အတူနေပါတယ်။တစ်ညမှာ မစ္စတာလော့ချ်တို့မိသားစုမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး မသန်စွမ်းတဲ့ဇနီးသည်ရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။အဆိုပါ အကြမ်းဖက်မှုမှာ မစ္စတာလော့ချ်ကိုယ်တိုင်ပါဝင်ပက်နေတာဖြစ်ပါတယ်။ဘာကြောင့်မစ္စတာလော့်ချ်က ဒီလိုမျိုးလုပ်ရတယ်၊ အဲ့ဒီကနေပြဿ နာတွေကြီးထွားလာပြီးဘာဆက်ဖြစ်မယ်၊ ဘယ်လိုအလိမ်တွေပေါ်ကုန်မလဲ၊ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကိုတော့ ဇာတ်လမ်းကလေးမှာဆက်လက်ကြည့်ရှု့လိုက်ပါ။ဒီဇာတ်လမ်းကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းလေးဟာ ကြည့်ပြီးသွားရင် ဘာမှမရလိုက်တဲ့ပေါကားဇတ်လမ်းမျိုးမဟုတ်ပါဘူး။ကြည့်ပြီးတာနဲ့ တစိမ့်စိမ့်နဲ့စဉ်းစားစရာတွေချန်ထားခဲ့မယ်ဇာတ်ကားမျိုးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ချ်ကတော့ လူတွေရဲ့အပြင်ပန်းအသွင်အပြင်နဲ့အသားအရောင်တွေကိုကြည့်ပြီးတော့ လူမျိုးရေးခွဲခြားနေတာဟာ လုံးဝမဖြစ်သင့်ကြောင်းပြသသွားတာပါ။လူမည်းဖြစ်ပေမယ့်စိတ်ထားဖြူစင်တဲ့ မိသားစုကိုတော့လူတွေကပစ်ပယ်ကြပြီး၊ လူဖြူ ဖြစ်ပြီး စိတ်ဓာတ်ညစ်နွမ်းတဲ့မိသားစုကိုတော့ သနားနေကြတဲ့ပုံကိုပညာသားပါပါလေးတင်ပြသွားတာပါ။ကြည့်ပြီးရင်မိမိအတွက်တစ်ခုခုပြန်ရလိုက်မယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး File Size : (900 MB) and (360 MB) Quality : Blu-Ray 720p Running Time ...
movie
Suburbicon (2017)
2017
7.2
Silence (2016)
Silence (2016) IMDb - 7.2/10_____Rotten - 83% Liam Neeson နဲ့ Andrew Garfield ပါဝင်တဲ့ ဒီဇာတ်ကားလေးဟာဆိုရင် မိမိတို့ဘာသာ တရားအတွက် မိမိရဲ့ ယုံကြည်မှု့အတွက် အသက် ကိုစွန့်လွှတ် ခဲ့တဲ့ ခရစ်ယာန် ဘာသာဝင်တွေ နဲ့ ခရစ်ယာန် ဘုန်းတော် ကြီးတွေ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Rating 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေး ဟာဆိုရင် ကြည့်ရတာ တော်တော့်ကိုကောင်းမွန် တဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ တော်တော် ကို အော့နှလုံးနာစရာ အခန်းတွေ ပါဝင်ပေမဲ့ ရက်စက်ကြမ်းကြုတ်တက်တဲ့ လူသားတွေရဲ့ သဘောသဘာဝ ကို ပုံဖော်ပြထားတာကိုပဲခံစားကြည့် ရှု့ဖို့ တောင်းဆိုပါရစေ။ ဇာတ်လမ်း အကျဉ်းကတော့ ၁၇ ရာစု အစပိုင်းမှာ ဂျပန်ကို သာသနာပြုဖို့ အတွက် ဘုန်းတော်ကြီး Ferreira (Liam Neeson) တို့ဟာစေလွှတ်ခြင်းခံခဲ့ရပါတယ်။အစပိုင်းမှာတော့ သူတို့ခရီးစဉ် အောင်မြင် ခဲ့ပြီး နောက်ပိုင်းမှာတော့ ရက်စက်တဲ့ Shogun တွေက သာသနာပြုလုပ်ငန်းတွေကို ဖျက်စီး ဘာသာဝင်တွေကို ဖမ်းဆီး နှိပ်စက် ...
movie
Silence (2016)
2016