Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dai Yilin
5.7
Puppet ( 2024 )
နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ plot twist တွေအများကြီးပါတာ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် The Puppet ဆိုတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ - ဝမ်ယွင်ကျစ်ဆိုတဲ့ ဓားရေးပြပြီး ပြဇာတ်ကတဲ့ကောင်လေးဟာ တစ်နေ့မှာတော့ ခရီးသွားရင်း မတရားမှုကိုတွေ့လို့ဝင်ကူညီရာကနေ မတော်တဆ တော်ဝင်ကိုယ်ရံတော်တွေကို သတ်မိသွားပြီးတော့ ကျောင်အကျဉ်းထောင်ထဲရောက်သွားပါတော့တယ် ။အဲဒီကျောင်အကျဉ်းထောင်က လူ့ပြည်မှာရှိတဲ့ ငရဲပြည်လို့တောင် သတ်မှတ်ထားကြနဲ့ အကျဉ်းထောင်ကြီးဖြစ်ပါတယ် ။ သေဖို့ရက်ကိုစောင့်ရင်း မျှော်လင့်ချက်မဲ့စွာနဲ့ အသက်ရှင်နေရတဲ့ ဝမ်ယွင်ကျစ်ကို မိန်းမစိုးကျန်းချန်က အသက်ထပ်ရှင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ။သူ့ကို မင်းကြီး မင်တိုင်းပြည်နဲ့ မိန်းမစိုးကျန်းချန်ဆီမှာ တင်းကျန်ဆိုတဲ့နာမည်နဲ့ အမှုထမ်းခွင့်ပေးလိုက်ပါတယ် ။ ဒီလိုနဲ့ ဝမ်ယွင်ကျစ်တစ်ယောက် မိန်းမစိုးကျန်းချန်ရဲ့ ရုပ်သေးရုပါစပြီးဖြစ်လာပါတော့တယ်။တင်းကျန်နာမည်နဲ့ မင်းမှုထမ်းဖြစ်သွားတဲ့ ယွင်ကျစ်တစ်ယောက် နန်းတွင်းအရှုပ်တွေကို ဘယ်လိုဖြေရှင်းသွားမလဲ ? သူကိုယ်တိုင်ကရော ပြဿနာတွေထဲ ဘယ်လိုဝင်ပါလာလိမ့်မလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ပေးကြပါအုံးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( ...
movie
Puppet ( 2024 )
5.8
The Origin of The Legend Of Meng Po ( 2024 )
လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး ပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက် သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။ သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊ အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့ မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာ နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီး အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာ ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။ တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ? အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားက ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance , Fantasy Runtime : 1h ...
movie
The Origin of The Legend Of Meng Po ( 2024 )
5.7
Dragon Hunter ( 2023 )
တရုတ်တွေက မသေဆေးဖော်ဖို့စွဲလမ်းခဲ့တာ ဟိုးရှေးကတည်းကပါ.... သိပ္ပံပညာတွေထွန်းကားလာပေမယ့်လဲ ထာဝရနုပျိုနိုင်တဲ့ ဆေးဖော်ဖို့ကြိုးစားနေကြတုန်းပါပဲ။ နဂါးဆိုတာအမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီး နဂါးဝင်စားတဲ့ နဂါးသွေးပါတဲ့လူက ထာဝရနုပျိုတယ်လို့ဒဏ္ဍာရီရှိပါတယ်။သတင်းထောက်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ နှစ်(၂၀)ကြာအောင် ရုပ်ရင့်လာခြင်းမရှိတဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီး သတင်းမှာဆောင်းပါးအဖြစ်နဲ့ထည့်ရေးလိုက်တယ်။ အဲဒီအချိန်မှာ နုပျိုဆေးဖော်နေတဲ့ပါမောက္ခကြီးက ဆေးကိုလက်တွေ့ကျကျ မဖော်နိုင်ဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ ပါမောက္ခကြီးက အဲဒီလူကိုရရာနည်းနဲ့ခေါ်ပြီး နဂါးရှိတဲ့နေရာကိုလမ်းပြခိုင်းတော့တာပေါ့။ သူရှာနေတဲ့ မအိုမင်းနိုင်တဲ့နုပျိုဆေးဆိုတာတကယ်ရှိနိုင်ပါ့မလား...... ဒဏ္ဍာရီလာနဂါးတွေကရောတကယ်ရှိနိုင်ပါ့မလား Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Dragon Hunter ( 2023 )
5.9
The Lost Legend ( 2023 )
ဒီတစ်ခါတော့ ပုံမှန်သင်္ချိုင်းဖောက်ထွင်းကားတွေနဲ့မတူတဲ့ တင်ဆက်ပုံနဲ့ မထင်မှတ်ထားတဲ့Plot twistedတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချိုင်းဖောက်ထွင်းဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဖာချိုးဂိုဏ်းသားတွေဖြစ်တဲ့ ဟွမ်ရှောင်မန်တို့ဆရာတပည့်တွေဟာ သင်္ချိုင်းဖောက်ထွင်းတဲ့လောကကနေထွက်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားနေကြပါတယ်။ တစ်နေ့မှာတော့ ရဲစခန်းမှူးတစ်ယောက်ရောက်လာပြီး သူ့ရဲ့ဇနီးကိုကယ်ဖို့အတွက် နှစ် (၁၀၀၀) သင်္ချိုင်းလိုအမှောင်ဆုံးနေရာတွေမှာသာပေါက်တဲ့ တစ္ဆေဂျင်ဆင်းကိုရှာဖွေပေးဖို့ အကူအညီတောင်းလာပါတယ်။လူ့အသက်ကယ်ဖို့အရေးကြီးတဲ့အတွက် ဆရာတပည့်တွေဟာ တတ်သိပညာမနေသာပဲ ကူညီပေးဖို့သဘောတူလိုက်ကြတယ်။ သူတို့တောထဲကိုစဝင်လိုက်တာနဲ့ အမဲလိုက်မုဆိုးအဖွဲ့နဲ့ကြုံရပြီး ပြေးရင်လွှားရင်း ဆရာကြီးကသေနတ်မှန်ပြီးသေသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ လူ့အသက်ကယ်ဖို့ကနေ ဆရာ့အတွက်လက်စားချေဖို့ ဒီသင်္ချိုင်းကရတနာတွေကိုဖောက်ထွင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဝင်္ကဘာလိုရှုပ်ထွေးလှတဲ့မြေအောက်နန်းတော်သင်္ချိုင်းကြီးထဲမှာ သူတို့တွေဟာလက်စားချေနိုင်ပါ့လား...... နောက်ကွယ်မှာဘယ်လိုမထင်မှတ်ထားတဲ့ အရာတွေရှိနေဦးမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Lost Legend ( 2023 )
6.5
Marshal Tianpeng (2020)
ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်သွားအောင် ပါကျဲ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ချင်ပါတယ် ။ နောက်ပိုင်း ဝူခုန်း ကားလေးတွေက ကလိထိုးရယ်သလို ဟာသဆန်ဆန် ရိုက်ကူးကြပေမယ့် အခု ပါကျဲ ကားလေးကတော့ လုံးဝကို ဒရမ်မာပုံစံနဲ့ ပါကျဲ ဖြစ်တည်လာပုံကို ရိုက်ကူးထားတာပါ ။ပါကျဲ မဖြစ်ခင် သူက အရမ်းချောမောတဲ့ ကောင်းကင်နတ်စစ်သူကြီး ထျန်းဖုန်း ဆိုတာတော့ သိကြလိမ့်မယ်ထင်ပါတယ် ။ ဝူခုန်း နဲ့ အထက်ကောင်းကင်မှာ လက်ရည်တူတိုက်ခိုက်နိုင်တဲ့သူပါ ။ မြတ်စာဘုရားက ဝူခုန်းကို လက်ငါးချောင်းတောင်မှာ ချုပ်ထားလိုက်တဲ့အချိန် စစ်သူကြီထျန်းဖုန်း ကို မနာလိုတဲ့ ကောင်းကင်စောင့်နတ်မင်းကြီးရဲ့ အကွက်ဆင်မှုကြောင့် လူ့ပြည်ကိုသွားပြီး ဝူခုန်းကို နှိမ်နင်းရပါတော့တယ်။အရင်က သိခဲ့တဲ့ မိန်းကလေးလှလှမြင်ရင် လိုက်ငမ်းတဲ့ ပါကျဲ.... အပျင်းကလည်းကြီး ... ပိန်းတိန်းတိန်းနဲ့ ငတုံး လို့ခဏခဏအပြောခံရတဲ့ ပါကျဲ ... တကယ်တော့ သူက အချစ်အတွက်နဲ့ ပါကျဲ ဖြစ်ခဲ့ရတာပါ ။ ရုပ်ရည်ချောမောပြီး ...
movie
Marshal Tianpeng (2020)
2020