Channel Myanmar

Abbas Kiarostami

24 Frames (2017) 6.8
24 Frames (2017) 24 Frames (2017)~ IMDb - 6.8/10, Rotten Tomatoes - 92% ~Abbas Kiarostami ရဲ့ 24 Frames က Experimental Film ဖလင်အမျိုးအစား။ သူမသေခင်နောက်ဆုံးရိုက်သွားတဲ့ လက်ရာလည်း ဟုတ်တယ်။ ရုပ်ရှင်လို့ပြောဖို့ထက် ဒီရုပ်ရှင်ကို ကြည့်ရတဲ့အရသာက ပန်းချီတစ်ချပ် ဓာတ်ပုံတစ်ပုံ အဲဒီလိုမျိုးဖြစ်ချင်ဖြစ်မယ်။ဒါပေမဲ့ အဲဒီထက်ပိုတဲ့အရာတစ်ခုတော့ရှိတယ်။ ကျွန်တော်တို့ပြတင်းပေါက်ကနေ အမြဲမြင်နေရမယ့် သစ်ပင်တွေကို မိုးဆင်းလို့ ယိမ်းနွဲ့နေတုန်း အရသာရှိရှိ ထိုင်ကြည့်လိုက်ရသလိုမျိုး... ကိုယ့်မြို့က တံတားကြီးတစ်စင်းပေါ်ကနေ ဖြတ်သွားဖြတ်လာတိမ်တွေကို ထိုင်ကြည့်နေရသလိုမျိုး... နေစောင်းလို့ တိမ်တွေအရောင်းပြောင်းတဲ့အခါ စိတ်ရှိလက်ရှိထိုင်ကြည့်နေရသလိုမျိုး အရသာမျိုးပေါ့။ဒိုင်ယာလော့မပါ၊ ဇာတ်လမ်းမပါ၊ အဖြစ်အပျက်မပါတဲ့ ဒီဇာတ်လမ်းမှာ အသေထားထားတဲ့ ဖရိန်တစ်ခုအောက် ငြိမ်သက်နေတဲ့အရာတွေ ရွေ့လျားနေတဲ့အရာတွေ သက်ဝင်နေတဲ့အရာတွေ သက်ငြိမ်နေတဲ့အရာတွေကို ဖမ်းယူထားတာတွေကိုချည်း သူတပ်ထားတဲ့ နံပါတ်အရတော့ ၂၄ဖရိန်တိတိပြထားတယ်။တံတားတစ်စင်းပေါ်က လှုပ်ခတ်နေတဲ့ရေပြင်... အဲဒီနောက်မှာ ညိုမွဲနေတဲ့တိမ်တွေ... ...
movie

24 Frames (2017)

2017
The Wind Will Carry Us (1999) 7.4
The Wind Will Carry Us (1999) The Wind Will Carry Us (1999)~ IMDb - 7.4/10, Rotten Tomatoes - 97% ~Abbas က ဝတ္တုတွေထက် ကဗျာတွေက ခံစားချက်အပေါ် သက်ရောက်မှုပိုများတယ်လို့ ယုံတဲ့လူမျိုးပဲ။ The Wind Will Carry Us ဆိုတဲ့ နာမည်ရော ဒီကားထဲက ကဗျာစာသားတွေကိုရော သူက ကဗျာတစ်ပုဒ်ကနေ ယူသုံးထားတယ်။ Poetic Cinema ဟာ ဇာတ်ကြောင်းပြောရုံသက်သက်ရုပ်ရှင်တွေထက် ခေတ်ရဲ့တိုက်စားမှုကို ခံနိုင်မယ်လို့ သူက ယုံခဲ့တယ်။ သူ့အိမ်က စာကြည့်ခန်းထဲမှာဆိုလည်း ဝတ္တုစာအုပ်တွေဟာ အသစ်ကျပ်ချွတ်လိုကိုဖြစ်နေတယ်တဲ့။ ဝတ္တုတွေကို သူတစ်ခါလောက်ပဲဖတ်ပြီး ဂျောင်ထိုးထားတာမလို့လို့ပြောတယ်။ သူ့ကဗျာစာအုပ်တွေဆို သူထပ်ခါထပ်ခါ ဖတ်လွန်းလို့ ထောင့်ဘက်တွေဆို ပြုတ်ထွက်နေပြီတဲ့။"ကဗျာက ကိုယ့်ဆီကနေ အမြဲထွက်ပြေးနေတယ်။ ဖမ်းဆုပ်ဖို့ ခက်တယ်။ ဖတ်လိုက်တိုင်း ကိုယ့်စိတ်အခြေအနေကိုမူတည်ပြီး ဖမ်းဆုပ်မိတဲ့အရာက တူမှာမဟုတ်ဘူး။ ...
movie

The Wind Will Carry Us (1999)

1999
Like Someone in Love (2012) 7.0
Like Someone in Love (2012)  Like Someone in Love ဇာတ်ကားဟာဆိုရင် မင်းသမီးချောRin Takanashi ပါဝင်သရုပ်ဆောင်ထားပြီး IMDb အနေနဲ့ကတော့ Rating - 7/10 ဆိုတဲ့အတွက်ကြောင့် Rating မြင့်တဲ့ Dramaကားကောင်းတစ်ကားလို့ဆိုရမယ့် ဇာတ်ကားဖြစ်ပါတယ်။IMDb Rating - 7.0/10 Rotten Tomatoes - 82%ကျေးရွာလေးတစ်ခုမှ အာကီဆိုတဲ့ မိန်းမချောလေးက တိုကျိုမြို့ကြီးကို ရောက်လာပြီး အလုပ်တစ်ဖက်ဖြင့် ကျောင်းတက်နေရပါတယ်။ ညဉ့်ငှက်မလေးအဖြစ်အလုပ်လုပ်နေရတဲ့ အာကီဟာ သံသယများတတ်လွန်းတဲ့ သူမချစ်သူကို အမှန်အတိုင်းဖွင့်မပြောပြနိုင်ခဲ့ချေ။ တစ်နေ့မှာတော့ အလုပ်လုပ်ရင်း မထင်မှတ်ဘဲ ပါမောက္ခကြီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ထို့နောက် သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုဟာ ဘယ်လိုရှုပ်ထွေးမှု့တွေဖြစ်ပြီး အဆုံးသတ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားကြပါတော့...။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Tartee ဖြစ်ပါတယ်) File size__( 900 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__7.0/10 Format__mp4 Duration__01:49:31 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tartee Encoded by Naing Aung Latt
movie


2012