Channel Myanmar

Dallas Jackson

The System (2022)
The System (2022) The System (2022)ကားအမျိုးအစားက Action, Crime ဆိုတော့ အချိန်တိုလေးအတွင်း အပျင်းပြေကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပါပဲ။ အချိန်လည်းသိပ်မပေးချင် ဇာတ်လေးလေးပင်ပင်တွေလည်း မကြိုက်ဘဲ ပေါ့ပေါ့ပါပါး တိုက်လိုက် ခိုက်လိုက်ကားလေးနဲ့ စိတ်အပန်းဖြေချင်ရင် ကြည့်သင့်တဲ့ ရုပ်ရှင်လေးပါ။ မင်းသားတွေကတော့ ကတုံးကားမောင်း မြန်စေလျောင်းကားတွေမှာ အစကတည်းကနေ ကြားဖောက်ကားတွေကလွဲ 9 အထိပါခဲ့တဲ့၊ နောက်ကားတွေလည်း ဆက်ပါနေဦးမယ့် Tyrese Gibson နဲ့ မူလလက်ဟောင်း War Machine ကြီး Terrence Howard တို့ပါပဲ။ ရင်းနှီးပြီးသားမင်းသားတွေနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ကားလေးဆိုတော့ အားလုံး သဘောကျကြမှာပါ။တယ်ရီဆဲဗေ့ဂျ်ဟာ တိုင်းပြည်အတွက် အသက်ပေးအမှုထမ်းခဲ့ပြီး စစ်မြေပြင်မှာ ဆုတွေအလီလီရတဲ့ထိတိုင်အောင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ စစ်သူရဲကောင်းတစ်ယောက်ပေမဲ့ တာဝန်ပြီးလို့ အိမ်ပြန်ရောက်ချိန်မှာတော့ တိုင်းပြည်အစိုးရရဲ့ မျက်ကွယ်ပြုခြင်း ခံရပြီး ဘဝက ယိုယွင်းလာခဲ့တယ်။ အဲဒီလိုနဲ့ နောက်ဆုံး သူ့သမီးအသက်မသေရအောင် ဆေးဖိုးရှာဖို့ ကြံရာမရတဲ့နောက်မှာ ...
movie

The System (2022)

2022