Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Corey Yuen
6.6
My Father Is A Hero ( 1995 )
1995ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jet Li ကားကောင်းတစ်ကားဖြစ်ပါတယ်။ Jet Li ရဲ့ပရိသတ်တွေကိုတော့ ဇာတ်ကားအကြောင်း သိပ်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ကုံဝေ့ဟာတရုတ်ပြည်မကြီးက ရဲဘက်ကသူလျှိုတစ်ယောက်ဖြစ်တယ်။ အလုပ်ကြောင့် မိန်းမနဲ့ကလေးကိုအချိန်မပေးနိုင်ခဲ့ဘူး။ ကိုယ်ခံပညာတော်ပြီး အရမ်းသိတတ်တဲ့သားနဲ့ ရောဂါသည်ဇနီးကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ဇနီးသည်ကရောဂါကြောင့်သူ့ကိုလိုအပ်နေချိန်မှာ သူက အရေးကြီးတဲ့အမှုတစ်မှုအတွက် ရာဇဝတ်သားယောင်ဆောင်ပြီး ဟောင်ကောင်မှာ သူလျှိုသွားလုပ်နေခဲ့ရတယ်။ ရှေးဟောင်းပစ္စည်းမှောင်ခိုရောင်းတဲ့လူဆိုးတွေကို သားအဖနှစ်ယောက် အပီတွယ်မယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Drama , Action, Crime Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
My Father Is A Hero ( 1995 )
1995
6.7
So Close (2002)
So Close (2002)IMDb Rating (6.6) / Rotten Tomatoes (82%)မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့ So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ ...
movie
So Close (2002)
2002
5.6
No Retreat, No Surrender (1985)
ဒီကားက Old School ကရာတေးကားလေးပါ နာမည်ကြီးမင်းသားကြီးJean-Claude Van Damme လဲပါဝင်ပါတယ်ဇာတ်လမ်းကတော့ ဇာတ်လိုက်က Jason Stillwell လို့ခေါ်တဲ့ Bruce Lee ရူးရူးနေတဲ့ကောင်လေးပါ.Jason တို့ သားအဖနှစ်ယောက်ဟာ LA မှာကရာတေးသင်တန်းဖွင့်ထားရာ တစ်နေ့လူဆိုးအဖွဲ့အစည်းက သူတို့ရဲ့သင်တန်းကိုလာသိမ်းတော့ Seattle ဘက်ကိုရှောင်နေပါတယ်Jason က Seattle မှာ ကရာတေးသင်တန်းကျောင်းတစ်ခုကိုဝင်Joinရမှာ သင်တန်းBully တစ်ချို့နဲ့တွေ့ရတာ အပြင်းအထန်ကြိုးစားပြီးပိုသန်မာလာပါတယ်ထို့နောက် LA မှာသူတို့သင်တန်းကျောင်းကိုသိမ်းသွားတဲ့လူဆိုးဂိုဏ်းနဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ1984 က karate kid လိုမျိုး old school martial art ကားလေးတွေကြိုက်ရင်ဒီကားကိုလဲသဘောကျမှာပါ Fight Choreography တွေလဲတော်တော်ကောင်းပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )File Size__(1.9GB) / (1.5GB) Quality__Bluray_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:39:00 Type__Action, Comedy, Crime Subtitle__Myanmar Subtitle ...
movie
No Retreat, No Surrender (1985)
5.5
The Twins Effect II (Vampire Effect 2) (2004)
Twin Effect 2 မှာတော့ 1က သရုပ်ဆောင်တွေပဲ ပြန်ပါလာပေမယ့် ဇာတ်ကြောင်းလုံးဝကွဲပြားသလို သရုပ်ဆောင်အသစ်တွေ အများကြီးပါဝင်လာပါတယ်။ 1တုန်းက ပါခဲ့တဲ့ Jackie Chanအပြင် ဒီကားမှာ Ip Man အဖြစ်လူသိများတဲ့ Donnie Yenပါ ဧည့်သည်အဖြစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ ယောကျ်ားတွေကို စိတ်နာနေတဲ့ အမေဇုန်ပြည်ဘုရင်မကြီးဟာ အာဏာရော မှော်အစွမ်းတွေပါ သုံးပြီး တိုင်းပြည်ကိုထိန်းချုပ်ထားတာပါ။ ယောကျ်ားတွေလို ငွေဝယ်ကျွန်လို ရောင်းဝယ်ဖောက်ကားကြပြီး မိန်းမတွေက ပြားပြားဝပ် ဖိနှိပ်ထားတဲ့ တိုင်းပြည် တစ်ခုပေါ့။ ဒီလိုမျိုးအစွန်းရောက်နေတဲ့ ဘုရင်မကြီးကို နှိမ်နင်းနိုင်တဲ့ တစ်ခုတည်းသော နည်းကတော့ ကြယ်တာရာ သူရဲကောင်းတစ်ဦးက Excaliburဓါးနဲ့အတူ ဘုရင်မကြီးကို သတ်ပစ်ရမှာပါ။သူ့ကို ချေမှုန်းနိုင်မယ့်သူရှိတာ သိနေတဲ့ဘုရင်မက တိုင်းပြည်ထဲက ယောကျ်ားမှန်သမျှ လိုက်ဖမ်းပြီး သူရဲကောင်းအလောင်းအလျာကို ရှာဖွေနေခဲ့တာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အထက်ပါ သူရဲကောင်းက လွတ်မြောက်နေပြီး နောက်ဆုံးမှာ မိစ္ဆာဘုရင်မကြီးနဲ့ ထိပ်တိုက်တွေ့ဆုံပါတော့တယ်။ ထိုသူရဲကောင်းက ...
movie
The Twins Effect II (Vampire Effect 2) (2004)
6.5
The Bodyguard from Beijing: The Defender (1994)
The Bodyguard from Beijing: The Defender (1994) IMDb - 6.5/10______Rotten - 71% ဂျက်လီရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားက သာမန်သိုင်းချတဲ့အက်ရှင်ကားတွေနဲ့မတူပါဘူး...မြတ်နိုးရတဲ့အချစ်တစ်ခုအကြောင်းကို စီကုံးပြထားတဲ့ မျက်ရည်ပြဇာတ်တစ်ခုလိုပါပဲ...ဂျက်လီကလဲ ငယ်သေးသလို အဓိကမင်းသမီး Christy Chung ရဲ့ အလှဆုံးအချိန်မှာ ရိုက်မိထားတဲ့ အချစ်အက်ရှင်ဇာတ်ကားလေးပါ။သက်တော်စောင့်လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲက ဂျက်လီဇာတ်ရုပ်ကို ပြေးမြင်မိတာပါပဲ။သက်တော်စောင့်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်အဝနဲ့ စွန့်စားမှု ပေးဆပ်မှုတွေနဲ့ တစ်ခါကြည့်ဖူးရင် မေ့မရတဲ့ဇာတ်ကားမျိုးပါ။BluRay Quality ထွက်ရှိထားလို့ HEVC Quality နဲ့ အကောင်းဆုံး ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(2.2 GB) / (900 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nu Mon
movie
The Bodyguard from Beijing: The Defender (1994)
1994
1080p HEVC
4.8
DOA: Dead or Alive (2006)
DOA: Dead or Alive (2006) --------------------------- ၂၀၀၆ခုနှစ် အင်တာနက်တွေ သိပ်ခေတ်မထခင်တည်းကကျွန်တော်တို့ စီဒီတွေ ဒီဗီဒီခွေတွေနဲ့ ကြည့်ခဲ့တဲ့ရတဲ့ဖိုက်တာဇာတ်လမ်းလေးပါပဲ. အတော်များများလဲ မှတ်မိကြမယ်ထင်ပါတယ်..မင်းသမီးဖိုက်တာဆိုတာ ဒါမျိုးလို့ဆိုရလောက်အောင် အသေဖိုက် အသေလန်းခဲ့တာပေါ့ဗျာ...ဒီကားထဲမှာ မင်းသမီးကို ရဲတွေဝင်ဖမ်းတော့ ပင်တီဝတ်ပြရင်း လျှပ်တပြက်ဖိုက်ပြလိုက်တာ နောက်ဆုံးသေနတ်နဲ့ပေါင်ကြားချိန်ပြီး ဘော်လီဇစ်တပ်ခိုင်းလိုက်တဲ့ အက်ရှင်ခန်းဆို မျက်လုံးထဲက မထွက်တော့တာမျိုးပေါ့။ဇာတ်လမ်းအကျဉ်းကတော့..တကမ္ဘာလုံးက အတော်ဆုံးကိုယ်ခံပညာရှင်တွေကိုDOAလို့အမည်ရတဲ့ သိုင်းပြိုင်ပွဲတခုကနေ ဖိတ်ခေါ်ခဲ့ပါတယ်.တကမ္ဘာလုံးကို ကိုယ်ခံပညာရှင်ပေါင်းစုံကလဲဒီပြိုင်ပွဲကို စိတ်ဝင်စားကြတယ်. အဲ့ဒီတော့ လာရောက်ယှဉ်ပြိုင်ကြတာပေါ့. ဒါပေမယ့် အဲ့ဒီပြိုင်ပွဲရဲ့ မူမမှန်မှုတွေကိုတော့လာရောက်ယှဉ်ပြိုင်တဲ့ထဲက အချောအလှဖိုက်တာမလေးလေးယောက်က သတိထားမိပြီး ဖော်ထုတ်လိုက်တဲ့အခါမှာတော့...........။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Blake
movie
DOA: Dead or Alive (2006)
2006
6.9
All for the Winner (1990)
မင်းသားကြီးစတီဖင်ချောင်ရဲ့ IMDb Rating (6.9/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။အားစင်းဟာ ရိုးသားပြီး စိတ်ထဲထင်သလို လုပ်ချင်ရာလုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။သူ့ဦးလေးကတော့ ဟောင်ကောင်မှာ လူလည်လိုလို ကျင်လည်ကျက်စားနေတဲ့ လောင်းကစားသမားတစ်ဦးပါ။အားစင်းမှာ ထူးခြားတဲ့စွမ်းအားတစ်ခုက ဘယ်အရာကိုမဆို အလိုရှိရင် ထွင်းဖောက်မြင်နိုင်သလို စိတ်ပါရင် ရလဒ်တွေကိုပါပြောင်းလဲနိုင်သူပါ။ဒီအစွမ်းတွေကို လောင်းကစားဝိုင်းမှာ အသုံးပြုဖို့ သူ့ဦးလေးက ကြံစည်ပေမယ့် အားစင်းဟာ ကောင်မလေးတစ်ယောက်ကို ကြွေဆင်းပြီး သူ့ကိုမှ မမြင်ရရင် အားကုန် ပျော့ခွေနေတတ်တာကြောင့် အစွမ်းကို အမြဲမသုံးနိုင်ဘူးဖြစ်နေပါတယ်။ဒီအချိန်မှာပဲ ကမ္ဘာ့လောင်းကစားဖလားလုပွဲကို ကျင်းပဖို့ ဖြစ်လာရာမှာ လောင်းကစားလောကက ဂျင်တွေနဲ့ အားစင်းတို့တူဝရီး ဘယ်လိုတွေ အားပြိုင်ကြမလဲ.....အချစ်ကိုမမြင်ရရင် ပျော့ခွေနေတတ်တဲ့ အားစင်းရဲ့အစွမ်းတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ...။ File size…(900 MB) and (500 MB) Quality…DVD-Rip Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thu Rein Zaw
movie
All for the Winner (1990)
1990
7.2
The Legend (1993)
fong sai yukဂျက်လီရဲ့ဟောင်းနေပေမဲ့ကောင်းနေဆဲဇတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်rating ကလည်းအလန်းကြီးဆိုတော့အထွေးအထူးပြောစရာမလိုတော့ပါဘူးဇတ်လမ်းကတော့တရုတ်ပြည်ကိုမန်ချူးတွေကျူးကျော်စဉ်ကတရုတ်တော်လှန်းရေးသမားတွေဟာမန်ချူးတွေကိုရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ပါတယ်အဲဒီထဲမှာမြို့မျက်နှာဖုံးဖြစ်တဲ့ဖွန်စိုင်ယုရဲ့အဖေလည်းအပါအဝင်ပါပဲမန်ချူးတပ်တွေဖွန်စိုင်ယုရဲ့အဖေအကြောင်းသိသွားတဲ့အခါမှာအဖေကိုအထိအခိုက်မခံနိုင်တဲ့ဖွန်စိုင်ယုတစ်ယောက်အဖေကိုဘယ်လိုကာကွယ်မလဲတော်လှန်ရေးသမားစာရင်းတွေကိုကောမပေါက်ကြားအောင်လူငယ်လေးဖွန်စိုင်ယုဘယ်လိုကာကွယ်မလဲစိတ်ဝင်တစ်စားစောင့်ကြည့်ရမှာပါဖွန်စိုင်ယုအဖြစ်ဂျက်လီကအကောင်းဆုံးသရုပ်ဆောင်ထားပြီးမန်ချူးဘက်တော်သားအဖြစ်တရုတ်နာမည်ကျော်မင်းသားvincent zhaoကအကောင်းဆုံးသရုပ်ဆောင်ထားပါတယ်ဒီဇတ်ကားလေးဟာကြာပြီဆိုပေမဲ့အကောင်းဆုံးဘလူးရေးကွာလတီကိုရှာကြံဒေါင်းပြီးပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်ဂျက်လီရဲ့အကောင်းဆုံးကွန်ဖူးအက်ရှင်တွေနဲ့အတူအားလုံးအကြိုက်တွေ့ကြမှာပါစိတ်မကောင်းစရာတစ်ခုကဒီဇတ်ကားဟာအပိုင်း၂အဖြစ်နောက်ထပ်တစ်ကားထပ်ထွက်ခဲ့ပေမဲ့ဘလူးရေးကွာလတီကတော့ကျွန်တော်လည်းရှာမတွေ့ပါဘူးအဲဒါကြောင့်အပိုင်း၂ကတော့ထပ်တင်ဖို့မသေချာပါဘူးကြိုက်တဲ့သူများရင်တော့တင်ဖို့ကြိုးစားသွားမှာပါလောလောဆယ်တော့ဒီကားလေးနဲ့အတူသိုင်းလောကကိုခဏလောက်အလည်သွားလိုက်ကြပါစို့လို့ပဲQty - 720p BlurayDuration - 1hr 50minSubtitle - MyanmarTranslator - Soe HtweEncoder - Kyaw Ye Aung
movie
The Legend (1993)
1993