Channel Myanmar

Billy Tang Hin-Shing

Do the World Darts 10 (2007) 5.7
Do the World Darts 10 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဝမ်ကျန့်ဝေးနဲ့ဖေးယန့်ဟာ နောက်ဆုံးတော့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ သူတို့ရဲ့မင်္ဂလာပွဲကိုစည်စည်ကားကားကျင်းပနေတဲ့အချိန်မှာ တော်ဝင်လျှို့ဝှက်အမိန့်တော်ရောက်လာခဲ့ပါတယ်။ ဂျပန်ပင်လယ်ဓားပြတွေဟာ ဂျိုဆွန်းပြည်ကိုဝင်ရောက်ကျူးနေတာကြောင့် ဂျိုဆွန်းဘုရင်ဟာ မင်တိုင်းပြည်ကိုအကူအညီတောင်းလိုက်တဲ့အတွက် မင်ဘုရင်ကြီးက ဂျိုဆွန်းကိုကူညီမယ့် အမြှောက်ကြီး(၁၀)လက်ကို ထျန်းရှန်ပို့ဆောင်ရေးလုပ်ငန်းကိုတာဝန်ပေးလိုက်တာပဲဖြစ်ပါတယ်။ထျန်းရှပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်တွေဟာ အမြှောက်တွေကို လက်လွှဲယူမယ့်ရွာလေးကိုရောက်တော့ သူတို့ဟာနောက်ကျသွားခဲ့ပါပြီ...... ဒါဟာထျန်းရှပို့ဆောင်ရေးလုပ်ငန်းအတွက် အန္တရာယ်အများဆုံးနဲ့ အရေးကြီးဆုံးတစ်ခုတာဝန်ဖြစ်လာပါတော့တယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 10 (2007)

Do the World Darts 9 ( 2007 ) 5.7
Do the World Darts 9 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 9 ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါမင်းကြီးကြိုက်နှစ်သက်ဆုံး ခုနှစ်စဉ်ကြယ်မင်သွေးတုံးကို နယ်ကနေ နန်းမြို့တော်ကို တာဝန်ယူပို့ပေးရတဲ့ ဟွေ့ယိုပို့ဆောင်းရေးက လမ်းခုလတ်မှာ ဓားပြတွေဆီကနေပစ္စည်းအလုခံလိုက်ရပါတယ် ။ဒီကိစ္စကို ဒေသခံရုံးတော်ကသိသွားတော့ အထက်ကိုမပေါက်ကြားခင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းဖို့လုပ်ခဲ့ပါတယ်။ ပို့ဆောင်ရေးက လူတွေကို၇ရက်အတွင်းပစ္စည်းမပို့ဖို့နဲ့ သတင်းကိုလည်းအပြင်ကို မပေါက်ကြားဖို့မိန့်ကြားခဲ့ပါတယ် ။ ဒီလိုအမိန့်ကိုလက်မခံနိုင်တဲ့ ဝမ်ကျန့်ဝေးတစ်ယောက် ရုံးတော်မှာအစ်ကိုလီကိုသွားရှာပြီ းမေးမြန်ခဲ့ချိန်မှာတော့ ဓားပြတွေက ပစ္စည်းနဲ့ ရုံးတော်ကဖမ်းထားတဲ့ ထူအိမ်တော်ရဲ့ တတိယသားကိုလဲလယ်ဖို့ချိန်းခြောက်စာပို့ထားတာကိုသိသွားခဲ့ပါတယ် ။ဒီလိုနဲ့ ဝမ်ကျန့်ဝေးတစ်ယောက် ဓားပြတွေကြီးစိုးတဲ့နယ်မြေက မိတ်ဆွေဟောင်းကိုသွားရှာပြီး ဓားပြတွေကိုရင်ဆိုင်ဖို့လုပ်ပါတော့တယ် ။ ကဲ ဓားပြတွေကိုရင်ဆိုင်ရင်း ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ? နောက်ကွယ်မှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိစောင့်ကြည့်ဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Do the World Darts 9 ( 2007 )

Do the World Darts 8 ( 2007 ) 5.7
Do the World Darts 8 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၈ ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီတစ်ခေါက် CMကတင်ဆက်ပေးမှာကတော့ ထျန်းရှပို့ဆောင်ရေးအဖွဲ့ အစည်းသခင်ငယ်ဖြစ်တဲ့ ဝမ်ကျန့်ဝေးက စီးပွားရေးသူဌေးတစ်ယောက်ဖြစ်တဲ့ ကွမ်ချင်းရှန်းရဲ့ ထန်ခေတ်အမျိုးသမီးပိုးချည်ပြင်ပန်းချီပို့ဆောင် ကာကွယ်ရေးအလုပ်ကိုလက်ခံခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီပန်းချီဟာ ထန်ခေတ်နာမည်ကျော်ပန်းချီတစ်ခုဖြစ်ပြီး ဒီပန်းချီကိုမကောင်းသူတွေမျက်စောင်းထိုးမှာစိုးလို့ ကွမ်ချင်းရှန်းက ပန်းချီပြပွဲကျင်းပပြီး အလျင်အမြန်ရောင်းထုတ်ချင်ခဲ့တယ် သိုင်းလောကနာမည်ကျော်ဓားပြဖြစ်တဲ့ အမြီးကိုးချောင်းမြေခွေးလဲ ဒီပန်းချီကိုမျက်စောင်းထိုးခဲ့လေရာ ဖေးယန့်ကလက်ခံဖို့တွန့်ဆုတ်ခဲ့ပေမဲ့ ဝမ်ကျန့်ဝေးကအတင်းလက်ခံခဲ့တယ် အဲ့ဒီနောက်မှာတော့ကွမ်ချင်းရှန်းအိမ်တော်မှာ ဓားပြရန်ကာကွယ်ဖို့အတွက် ထောင်ချောက်မျိုးစုံ ပြင်ဆင်ခဲ့တယ် ဒါပေမဲ့ ပန်းချီက နောက်ဆုံးမှာအခိုးခံလိုက်ရလို့ ပန်းချီကိုပြန်ရအောင်ကြိုးစားရင်းက လိမ်ညာမှုကြီးတစ်ခုကို တွေ့ရှိခဲ့ကြပေတယ်ဒီဇာတ်လမ်းလေးမှာ ဝမ်ကျန့်ဝေးတို့က ဘယ်လိုလိမ်ညာမှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK  
movie

Do the World Darts 8 ( 2007 )

Do the World Darts 7 ( 2007 ) 5.7
Do the World Darts 7 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက 7 ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါမင်မင်းဆက်ခေတ်အတွင်းမှာ မြို့တော်မှ ထျန်းရှပို့ဆောင်ရေးရဲ့ သခင်လေးဝမ်ကျန့်ဝေးကို ကျန့်ယွမ်စစ်သူကြီး ချန်ကျန့်နန်က အလုပ်အပ်ခဲ့ပါတယ်။ အလုပ်ကတော့ စစ်သူကြီးရဲ့ သမီးဖြစ်သူ ယင်ယင်နဲ့ ပေချီမင်းသားအိမ်တော်မှ တင်တောင်းလက်ဆောင်သေတ္တာကို နယ်စပ်ကို ကာကွယ်ပို့ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။နယ်စပ်မှာရှိနေတဲ့ ပေချီမင်းသားက သူ့သားတော်နဲ့ ယင်ယင်ကို လက်ထပ်ပေးဖို့ ပြောထားပြီးသား ဖြစ်နေပါသတဲ့။ ဒါပေမဲ့ ချန်ကျန့်နန်က သူ့သမီး ယင်ယင်သာ ဒီကိစ္စကို သိရင် နယ်စပ်ကို ထွက်ခဲ့မှာ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် သမီးကို သတိရတယ်လို့ အကြောင်းပြပြီး ခေါ်ခဲ့ပါတယ်။နောက်နေ့မှာ ပို့ဆောင်ရေးအဖွဲ့က ခရီးစဉ်ကို စတင်ပါတော့တယ်။ ဖေးယန့်ကလည်း ငယ်စဉ်ကတည်းက ယင်ယင်နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့အတွက် အတူတူလိုက်ပါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့နဲ့အတူ စစ်သူကြီးရဲ့ လက်အောက်ဖြစ်သူဒုတပ်မှူးလီဖုန်းလည်း လိုက်ပါလာခဲ့ပါတယ်။ စစ်သည်တွေနဲ့ ဒုတပ်မှူးလည်း လိုက်ပါလာတဲ့အတွက် ဝမ်ကျန့်ဝေးတို့အတွက် ပေါ့ပါးနေသလို ဖြစ်နေပါတယ်။ဒါပေမဲ့ တကယ်တော့ ဒီလောက်မလွယ်ပါဘူး။ ခရီးထွက်ပြီး သိပ်မကြာခင်မှာပဲ သူတို့ဟာ ဓားပြတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဓားပြတွေက ...
movie

Do the World Darts 7 ( 2007 )

Do the World Darts 6 (2007) 5.8
Do the World Darts 6 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့် ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့ သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့် ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာ သူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာ ဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့ လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့် လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ...... အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ....... အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့ အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 6 (2007)

Do the World Darts 4 ( 2007 ) 5.8
Do the World Darts 4 ( 2007 ) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက လေးကားမြောက်ဖြစ်ပါတယ် အရှေ့သုံးကားကိုတင်ဆက်ပြီးဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီ ဇာတ်ကားမှာတော့ ပို့ဆောင်ရေးလောကမှာ အလုအယက် အတိုက်အခိုက်တွေ ရပ်စဲဖို့အတွက် စီရင်စုအရာရှိမင်းက ပို့ဆောင်ရေးပြိုင်ပွဲကြီး ကျင်းပမယ်လို့ ကြေညာလိုက်တယ်…ဒီလိုနဲ့ ထျန်းရှပို့ဆောင်ရေးကလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာပေါ့… ဒါပေမယ့် ဒီလောကကို လက်ဝါးကြီးအုပ်ချင်တဲ့ ရှန်ကျိုးပို့ဆောင်ရေးလည်း ရှိနေတယ်…ရှန်ကျိုးပို့ဆောင်ရေးက အမြတ်ရဖို့အတွက်ဆို ဘာမဆို လုပ်တဲ့ ပို့ဆောင်ရေးဖြစ်တာကြောင့် သူဟာ ပြိုင်ပွဲမှာ အနိုင်ရအောင် ဘယ်လို ကလိမ်ကျမလဲ? ထျန်းရှပို့ဆောင်ရေးကရော ကျော်လွှားနိုင်ပါ့မလား?ဆိုတာကို စိတ်ဝင်တစားဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu Encoded by LK   
movie

Do the World Darts 4 ( 2007 )

Do the World Darts 2 (2007) 5.8
Do the World Darts 2 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ဒုတိယမြောက်ကားဖြစ်ပါတယ်၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဒီ အပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနှင့် ရှန်ရုံတို့နှစ်ယောက်က လွန်ခဲ့တဲ့၂၅နှစ်က လုံချီနန်းတွင်းစစ်တပ်မှာ ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အချင်းချင်းတိုင်းပြည်သစ္စာဖောက်လို့ အထင်လွဲပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြတယ်ဒီလို သူတို့နှစ်ယောက်တိုက်ခိုက်နေတုန်းမှာပဲ ရှန်ရုံက ထူးဆန်းစွာနဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ် အဲ့နောက်မှာတော့ ဝမ်ကျောက်ရှင်းက ရှန်ရုံကိုသတ်တယ်ဆိုပြီးစွပ်စွဲခံရလို့ ထွက်ပြေးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းရဲ့သားဖြစ်တဲ့ဝမ်ကျန့်ဝေးနဲ့ ရှန်ရုံရဲ့သမီးဖြစ်တဲ့ရှန်ဖေးယန့်တို့က ပူးပေါင်းပြီး တရားခံအစစ်ကိုရှာဖွေဖော်ထုတ်ကြတဲ့ ပုံပြင်လေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းမှာ ဝမ်ကျောက်ရှင်းက စွပ်စွဲခံရမှုကို ဘယ်လိုဖြေရှင်းပြီးဝမ်ကျန့်ဝေးနဲ့ရှန်ဖေးယန့်တို့က တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Encoded by LK  
movie

Do the World Darts 2 (2007)

Do the World Darts 1 (2007) 5.8
Do the World Darts 1 (2007) The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ပထမဆုံးကားဖြစ်ပါတယ်။၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိတယ်။ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးရဲ့သားဖြစ်သူ ဝမ်ကျန့်ဝေးဟာ ပို့ဆောင်ရေးလုပ်ငန်းကို ထျန်းရှဆိုတဲ့နာမည်နဲ့ မြို့တော်မှာသွားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ချင်ခဲ့တယ်။ အဲဒါကြောင့် ဇာတိကနေ မြို့တော်ကိုတစ်ယောက်ထဲထွက်လာပြီး ထျန်းရှပို့ဆောင်ရေးလုပ်ငန်းကိုစတင်ဖို့ကြိုးစားပါတယ်။ဖြစ်ချင်တော့ မြို့တော်ကဒိတ်ဒိတ်ကျဲ ရှန်သခင်မလေးနဲ့တွေ့ပြီးသူ့ရဲ့ ပထမဆုံးပစ္စည်းပို့တဲ့အလုပ်ကိုလက်ခံခဲ့တယ်။ ဒီပထမဆုံးပို့ဆောင်ရေးအလုပ်ကလဲ သူ့ရဲ့ထျန်းရှပို့ဆောင်ရေးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။လမ်းခရီးတစ်လျှောက်မှာ လုယက်သူတွေ တိုက်ခိုက်နှောက်ယှက်သူတွေအများကြီး ကြုံလာရတော့ သူပို့ပေးရမယ့် ပစ္စည်းဟာသာမန်မဟုတ်မှန်း တဖြည်းဖြည်းသတိထားမိလာခဲ့တယ်။ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူ့ရဲ့ပထမဆုံးအလုပ်ကို အောင်မြင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Do the World Darts 1 (2007)

The Prequel of Gold Convoyers 9 : An Ultimate Task ( 2010 ) 5.6
The Prequel of Gold Convoyers 9 : An Ultimate Task ( 2010 ) ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဆရာတူညီမလေးကျင်းကျင်းသေသွားတော့ ကူဖျင်အန်းကိုချစ်မိနေတဲ့ဝမ်ကျောက်ရှင်းဟာ အနာဂတ်မရှိတဲ့ ကိုယ်ရံတော်တပ်ကိုစိတ်ကုန်ပြီး ကိုယ်ရံတော်တပ်ကထွက်ပြီး အချစ်နဲ့အတူသာမန်ဘဝလေးမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်။အဲဒါကြောင့်သူ့မွေးစားအဖေကိုအသိပေးဖို့ မြို့တော်ကိုသွားတဲ့အချိန်မှာ သူ့ကိုနောက်ဆုံးတာဝန်တစ်ခုပေးအပ်လိုက်တယ်။ တိုင်းတစ်ပါးကစစ်ရှုံးပြီး အညံ့ခံလာတဲ့စစ်သူကြီးတစ်ယောက်ကိုစောင့်ရှောက်ပြီး စစ်မက်ရေးရာဌာနကိုပို့ပေးဖို့ပါ။ ဘယ်သူထင်မထားမလဲ မြို့အဝင်တံခါးမကြီးကနေ စစ်မက်ရေးရာဌာနကိုသွားတဲ့လမ်းတစ်လျှောက်မှာ အန္တရာယ်တွေအထပ်ထပ်ကြုံရမယ်လို့ပေါ့။တစ်နေ့တာအတွင်း အန္တရာယ်အထပ်ထပ်ကိုကျော်ဖြတ်ပြီး စစ်မက်ရေးရာဌာနကိုရောက်အောင်ပို့ပေးဖို့ကြိုးစားတာကို သဲထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။ Quality : HDTV 720p Format : mp4 Genres : Drama , Action  Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Prequel of Gold Convoyers 9 : An Ultimate Task ( 2010 )

The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong ( 2010 ) 5.7
The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong ( 2010 ) ဒါကတော့ The Prequel of Gold Convoyers ရဲ့(၈)ကားမြောက်ကားပဲဖြစ်ပါတယ်။စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ ဂျပန်ဓားပြတွေက တဖြည်းဖြည်း တိုးများလာပြီး မြောက်ပိုင်းလျောင်တုန်းမှ တောင်ပိုင်း မင်ယွဲ့ကမ်းစပ်တစ်လျှောက် ဂျပန်ဓားပြတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုခံနေရပါတယ်။ ဂျပန်ဓားပြတွေ မင်တိုင်းပြည်နယ်မြေကို ကျူးကျော်နေတဲ့အချိန်မှပဲ ဂျပန်ပြည်တွင်းစစ်ကလည်း အလွန်ဆိုးရွားနေပါတယ်။ဖျင်အန်းပို့ဆောင်ရေးမှ ဂူဖျင်အန်းတို့ဟာ လျောင်တုန်းကို ပို့ဆောင်ရေးအတွက် ရောက်လာပါတယ်။ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဖြစ်တဲ့ ဝမ်ကျောက်ရှင်းဟာ ဟန့်လင်ရွာအနီးကို တာဝန်​ထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ ဂျပန်ဓားပြတွေ လုံကျိုးဖက်က ဝင်ရောက်လာပြီးနောက်မှာတော့ မင်တိုင်းပြည်နဲ့ ဂျိုဆွန်နယ်စပ်ကို ကျူးကျော်နေခဲ့ပြီး မင်တိုင်းပြည်ရဲ့ တတိယအဆင့်ရှိ ပွဲတော်သဘင်ဝန် ကုန်းအန်းဖူဟာ ဂျိုဆွန်က အပြန်လမ်းမှာ ဂျပန်ဓားပြတွေနဲ့တွေ့ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ကိုယ်ရံတော်တပ်ခေါင်းဆောင်က ဝမ်ကျောက်ရှင်းကို ကုန်းအန်းဖူကို တွေ့အောင်ရှာပြီး လျောင်ယန်ကို ပို့ဆောင်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ဒုက္ခသည်တွေက အကူအညီတောင်းတာကို ကုန်းအန်းဖူက မျက်ကွယ်ပြုခဲ့လို့ ဂူဖျင်အန်းက ဒုက္ခသည်တွေကို လျောင်ယန်ကို အခမဲ့ပို့ဆောင်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လဲ လမ်းတစ်လျှောက် ဂျပန်နင်ဂျာတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ဂူဖျင်အန်းတို့တတွေ လျောင်ယန်ကို လုံခြုံစွာပြန်ရောက်ပါ့မလား...... လမ်းတစ်လျှောက်လိုက်လာတဲ့ နင်ဂျာတွေကရော ဘာကိုလိုချင်လို့ လိုက်နေကြသလဲ...... အတွေးအခေါ်ခြင်း ...
movie

The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong ( 2010 )

The Prequel of Gold Convoyers 7: A Supernumerary Candidate ( 2010 ) 5.7
The Prequel of Gold Convoyers 7: A Supernumerary Candidate ( 2010 ) ဒါကတော့ The Prequel of Gold Convoyers ရဲ့(၇)ကားမြောက်ကားပဲဖြစ်ပါတယ်။စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းတို့ပို့ဆောင်ရေးအဖွဲ့ဟာ ဆားဂိုဏ်းဂိုဏ်းချုပ်ကြီးအပ်တဲ့ပစ္စည်းကိုပို့ရတာပဲဖြစ်ပါတယ်။ ရှေးခေတ်မှာ ဆားကိုတရားမဝင်ရောင်းဝယ်တဲ့သူဟာ အပြစ်တော်တော်ကြီးပါတယ်။ဆားဂိုဏ်းဆိုတာကတော့ ဆားမှောင်ခိုအရောင်းအဝယ်အားလုံးထိန်းချုပ်ထားတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး အရမ်းကိုချမ်းသာပါတယ်။ ဘုရင်ကဆားရောင်းဝယ်တာတွေကိုပြန်စီမံမယ်ဆိုတော့ စံပြနမူနာအနေနဲ့ ဆားဂိုဏ်းဂိုဏ်းချုပ်တူဝရီးကိုအရင်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ဝမ်ကျောက်ရှင်းက ဆားဂိုဏ်းကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်နေတဲ့အတွက် ဆားဂိုဏ်းဂိုဏ်းချုပ်ဖမ်းဆီးဖို့စစ်ဆင်ရေးမှာ သူပါပါဝင်ရတော့တာပေါ့။နဂါးတော်ဝင်တပ်ရဲ့ရန်အပြင် အတွင်းရေးပဋိပက္ခတွေပါရှိနေတဲ့ ဆားဂိုဏ်းဟာ ဘယ်လိုအဆုံးသတ်သွားမလဲ။ ဝမ်ကျောက်ရှင်းတို့အဖွဲ့ဟာ ဒီတာဝန်ကိုရောဘယ်လိုအောင်မြင်အောင်လုပ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော်။ Quality : HDTV 720p Format : mp4 Genres : Action , Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Prequel of Gold Convoyers 7: A Supernumerary Candidate ( 2010 )

The Prequel of Gold Convoyers 6: A Fearful Crisis ( 2010 ) 5.7
The Prequel of Gold Convoyers 6: A Fearful Crisis ( 2010 ) အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်ဒီတစ်ခါမှာတော့ ယိုယွိနယ်စပ်မှာစစ်ပွဲပြင်းထန်နေတဲ့အကြောင်းအမှုကို အခြေခံထားတယ်။ယိုယွိနယ်စပ်မှာ စစ်ပွဲပြင်းထန်နေပြီး စားနပ်ရိက္ခာပြတ်လပ်နေတဲ့အချိန် ဖျင်အန်းပို့ဆောင်ရေးစခန်းက ရဲမက်တွေအတွက် စားနပ်ရိက္ခာပို့ဆောင်တဲ့ ခရီးကိုစတင်ခဲ့တယ်။ဒီလိုနဲ့စစ်သည်အင်အားမမျှ စားနပ်ရိက္ခာပြတ်လပ်နေတဲ့ ယန်အိမ်တော်တပ်ကို နန်းတော်ကအာဏာပါးကွက်ကြား မှူးမတ်တွေရဲ့မျက်ကွက်ပြုမှုပါခံထားရတယ်။ အဲ့အချိန်မှာ မြို့ထဲမှာကြွက်သေအမြောက်အမြားဖြစ်ပွားနေတဲ့ တချိန်တည်းမှာရန်သူတပ်ဘက်ကနေ အလောင်းကိုလွှင့်ပစ်လာတယ်။ဒီလိုအကျပ်ရိုက်နေတဲ့ယန်အိမ်တော်စစ်တပ် ဘယ်လိုတွေကြုံတွေ့လာရမလဲ။ ဒီကြွက်သေနဲ့ လူသေအလောင်းဘယ်လိုပတ်သက်နေလဲ။ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့ကကော ဘယ်လိုအမှုကိုဖော်ထုတ်ကြမလဲ။ ဒီ့ထက်ပိုစိတ်ဝင်စရာကောင်းတဲ့ အကြောင်းရာတွေကို သိချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းကိုဆက်လက်ကြည့်ရူအဖြေရှာကြည့်ရအောင် ~ Quality : HDTV 720p Format : mp4 Genres : Action , Drama Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Prequel of Gold Convoyers 6: A Fearful Crisis ( 2010 )

The Prequel of Gold Convoyers 5 : A Battle of Desert ( 2010 ) 5.7
The Prequel of Gold Convoyers 5 : A Battle of Desert ( 2010 ) အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီ အပိုင်း (၅) မှာတော့ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့က မြောက်ပိုင်းနယ်စပ်ကို ကုန်သည်အဖွဲ့တစ်ဖွဲ့ကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သည်အဖွဲ့က ဂိတ်က ထွက်သွားပြီး မိုင် (၂၀) အကွာမှာပဲ အကုန်ခေါင်းဖြတ်သတ် ဓားပြတိုက်ခံလိုက်ရပြီး ဟေးကျီတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပါတယ်။ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့က ဒီကိစ္စကို လိုက်လံ စုံစမ်းရန် နေခဲ့ပါတယ်။ ဝမ်ကျောက်ရှင်းရဲ့ ညီအစ်ကိုလို ခင်မင်ခဲ့တဲ့ သူငယ်ချင်းကောင်းရှန်က ယွဲ့ယာမြို့မှာ လူဆိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိထားခဲ့ပေမယ့် ကောင်းရှန်က လုံးဝ ပျောက်နေခဲ့ပါတယ်။အမှန်မှာတော့ ကောင်းရှန်က စစ်တပ်ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေအကြောင်းကို သက်သေရထားတဲ့အတွက် စစ်သူကြီး ထိန်ဖေးက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ယွဲ့ယာမြို့က လူဆိုးထိန်းဖေ့က ကောင်းရှန်နဲ့ ရင်းနှီးသူ ဖြစ်တဲ့အတွက် ကောင်းရှန်ကို မသတ်ဖို့ သူက စစ်သူကြီးထိန်ဖေးရဲ့ အမိန့်အတိုင်း လိုက်နာခဲ့ရပါတယ်။ ဒါပေမဲ့ ထိန်ဖေးရဲ့ လောဘတွေက မရပ်တန့်နိုင်ပဲ ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့ကို အပြတ်ရှင်းဖို့ ကြံစည်နေခဲ့ပါတယ်။လက်နက်ရော၊ ရေရော၊ အင်အားရော ထိန်းချုပ်ထားတဲ့ စစ်တပ်ကို ဝမ်ကျောက်ရှင်းနဲ့ ...
movie

The Prequel of Gold Convoyers 5 : A Battle of Desert ( 2010 )

The Prequel of Gold Convoyers 3: Confidence of Banking Stockroom ( 2010 ) 5.8
The Prequel of Gold Convoyers 3: Confidence of Banking Stockroom ( 2010 ) အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီတစ်ခါမှာတော့ အင်မတန်မှကပ်စေးကုတ်တဲ့ ချန်ယိုယွီကတော့နန်းတော်ငွေချောင်းတွေထိန်းသိမ်းတဲ့ မှတ်တမ်းရေးမှူးတစ်ယောက်ပေါ့။တနေ့မှာအထက်လူကြီးရဲ့မသမာတာကိုတွေ့သွားပေမဲ့ သူ့ကို အပြစ်ပုံချဖို့ကြိုးစားပါတော့တယ်။ သူ့ဇနီးနဲ့သားအန္တရာယ် ရောက်မှာကိုသိတာကြောင့် ပို့ဆောင်ရေးစခန်းကို ဌားပြီး ဇနီးနဲ့သားကိုလုံခြုံတဲ့နေရာဆီပို့ဆောင်ဖို့ကြိုးစားပါတော့တယ်။ကဲဒီတော့လမ်းခရီးမှာဘယ်လိုတွေဒုက္ခရောက်ကြမလဲ။ ဒီအမှုကိုဘယ်လိုဖြေရှင်းမလဲဆိုတာစိတ်ဝင်တစားကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Prequel of Gold Convoyers 3: Confidence of Banking Stockroom ( 2010 )

The Prequel of Gold Convoyers: An Urgent Letter ( 2010 ) 5.8
The Prequel of Gold Convoyers: An Urgent Letter ( 2010 ) စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် မင်ခေတ် ကျားကျင်လက်ထပ်မှာ ရှင်ဘုရင်က အရည်အချင်းမပြည့်ဝပဲ အာဏာရှိမူးမတ်တွေက တိုင်းပြည်ကိုပြန်ပြီးဒုက္ခပေးနေကြတယ်။ တိုင်းပြည်ဟာကမောက်ကမနဲ့ ခေတ်ပျက်တစ်ခုကိုရင်ဆိုင်နေရပါတယ်။ကိုယ်ရံတော်တပ်က ရှေ့ပြေးစာပို့သမားလေးတစ်ယောက်ဟာ ဖေးယွီစစ်ခန်းဆိုတဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေတာဝန်ယူရတဲ့တပ်ကိုဝင်ချင်ပေမယ့် သူ့ရဲ့သူတစ်ပါးကိုဂရုစိုက်တဲ့စိတ်ကြောင့် တာဝန်ကိုသာအဓိကထားရတဲ့ ဖေးယွီတပ်ထဲကိုဝင်ဖို့ခက်နေပါတယ်။တစ်နေ့မှာတော့ သူဟာဓားပြတွေကိုနှိမ်နင်းဖို့အတွက်အရေးကြီးတဲ့မြေပုံတစ်ခုကို အမြန်ပို့ဆောင်ရတဲ့တာဝန်ကျလာပါတယ်။ လမ်းမှာဓားပြတွေနဲ့တွေ့ပြီး ချောက်ကမ်းပါးအောက်ကျသွားပြီး ဒဏ်ရာရတော့ ပို့ဆောင်ရေးအဖွဲ့တစ်ခုကယ်လိုက်ပြီး သူ့ကိုစောင့်ရှောက်ပေးလာခဲ့ပါတယ်။ ဒီလိုနဲ့သူကစီးပွားရေးသမားယောင်ဆောင်ရင်း တာဝန်ကိုပြီးဆုံးအောင်ထမ်းဆောင်ဖို့ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားကတော့ The.Prequel.of.Gold.Convoyersရဲ့ပထမဆုံးကားပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

The Prequel of Gold Convoyers: An Urgent Letter ( 2010 )