Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Anna Rane
5.8
The Hangover Part III (2013) Part 3
The Hangover Part III (2013) IMDb Rating (5.8) / Rotten Tomatoes (20%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို ...
movie
The Hangover Part III (2013) Part 3
2013
6.3
Terminator Genisys (2015)
ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ...
movie
Terminator Genisys (2015)
2015
6.3
Knight and Day (2010)
Tom Cruise နဲ့ Cameron Diaz တို့ပါဝင်ထားတဲ့ဇာတ်ကားလေးပါ...နှစ်ယောက်လုံးက ဝါရင့်တွေပီပီ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှုသူအပေါင်းကို စိတ်ပါဝင်စားအောင် ဆွဲခေါ်သွားနိုင်ပါတယ်... ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် Action ကားကိုကြည့်မယ်ဆိုရင် အလိုက်ဖက်ဆုံးဇာတ်ကားပါ... Comedy Action ဆိုပေမယ့် IMdb Rating (6.3) ထိ ရရှိထားတာမလို့ ဘယ်လောက်ထိ ကြည့်ပျော်မယ်ဆိုတာ ခံစားကြပါဦး။ File size…(3.2 GB)/ (1.2 GB) Quality….BluRay Extended 1080p HEVC /720p Format…mkv/mp4 Duration….01:57:07 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Mugiwara Ya
movie
Knight and Day (2010)
Extended
5.9
The Great Wall (2016)
The Great Wall (2016)_____IMDb...5.9/10 (အက်ရှင်အလန်းစားနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်သည်နှင့်အညီ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့် ပြန်လည်တင်ဆက်ထားပါသည်....) Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ ...
movie
The Great Wall (2016)
2016
HEVC 1080p 6.1
8.2
There Will Be Blood (2007)
There Will Be Blood (2007)====================IMDb Rating - 8.2/10#Unicodeအချိန်ကာလက ၁၈၉၈ ခုနှစ်။ နယူးမက္ကစီကိုရဲ့ ကွင်းပြင်တွေအလည်က မိုင်းတွင်းတွေထဲမှာ ငွေသတ္တု ရှာဖွေနေသူ တစ်ယောက်ကို တွေ့ရတယ်။ ဇွဲနဲ့မာန်နဲ့ တူးနေတဲ့သူ့ရဲ့ လုံ့လအတွက် အဖိုးအခအနေနဲ့ ငွေသတ္တုရိုင်းတစ်ခဲကိုလည်း တွေ့ထားပြီးပြီ။ သူ့အလုပ် ပြီးပြီဆိုတော့ တွင်းပေါ်ပြန်တက်ဖို့ လုပ်တာပေါ့။ ဒါပေမဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး သူ့ဘယ်ခြေထောက်က ဆာသွားခဲ့တယ်။ ဒါပေမဲ့ မြေပြင်ပေါ်ကိုတော့ သူရအောင်ပြန်တက်နိုင်ခဲ့တယ်။ သူ့နာမည်က 'ဒန်နီယယ် ပလိန်းဗျူး' တဲ့။နှစ်ဆယ်ရာစုအစောပိုင်းကာလတွေမှာ လူမှုဘဝတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုအရ လောင်စာဟာ ရတနာပစ္စည်းတွေထက် ပိုတန်ဖိုးရှိလာတယ်။ ဒါကြောင့်လည်း ရေနံထွက်မယ်လို့ ယူဆကြတဲ့မြေပေါ်မှာ လူသားတွေဟာ ခြေချင်းလိမ် လာကြတယ်။ တစ်ကယ်တော့ ရေနံတူးဖော်မှုလုပ်ငန်းက အန္တရာယ်များတဲ့အလုပ်မျိုး။ အဲ့ဒီခေတ်ကာလအနေနဲ့ဆို ပိုဆိုးတာပေါ့။ မြေအောက်အလွှာထဲက အနက်ရောင် ရွှေရည်တွေကို မြေပြင်ပေါ်တင်ဖို့ဆိုတာ အန္တရာယ်များသလို စိန်ခေါ်မှုတွေလည်း ပြည့်နှက်နေတယ်။ ယနေ့ခေတ်လို ခေတ်မှီတူးဖော်ကိရိယာတွေ မရှိတဲ့အတွက် လူအား ကာယအားကိုသာ အသုံးချပြီး မြေအောက် ပေအတော်ကွာတဲ့ တွင်းထဲ ရှူစရာ လေလုံလုံလောက်လောက်မရှိ၊ ဓာတ်ငွေ့ နံ့တွေ လွှမ်းနေတဲ့ကြားထဲမှာ တူးဖော်ကြရတယ်။ ဒါတောင် လုပ်ငန်းခွင်အန္တရာယ်တွေဖြစ်တဲ့ တွင်းပြိုကျမှုတွေ၊ ဝန်မနိုင်ပဲ ပျက်စီးရာကနေ လူထိခိုက်မှုတွေ မပါသေးဘူး။ ဒါပဲလား၊ ...
movie
There Will Be Blood (2007)
2007
7.1
State of Play (2009)
State of Play(2009) IMDb....7.1,,,,Rotten....84% မိုးတဖွဲဖွဲကျပြီးတိတ်ဆိတ်နေတဲ့ Washington DCမြို့ရဲ့ ညတစ်ညမှာ လူတစ်ယောက် ကြောက်လန့်တကြားပြေးလွှားနေတယ်.....ညဟာအေးစက်နေပေမယ့် သူ့မျက်နှာပေါ်မှာ ချွေးစေးတွေပျံနှံနေသလို သူ့ဟန်မှာကြောက်လန့်နေပုံအထင်းသားပေါ်လွင်နေတယ်...သူပြေးလွှားပုန်းအောင်းနေပေမယ့် နောက်ယောင်ခံလိုက်လာတဲ့သူတွေ့ရှိသွားကာ ပစ္စတိုဖြင့်(၂)ချက်ဆင့်ပစ်ချခြင်းခံလိုက်ရသည်....ပီဇာပို့သည့်လူငယ်တစ်ယောက်ဟာလည်း တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွားရာနေရာကိုဖြတ်သွားမိသည်.. နောက်ယောင်ခံလိုက်လာသည့် လူမှာ ပီဇာပို့သမားဆီသို့ သက်သေဖျောက်သည့်အနေဖြင့် ဆက်လက်ပစ်ခတ်လိုက်သည်... နောက်တစ်နေ့မနက်တွင် ကောင်မလေးတစ်ယောက် ဘူတာရုံတွင် Suicide လုပ်ခဲ့သည်...ပြောရရင် (၂)ရက်အတွင်း အလောင်း(၃)လောင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်...ဒီ Suicide လုပ်သည့်အမျိုးသမီးမှာ လွှတ်တော်အမတ်တစ်ယောက်၏ ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်.....လွှတ်တော်အမတ်၏စေခိုင်းမှုကြောင့် ဒီအမျိုးသမီးမှာ အစိုးရ လက်နက်ကုမ္ပဏီတစ်ခုကိစ္စကိုစုံစမ်းနေခြင်းဖြစ်သည်.. မှုခင်းဖြစ်စဉ်အရ Suicide ဟုပြောဆိုနေပေမယ့် လက်နက်ကိစ္စစုံစမ်းခြင်းကြောင့်အသတ်ခံရတာလားဟုဆိုသောမေးခွန်းတွေကလည်းတစ်ပြုံတစ်ပင်ပင်ဖြစ်သည်.. ဒီဇာတ်ကားဟာ နိုင်ငံရေးပါဝင်တဲ့ Thriller ကားကောင်းတစ်ကားပါ...လွှတ်တော်အမတ်အဖြစ် Ben Affleck ကသရုပ်ဆောင်ထားပြီး သူ့ရဲ့ယုံကြည်ရတဲ့ သတင်းထောက်သူငယ်ချင်းအဖြစ် Russell Crowe ကြီးကသရုပ်ဆောင်ထားပါတယ်.....အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Rachel McAdams ,Helen Mirren , Robin Wright တို့လည်း ပါဝင်ထားလေတယ်... ကိုင်း ဘာကြောင့်လူတွေအသတ်ခံရလဲ ....လွှတ်တော်အမတ်ရဲ့ ဝန်ထမ်းအမျိုးသမီးကရော တကယ်ပဲ Suicide လုပ်ခဲ့တာလား...နောက်ကွယ်က ပြသနာတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့ သတင်းထောက်ကြီး Russell Crowe နဲ့အတူ နိုင်ငံရေးလောကထဲကအရှုတ်တွေကို ဝင်ရောက်စုံစမ်းထောက်လှမ်းကြည့်ရအောင်.... ------------------------------------------------------------------- မုိးတဖြဲဖြဲက်ၿပီးတိတ္ဆိတ္ေနတဲ့ Washington ...
movie
State of Play (2009)
2009
5.8
Journey 2: The Mysterious Island (2012)
Sean Anderson partners with his mom's boyfriend on a mission to find his grandfather, who is thought to be missing on a mythical island. File Size : (700 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 34min Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 720p DTS x264-3Li Translated by Myat Noe Wutt Yi Encoded by Thanhtike Zaw
movie
Journey 2: The Mysterious Island (2012)
2012
8.2
Warrior (2011)
Warrior (2011) IMDb - 8.2/10_____Rotten - 83% အရက်စွဲရာက ပြန်လည်နာလန်ထနိုင်ဖို့ ကြိုးစားနေတဲ့ Paddy Conlon (Nick Nolte) ဆီကို နှစ်ပေါင်းများစွာက ခွဲခွာသွားပြီး သူ့ကို စိတ်နာနေခဲ့တဲ့ မရိန်းတပ်သားဟောင်းဖြစ်တဲ့ Tommy Riordan(Tom Hardy) ရောက်လာပြီးကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ သမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ "စပါတာ"ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်။Paddy တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့လေ့ကျင့်ပေးရင်း နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်။Paddy မှာ Tommy လိုပဲ သူ့ကို အသိအမှတ်မပြုပဲ စိတ်နာနေတဲ့ Brendan Conlon (Joel Edgerton) ဆိုတဲ့ MMA ကစားသမား ဘဝကနေ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့ အိမ်ထောင်သည်သားတစ်ယောက်ရှိပါတယ်။Brendan ရဲ့ သမီးငယ်လေးအတွက် နှလုံးရောဂါကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ အိမ်ကို ဘဏ်ကသိမ်းဖို့ အခြေအနေတစ်ခုကြုံနေရပြီး အဲဒီပြသနာကို ဖြေရှင်းဖို့ ...
movie
Warrior (2011)
2011