Diego: The Last Goodbye (2021)


Synopsis:
Diego: The Last Goodbye (2021)
ဘောလုံးသမားတစ်ယောက်ဆိုတာထက်ပိုတဲ့လူ။ ဟုတ်တယ်ဗျ… ဒီယေဂို မာရာဒိုနာဆိုတဲ့လူကဘောလုံးသမားတစ်ယောက်ထက်ကို ပိုတဲ့…
အာဂျင်တီးနားနိုင်ငံရဲ့ အသည်းနှလုံး၊ သူ့အမေရဲ့အချစ်ဆုံးသား၊ ဘောလုံးလောကရဲ့ရှေ့ဆောင်။ ဒီလို ဂုဏ်ပုဒ်တွေများလွန်းပါတယ်ဗျာ။
လူတစ်ယောက်သေပြီးသွားတဲ့အခါ ဘာတွေများချန်ထားနိုင်မလဲ။ ဒီမေးခွန်းကအဖြေတွေကအများသား… ဒီယေဂိုကရော သေပြီးသွားတဲ့နောက်မှာ ဘာတွေများချန်ခဲ့နိုင်သလဲ၊ သူဘာတွေချန်ခဲ့နိုင်သလဲဆိုတာ မရေရာပေမဲ့ သူ့ကိုအသည်းနှလုံးထဲကမြတ်နိုးတဲ့လူတွေခင်ဗျာတော့ကြေကွဲခဲ့ရပါတယ်။ သူ့ရုပ်အလောင်းကို နှုတ်ဆက်ဖို့အတွက် လူပေါင်းများစွာ သမ္မတအိမ်တော်မှာ တန်းစီစောင့်ရာကနေ နှုတ်ဆက်ခွင့်မရလိုက်တဲ့အတွက် အဓိကရုဏ်းဖြစ်ခဲ့ရတဲ့အထိကို ဒီယေဂိုဟာ လွှမ်းမိုးနိုင်ခဲ့ပါတယ်။
မာရာဒိုနာဆိုတာ ဘောလုံးကိုတစွန်းတစကြားဖူးရင်တောင် ခေါင်းထဲမှာစွဲနေတတ်တဲ့ပုဂ္ဂိုလ်မျိုးမို့ သူ့ကို ချီးမွမ်းခန်းဖွင့်တာ ဒီမှာတင်ရပ်ပြီး ဇာတ်ကားအကြောင်းကိုဆက်ရအောင်။ ဒီ Documentary မှာတော့ ဒီယေဂိုရဲ့ ဘဝဇာတ်ကြောင်းမဟုတ်ဘဲ ဒီယေဂို မာရာဒိုနာဆိုတဲ့ လှိုင်းလုံးကြီးက အာဂျင်တီးနားနိုင်ငံလေးကို ဘယ်လောက်ထိရိုက်ခတ်နိုင်ခဲ့ကြောင်းနဲ့ သူ့မိသားစု သူ့ပတ်ဝန်းကျင်က လူတွေကို ဘယ်လောက်ထိ လွှမ်းမိုးနိုင်ခဲ့ကြောင်း လွမ်းတသသ ကြည့်ရှုရဦးပါမယ်။
ဒီယေဂို မာရာဒိုနာရဲ့အမေက သူ့သား ကမ္ဘာ့ဖလားယူနိုင်ခဲ့တုန်းက သူ့ကိုဖုန်းဆက်ပြောခဲ့ဖူးပါတယ်… သားက အမေ့ကို ကမ္ဘာပေါ်မှာအပျော်ဆုံးအမေဖြစ်အောင် လုပ်ပေးလိုက်နိုင်ပြီတဲ့လေ။
ဟုတ်ပါတယ်။ ဒါဟာ ဒီယေဂို မာရာဒိုနာဆိုတဲ့ လှိုင်းလုံးကြီးအကြောင်းပါပဲ။
(ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်)
Size – 1.8GB, 820MB
Quality – 1080p, 720p
IMDb Rating – 5.8/10
Format – mp4
Duration – 1H 29Min
Genre – Documentary
Subtitle – Myanmar Subtitle (Hardsub)
Translated by Murphy
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။