Channel Myanmar

Christo Tomy

Ullozhukku (2024) 7.9
Ullozhukku (2024) Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ)IMDb - 7.9/10ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေ အကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားက ခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကို မျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့ မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်က အန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာ မွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင် သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက် ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီး မထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 660MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Ullozhukku (2024)

2024
Curry & Cyanide: The Jolly Joseph Case (2023) 6,7
Curry & Cyanide: The Jolly Joseph Case (2023) Curry & Cyanide - The Jolly Joseph Case (2023) ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု IMDb - 6.7/10 Documentary ဇာတ်လမ်းတွေကို သဘောကျတဲ့CMပရိသတ်တို့အတွက် အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ၂၀၁၉ ခုနှစ်က Koodathayi Cyanide Killings(ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု)ဆိုပြီး အိန္ဒိယတစ်ခွင်မှာ ဖိန့်ဖိန့်တုန်သွားစေတဲ့ Netflixဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်ပြီး အတော်လေးဂယက်ရိုက်သွားတဲ့အတွက် ဒီအကြောင်းကို ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ ရိုက်ကူးထားတာတွေရှိခဲ့ပေမဲ့ အခုတစ်ခါမှာတော့ မတူညီတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ Netflix version လေးကို ရှုစားကြည့်ကြပါဦး။2019 ခုနှစ် အောက်တိုဘာလ နံနက်ခင်းဝေလီဝေလင်းအချိန်၊ အိမ်တိုင်းမှာ လူတိုင်းတောင်မနိုးထသေးတဲ့ ဒီအချိန်မှာ ကူဒါသာရီဆိုတဲ့မြို့လေးမှာတော့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ကြီး ဖြစ်သွားပါတယ်။ လူအများကလေးစားရတဲ့ လူတိုင်းနဲ့အဆင်ပြေတဲ့ နည်းပညာတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့မိသားစုဝင် ၆ ယောက်ကို Cyanide လို့ခေါ်တဲ့ အဆိပ်ပြင်းတစ်မျိုးနဲ့ သတ်ခဲ့တဲ့ လူသတ်တရားခံအဖြစ်နဲ့ ...
movie

Curry & Cyanide: The Jolly Joseph Case (2023)

2023