ဒီတစ်ခါတော့ Netflix ကနေ ဇူလိုင်လ (၃)ရက်နေ့
ပူပူနွေးနွေး ထုတ်လွှင့်ပြသထားတဲ့ ဇာတ်လမ်းတစ်ခုကို
တင်ဆက်ပေးပါရစေ။
Desperados ဆိုတဲ့ ဇာတ်လမ်းလေးပါ။
နမူနာ ထွက်လာကတည်းက အတော်ခွီရမယ့်ကား ဆိုတာ
တော်တော်များများ သိထားကြမှာပါ။
တကယ် ပြတော့လည်း အဲဒီအတိုင်းပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့ အပျိုကြီးမမတစ်ယောက်
ယောကျာ်းလိုချင်ရာကနေ စတဲ့ဇာတ်လမ်းပါပဲ။
ဘဝကို ပေါ့ပေါ့ပါးပါး နဲ့ တလွဲတွေ ဖြတ်သန်းနေတဲ့
အပျိုကြီး မမတစ်ယောက်။
အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ အပျိုကြီး မမတစ်ယောက်။
အလုပ်အကိုင်လည်း အဆင်မပြေ၊ အချစ်ရေးလည်း
အဆင်မပြေ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တော့
စိတ်ဓာတ်တွေ အကြီအကျယ် ကျနေခဲ့ရတာပါ။
ဒီအချိန်မှာပဲ သူ့အတွက် လက်တွဲဖော်ကောင်းတစ်ယောက်နဲ့
ဆုံတွေ့ခဲ့ရပါတော့တယ်။
ဒီအမျိုးသားရှေ့မှာတော့ ဒီအမျိုးသားကို လက်မလွှတ်ရဖို့အရေး
သူက အိန္ဒြေကြီးတဲ့ အမျိုးသမီးအနေနဲ့ ဟန်ဆောင်ပါတော့တယ်။
ဒါပေမယ့် သူတို့ ရည်းစားဖြစ်ပြီး တစ်နေ့မှာတော့
သူ့ရည်းစားက ၅ ရက်လောက် ပျောက်သွားခဲ့ပါတယ်။
အပျိုကြီးက ပေါက်ကွဲပြီး ရည်းစားဆီကို
ဆဲရေးထားတဲ့ အီးမေးလ်တစ်စောင် ပို့လိုက်ပြီးတဲ့အချိန်မှာပဲ
ရည်းစားဆီက ဖုန်းဝင်လာပါတော့တယ်။
သူ့ရည်းစားက မက္ကဆီကိုမှာ မတော်တဆမှုဖြစ်ပြီး
ဆေးရုံရောက်နေတယ်လို့ သိရတဲ့အချိန်မှာ
မက္ကဆီကို ကို လိုက်ပြီး လက်ပတော့ထဲက အီးမေးလ်ကို
ဖျက်ဖို့ ကြိုးစားရပါတော့တယ်။
ဟာသကားတစ်ကား အနေနဲ့ တော်တော်လေး
ကောင်းတဲ့အပြင် အချစ်ကို ပုံဖော်သွားတာကလည်း
လှပတဲ့အတွက် တော်တော်များများ သဘောခွေ့မယ့် ဇာတ်ကားပါပဲ။
အချစ်အကြောင်းကတော့ စပွိုင်းသလို
ဖြစ်သွားမှာစိုးတဲ့အတွက် ကြည့်လိုက်ကြပါ။
IMDb – 5.2/10 ဆိုပေမယ့်
တော်တော်လေး Entertain ဖြစ်တဲ့ ကားတစ်ကားပါ။
File Size – 1.5 GB
Quality – Web-Dl 1080p
Subtitle – Burmese (hardsub)
Translator – August
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



























![[18+] The Girl Next Door (2004)](https://www.channelmyanmar.to/wp-content/uploads/2017/01/girl-1-228x300.jpg)




