Exit print mode Print Data A+ A- Undo all

Despicable Me (2010)

Some call him bad. They call him dad.
Despicable Me (2010)Despicable Me (2010)

Synopsis:

Despicable Me (2010)
Genre – Animation, Adventure, Comedy
IMDB – 7.6/10

ဘနားနားလို့ခေါ်တဲ့ ပြည်သူ့အချစ်တော် Minion လေးတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ Animation လေး ဖြစ်ပါတယ်။ Gru နေရာ အသံသရုပ်ဆောင်ကတော့ ဟာသမင်းသားကြီး Steve Carell ဖြစ်ပြီး တခြားနာမည်ကျော်တွေပဲ သရုပ်ဆောင်ပေးထားကြပါတယ်။ ဇာတ်လမ်းလေးကတော့ Gru ဆိုတဲ့ အင်မတန်မှ စိတ်ပုပ်ပြီး ဉာဏ်ကောင်းတဲ့ ပါရမီရှင် သူခိုးကြီးတစ်ယောက်ဟာ သူ့ တပည့်ကျော် Minion တွေနဲ့အတူ ကမ္ဘာတစ်လွှား ဒုစရိုက်မှုတွေ ကျူးလွန်နေခဲ့ပါတယ်။ နောက်ဆုံးပြောရမယ်ဆို သူများထက် နဖူးဂျိုပေါက်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကိုပါ ခိုးချင်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း မဟာရန်ဖက်လို့ ပြောလို့ရတဲ့ Vector ဆိုတဲ့ကောင်ကလည်း သူလုပ်သမျှကို လိုက်လိုက်ပြီး ဖျက်လိုဖျက်ဆီးလုပ်နေတော့ Gru တစ်ယောက် ခွေးဖြစ်နေတာပေါ့။ ဒါနဲ့ မိဘမဲ့ကလေးမလေး ၃ ယောက်ကို အသုံးချပြီးတော့ သူ့ရဲ့ မဟာအကြံအစည်ကို အကောင်အထည်ဖော်ဖို့ လုပ်တဲ့အချိန်မှာပဲ မိဘမေတ္တာကို ငတ်မွတ်နေတဲ့ ကလေးလေး ၃ ယောက်နဲ့ အပြင်ပန်းအရ ရက်စက်နွေးထွေးမှုမရှိဘူးထင်ရပေမဲ့ တကယ်တမ်း စိတ်ထားကောင်းတဲ့ Gru ကြီးတို့ သံယောဇဉ်တွေ ပေါက်ဖွားပြီး ရန်သူတော်ထက်သာအောင် ဘယ်လိုမျိုးတွေ စွန့်စားသွားကြမလဲဆိုတာကို Minion တွေရဲ့ ပေါက်ကရနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီကနေစတင်လိုက်တာ ဘယ်လောက်အောင်မြင်သွားလဲဆိုတော့ Minion တွေရော သူတို့ရော Franchise လိုက်ကြီး ဖြစ်သွားပြီး ခုဆို ၄ ကားမြောက်ထိတောင် ထွက်ထားတာပဲ ဖြစ်ပါတယ်။

442

 

 

File size…    4.3 / 1.7 GB  /    928 MB
Quality… BluRay 4K / 1080p / 720p
Format… mp4
Duration…. 1h 35m
Genre ….. Drama / Family
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $69 000 000,00
Revenue
USD $543 284 256,00
Popularity
201.643
Status
Released
ID IMDb.com
tt1323594
IMDB Rating
7.6
ID Themoviedb.org
20352
TMDb Rating
7.244
TMDb votes
14805