Detective Dee and Dragon Hidden Lair ( 2023 )


Synopsis:
စုံထောက်ကြီးဒီး(ဒီးရန်ကျယ်) ရဲ့ စွန့်စားခန်း အမှုစစ်ဆေးရေး ဇာတ်ကားတွေကို
ကြိုက်နှစ်သက်တဲ့ CM က ပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့
စွန့်စားခန်း ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ ။
ထန်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ အကျင့်သီလနဲ့ ပြည့်စုံတဲ့
မင်းကြီးနဲ့ ဘုရင်မကြီးတို့ကြောင့် လော့ယန်တစ်မြို့လုံး
စီးပွားလာဘ်လာဘတွေ တိုးတတ်ပြီး အေးအေးချမ်းချမ်းရှိနေခဲ့ပါတယ် ။ ဒ
ါပေမဲ့ တစ်နေ့မှာတော့ လော့ယန်မှာ ထူးဆန်းလှတဲ့ အမှုကိစ္စတွေက
ထွက်ပေါ်လို့လာခဲ့ပါတော့တယ် ။ ၎င်းကတော့ ပြည်သူတွေရဲ့
ရေကြောင်းစောင့်ကြပ်ရေးတပ်ဖွဲ့ဟာ မြစ်လည်ခေါင်မှာ အမည်မသိ
လူသတ်သမားရဲ့ သတ်ဖြတ်ခြင်းကို ခံရပြီး တစ်ဖွဲ့လုံးအသက်ရှင်ကျန်ရစ်သူမရှိ
သေဆုံးသွားခဲ့တာပါ ။ ပြည်သူတွေလဲ ဒီသတ်ဖြတ်မှုကြီးကြောင့်
ထိတ်လန့်တစ်ကြားဖြစ်နေပြီးတော့ တလီဘုရားကျောင်းတော်မှ
စုံထောက်ကြီးဒီးနဲ့ သူ့ရဲ့ အပေါင်းအပါတွေက ဒီအမှုကို စုံစမ်းဖို့ စတင်လုပ်ကိုင်ခဲ့ကြပါတယ် ။
သဲလွန်စ တစ်ခုခြင်းစီနောက်ကိုလိုက်ရင်း
❏ စုံထောက်ကြီးဒီးနဲ့ အပေါင်းအပါတွေ ဒီအမှုကြီးကို ဘယ်လိုတွေ ဆက်လက်စုံစမ်းမှာလဲ ?
❏ အမှုစုံစမ်းနေစဥ်အတွင်းမှာ ဘယ်လိုထူးဆန်း တုန်လှုပ်ဖွယ်ရာ အကြောင်းအရာတွေကို တွေ့ရှိရမလဲ ?
❏ စုံထောက်ကြီးဒီးတစ်ယောက် အဖြစ်မှန်ကို ရှာဖွေကာ
ထန်မင်းဆက်ကို ကယ်တင်နိုင်ပါ့မလားဆိုတာ ?
ဇာတ်ကားလေးကို စိတ်ဝင်တစားကြည့်ရှုလိုက်ရအောင်ပါနော် ။
(Reviewed By Chit Mya Mya Hmwe)
Quality : WEB-DL 1080p , 480p
Format : mp4
Genres : Adventure , Mystery
Runtime : 1h 3 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။